ချစ်ခြင်းမေတ္တာဆိုတာ လူသားတစ်ယောက်အနေနဲ့ တွေ့ကြုံခံစားနိုင်တဲ့ အံ့သြဖွယ်အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အရာတွေထဲမှတစ်ခု ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ချစ်မိနေပေမယ့် ကိုယ်ကိုယ်တိုင် သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်သော်လည်း အချို့သော ခံစားချက်တွေက တစ်စုံတစ်ယောက်ကို ချစ်မိနေတာဆိုတာ ပြသနိုင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ တစ်စုံတစ်ယောက်ကို ချစ်မိနေရင် ဖြစ်ပေါ်လာနိုင်တဲ့ ခံစားချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
ကိုယ်တိုင် သတိမထားမိဘဲ ငေးကြည့်မိနေတတ်တာ
Photo : Her Ways
တစ်စုံတစ်ယောက်ကို ကိုယ်တိုင်သတိမထားမိဘဲ ငေးကြည့်နေမိခြင်းက စွဲလမ်းခြင်းရဲ့ ဂန္တဝင်လက္ခဏာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အတိုင်ပင်ခံ စိတ်ပညာရှင် Marc Hekster က တစ်စုံတစ်ဦးကို ချစ်မိသွားသည့် အထင်ရှားဆုံး လက္ခဏာများထဲမှ တစ်ခုဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ ဒါ့ကြောင့် ကွီးတို့ အနေနဲ့ တစ်စုံတစ်ယောက်ကို အကြည့်မလွှဲမိဘဲ ငေးကြည့်နေမိပါသလား။ ဒါဆိုရင်တော့ ထိုတစ်စုံတစ်ယောက်က ကွီးတို့အတွက် ထူးခြားတဲ့ လူမျိုးဖြစ်နိုင်ပါတယ်။
အတူတူ အချိန်များများရှိချင်တာ
Photo : Love Devani
တစ်စုံတစ်ယောက်ကို ချစ်မိနေတဲ့အခါ ထိုသူတို့နဲ့ အချိန်ဖြုန်းရတာကို နှစ်သက်လာတတ်ပါတယ်။ ဒါ့အပြင် အတူတူရှိချိန်တွေမှာ အချိန်ကုန်ဆုံးတာ မြန်တယ်လို့လည်း ထင်တတ်ပါတယ်။ ကွီးတို့အနေနဲ့ ထိုတစ်စုံတစ်ယောက်နဲ့ အတူတူရှိဖို့ ကိုယ့်ဘက်က အခက်အခဲတွေကို သိပ်ပြီး ဂရုမစိုက်တော့ဘဲ တတ်နိုင်သမျှ တစ်ဖက်လူနဲ့ အချိန်ကုန်ဆုံးဖို့ အကြောင်းပြချက်ရှာနေမယ်၊ အတူတူရှိချိန်ပိုကြာဖို့ မျှော်လင့်နေတယ်ဆိုရင်တော့ ကွီးတို့ ထိုတစ်စုံတစ်ယောက်ကို ချစ်မိနေတာ သေချာပါပြီ။
ခဏခဏ အတွေးထဲ ရောက်လာတာ
Photo : Pexels
တစ်စုံတစ်ယောက်ရဲ့ အကြောင်းက တိုက်ဆိုင်လို့ဖြစ်စေ၊ အလိုအလျောက်ပဲ ဖြစ်စေ ကွီးတို့စိတ်ထဲမှာ စိုးမိုးနေပါသလား။ မကြာခဏ သူ့အကြောင်းတွေးမိတာ၊ တွေးလိုက်တာနဲ့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ခံစားရတာ၊ ဒီလိုမျိုး နည်းမျိုးစုံနဲ့ ခဏခဏ အတွေးထဲရောက်လာတာက ကွီးတို့ရဲ့ နှလုံးသာထဲကို ထိုတစ်စုံတစ်ယောက် ဖြည်းဖြည်းချင်း ဝင်ရောက်နေရာယူနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။
အတူတူဆို ပျော်ရွှင်စရာကောင်းတယ်လို့ ခံစားရတာ
Photo : Life N Lesson
ကွီးတို့အနေနဲ့ ထိုသူနဲ့ သာမာန်ဆက်ဆံရေးပဲ ရှိသေးတဲ့အချိန်မှာတောင် အတူတူရှိရတာ ပျော်ရွှင်စရာကောင်းတယ်လို့ ခံစားရပါသလား။ ထိုတစ်စုံတစ်ယောက်နဲ့သာဆိုရင် အတူတူ သင်တန်းတတ်ချင်တာ၊ အတူတူ စာလေ့လာချင်တာ စသည့်ဖြင့် စိတ်မှာ ခံစားနေရပြီဆိုရင်လည်း ကွီးတို့ချစ်မိနေတာ ဖြစ်နိုင်ပါတယ်။
ပျော်ရွှင်စေချင်တာ
Photo : Flowers
တစ်စုံတစ်ယောက်ကို ချစ်မိလာတဲ့အချိန်မှာ ထိုသူကို ပျော်ရွှင်စေချင်တဲ့ စိတ်တွေ၊ စိတ်ချမ်းသာချင်တဲ့စိတ်တွေ ကိန်းအောင်းလာပါတယ်။ ကွီးတို့အနေနဲ့ ထိုတစ်စုံတစ်ယောက်နဲ့ အတူတူရှိရတာ ပျော်တာ ဒါမှမဟုတ် ထိုသူပျော်ရွှင်ဖို့ ကြိုးစားပေးနေမိတယ်ဆိုရင်တော့ ဒါက ချွင်းချက်မရှိ ချစ်ခြင်းရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။
အချစ်ကို ဘယ်လိုပဲ အနက်အဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်ကြပါစေ ချစ်ခြင်းက နက်နဲပြီး အနူးညံ့ဆုံးသော ခံစားမှုတစ်ခုပါ။ အကယ်၍ ကွီးတို့က တစ်စုံတစ်ယောက်အပေါ်မှာ အထက်ပါ ဖော်ပြခဲ့တဲ့ အချက်တွေနဲ့ တိုက်ဆိုင်တာမျိုး ခံစားရနေရပြီဆိုရင် ထိုသူက ကွီးတို့ ချစ်မြတ်နိုးနေတဲ့ သူပါပဲ။ လက်လွှတ်မခံဘဲ ကွီးတို့အချစ်ကို အမြန်ဆုံး ဖွင့်ဟလိုက်ပါ။ လူသားတိုင်း ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ခြင်းကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလျက်…………………
Featured Photo : Wallpaper