မိမိအတွက်သာမက မိမိရဲ့ လက်တွဲဖော်ကိုပါ စိတ်ကျေနပ်စေဖို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က အရေးကြီးတယ်လို့ အမျိုးသားအများစုက မှတ်ယူကြပါတယ်။ ကောင်းမွန်သော လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ပြုလုပ်နိုင်ဖို့ဆိုရင် စိတ်သွားတိုင်း ကိုယ်ပါစေဖို့ ကျန်းမာရေးက အရေးကြီးပါတယ်။ ကျန်းမာရေးလို့ဆိုရာမှာ အလုံးစုံသော ကျန်းမာရေးသာမက ကွီးတို့ညီလေးလည်း ကျန်းမာဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ သတိမထားမိဘဲ လုပ်မိနေတဲ့ အရာတွေက ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ရဲ့ ညီလေးကို မထိခိုက်စေချင်ရင် ချက်ချင်းပြင်ဆင်ရမယ့် အလေ့အကျင့်ဆိုးတွေကို ဝေမျှပေးချင်ပါတယ်။
ဆေးလိပ်သောက်ခြင်း
Photo : Verywell Health
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်တယ်ဆိုတာ ယေဘုယျအားဖြင့် ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ ဒါတင်မကသေးဘဲ ကွီးတို့ညီလေးကိုလည်း တိုက်ရိုက်ထိခိုက်စေတယ်ဆိုတာ သိပါသလား။ ဆေးလိပ်သောက်ခြင်းက လိင်တံဆီသို့ သွေးစီးဆင်းတဲ့ သွေးကြောများအတွင်း ဆေးလိပ်ငွေ့အမှုန်အမွှားများ ရောက်ရှိစေတာကြောင့် လိင်တံအရွယ်အစားကို သိသိသာသာ ထိခိုက်စေတဲ့အပြင် လိင်အင်္ဂါ မသန်စွမ်းမှုကိုလည်း ဖြစ်စေပါတယ်။
အိပ်ရေးမဝခြင်း
Photo : Mayo Clinic
တစ်ပတ်လျှင် နာရီ ၂၀ ကျော်ကြာ ဖန်သားပြင်ရှေ့မှာ အချိန်ကုန်ဆုံးပြီး အိပ်စက်ခြင်းကို ထိခိုက်စေတာက အမျိုးသားများအတွက် သုတ်ပိုးအရေအတွက်ကို ၄၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားစေတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းတို့က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း မရှိတာက လိင်အင်္ဂါလုပ်ဆောင်မှုကို ထိခိုက်စေပြီး လိင်အင်္ဂါချို့ယွင်းမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် အလုံးစုံသော ကျန်းမာရေးအတွက် လုံလောက်စွာ အိပ်စက်အနားယူပါ။
လှုပ်ရှားမှု မရှိခြင်း
Photo : You Can Fly Mate
ဒီနေ့ခေတ် အထိုင်များပြီး လှုပ်ရှားမှုနည်းနေတဲ့ နေ့စဉ်ဘဝကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်လာတာတွေ အများကြီးတွေ့နေရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက လိင်အင်္ဂါနဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများကို ထိခိုက်စေပါတယ်။ ဒါ့အပြင် အိပ်ရာပေါ်မှာ စိတ်ရောကိုယ်ပါ ကောင်းမွန်တတ်ကြွစွာ စွမ်းဆောင်နိုင်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းက အများကြီး အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းက လိင်တံအရွယ်အစားကို သိသိသာသာ သက်ရောက်မှုရှိပြီး လိင်တံကို ရှည်စေကာ ကျန်းမာစေတယ်လို့ ဆိုထားပါတယ်။
သန့်ရှင်းမှုကို ဂရုမစိုက်ခြင်း
Photo : 247 News Agency
လူတစ်ယောက်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးလို့ ဆိုရာမှာ ကွီးတို့ညီလေးနဲ့ ညီလေးတစ်ဝိုက် သန့်ရှင်းရေးကိုလည်း အထူးအလေးပေးသင့်ပါတယ်။ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် သန့်ရှင်းရေးကို ဂရုမစိုက်ပါက အနံ့အသက်ဆိုးများ ထွက်ခြင်း၊ အရေပြားယားယံခြင်းတို့ ဖြစ်နိုင်ပြီး ပူနွေးစိုစွတ်နေခြင်းကြောင့် ဘတ်တီးရီယားပိုးများ ပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် ထိုနေရာတစ်ဝိုက်ကို ညင်သာစွာ ပုံမှန်ဆေးကြောပြီး သေချာခြောက်သွေ့အောင်ထားပါ။
အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ ညီလေးကို မထိခိုက်စေချင်ရင် ချက်ချင်းရပ်တန့် ပစ်ရမယ့် အလေ့အကျင့်ဆိုးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုအချက်တွေကို သေချာလိုက်နာပြီး သန့်ရှင်းရေးကို ဂရုစိုက်နေလျက်သားနဲ့ လိင်တံ နာကျင်ခြင်း၊ နီရဲခြင်း သို့မဟုတ် ယားယံခြင်းနဲ့ အခြားသော မူမမှန်သော လက္ခဏာများ တွေ့ရှိရပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုပါတယ်။
Source : E Times
Featured Photo : Men’s Journal