ကွီးတို့က အားလပ်ချိန်တွေမှာ ဖုန်းဂိမ်းလေးတွေ ဆော့ပြီး အပန်းဖြေရတာ နှစ်သက်သူတစ်ယောက်လား? ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ Android ဖုန်းတွေအတွက် ဂိမ်း တွေကတော့ အမျိုးအစားစုံ ထောင်နဲ့ချီပြီး ရှိပါတယ်။ ဒီထဲကမှ ဆော့လို့ကောင်းတဲ့ အမိုက်စား ဂိမ်းလန်းလန်းလေးတွေကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ Android အတွက် ဂိမ်းလန်းလန်းလေးတွေ ရှာနေတဲ့ ကွီးတို့ကတော့ အခုပြောပြမယ့် ဂိမ်းလေးတွေကို ဆော့ကြည့်နိုင်ပါတယ်။

(၁) LotR: Heroes of Middle-earth

Source : The Lord of the Rings: Heroes of Middle-earth

LotR: Heroes of Middle-earth ဂိမ်းလေးကတော့ ဗျူဟာအသေးစားတွေပါတဲ့ gacha RPG ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ နတ်ဆိုးနဲ့မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ဖို့အတွက် ရုပ်ရှင်နဲ့ စာအုပ်တွေထဲက သူရဲကောင်းတွေကို ဆင့်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ တခြားသူတွေနဲ့ ယှဉ်ပြိုင်ကစားနိုင်မယ့် PvP Mode လဲပါပါတယ်။ Graphic ကောင်းကောင်းနဲ့ ဂိမ်းပုံစံမိုက်မိုက်လေးမှ ဆော့ကစားချင်တဲ့ ကွီးတို့ကတော့ Free To Play ကစားလို့ရမယ့် LotR: Heroes of Middle-earth ဂိမ်းလေးကို ဆော့ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၂) Paper Bride 4 Bound Love

Soure : Paper Bride

Paper Bride 4 Bound Love ကတော့ ထိတ်လန့်ဖွယ်ရာ ပဟေဋ္ဌိဂိမ်းလေး ဖြစ်ပြီး Paper Bride စီးရီးရဲ့ စတုတ္ထမြောက်ဂိမ်း ဖြစ်ပါတယ်။ Players တွေအနေနဲ့ ဂိမ်းတစ်လျှောက်လုံးမှာ Puzzles တွေ အများကြီးကို ဖြေရှင်းသွားရမှာ ဖြစ်ပြီး တရုတ်အက္ခရာကို မသိဘူးဆိုရင် ပိုပြီး စိန်ခေါ်မှု များစေမှာပါ။ ထိတ်လန့်ဖို့ကောင်းသလို ဦးနှောက်သုံးပြီး ပဟေဋ္ဌိတွေကို အဖြေညှိရမယ့် ဂိမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်။

(၃) Lost Words: Beyond the Page

Source : PID Games

Lost Words: Beyond the Page ဂိမ်းလေးကတော့ ဇာတ်ကြောင်းပြန်ပြောတဲ့ ဂိမ်းပုံစံတစ်ခုဖြစ်ပြီး အမျိုးမျိုးသော ပဟေဠိတွေကို အဖြေရှာရမှာပါ။ ဒိုင်ယာရီစာအုပ်ပေါ်က ပဟေဠိများစွာကို ဉာဏ်သုံးပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်က တကယ်တော့ Izzy လို့ခေါ်တဲ့မိန်းကလေးပိုင်တဲ့ ဒိုင်ယာရီစာအုပ် ဖြစ်ပါတယ်။ ဂိမ်းပုံစံက တော်တော်လေး ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပျော်စရာဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၄) Peridot

Source : Peridot

Peridot ကတော့ Niantic ကနေ နောက်ဆုံးထွက်ရှိထားတဲ့ အမိုက်စားဂိမ်းလေး တစ်ခုပါ။ Peridot လို့ခေါ်တဲ့ မှော်သတ္တဝါလေးက ဂိမ်းရဲ့အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ Pokemon Go နဲ့ Ingress ဂိမ်းတွေလို ပြင်ပလက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီး ဆော့ကစားရမယ့် လှုပ်ရှားမှုတွေ ပါပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်မှာဖြစ်တာကြောင့် Peridot ဂိမ်းလေးကိုလည်း Try ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Adventure Gamers