ယနေ့ခေတ်မှာ ဆိုရှယ် မီဒီယာ တွေရဲ့ အခန်းကဏ္ဍတွေသည် အရေးကြီးတဲ့ နေရာမှာ ပါဝင်လာပြီပဲဖြစ်ပါတယ်။ ဆိုရှယ် မီဒီယာ မသုံးကြတဲ့ လူရယ်လို့ မရှိကြပါဘူး။ ၂၀၁၀ ခုနှစ်ကထက်စာရင် ယခု ၂၀၂၃ ခုနှစ်မှာ ဆိုရှယ်မီဒီယာ အသုံးပြုသူများသည် တစ်စထက်တစ်စ သိသိသာသာ များပြားလာတာကို မြင်တွေ့ရမှာပါ။
ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်၊ တစ်ခ်တော့ခ်၊ အစရှိတဲ့ ဆိုရှယ်မီဒီယာများ အများအပြားရှိတဲ့အနက် လူသုံးအများဆုံး ဆိုရှယ်မီဒီယာကတော့ ဖေ့ဘွတ်ခ်ပဲဖြစ်ပါတယ်။ ဒုတိယလိုက်နေတာကတော့ YouTube ပဲဖြစ်ပါတယ်။ ကွီးတို့ရော ဘယ်ဆိုရှယ်မီဒီယာကို အသုံးအများဆုံးပါလဲ။ ဘာ့ကြောင့် ဆိုရှယ်မီဒီယာတွေကို အသုံးပြုပါသလဲ။ စီးပွားရေးကြောင့်လား၊ အပျင်းပြေဖို့အတွက်လား။
ဆိုရှယ် မီဒီယာ များကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ အချို့ကလည်း စီးပွားရေးအတွက် အသုံးပြုကြတာဖြစ်ပြီး အချို့ကလည်း စိတ်အပန်းပြေဖို့အတွက် အသုံးပြုကြတာဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရည်ရွယ်ချက်တွေပေါ်လိုက်ပြီး ဆိုရှယ်မီဒီယာများရဲ့ နည်းပညာများကလည်း ပြောင်းလဲဿွားတတ်ပါတယ်။
ကွီးတို့က စိတ်ထဲမှာ ပစ္စည်းတစ်ခုခုကို လိုချင်လိုက်တာဆိုပြီး ဆိုရှယ်မီဒီယာ တစ်ခုခုမှာ ရီဗျူးတွေ ရှာဖတ်ကြည့်လိုက်တယ်ဆိုပါစို့။ ဆိုရှယ်မီဒီယာတွေကပဲ ကိုယ် လိုချင်နေတဲ့အရာကို သိနေယောင်ယောင် ပို့စ်တွေ တောက်လျှောက်ပြပေးထားသလိုမျိုး ဖြစ်ဖူးပါသလား။ တကယ်တော့ ဒါက အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ဆိုရှယ်မီဒီယာရဲ့ နောက်ကွယ်က အသုံးပြုထားတဲ့ နည်းပညာများကြောင့်ပဲ ဖြစ်ပါတယ်။
ဖေ့ဘွတ်ခ်မှာဆိုရင်
ဖေ့ဘွတ်ခ်မှာ အဆင့်မြင့် နည်းပညာတွေ အသုံးပြုထားပြီး တားဂတ်ကာစတမ်မာတွေဆီသို့ ကုန်ပစ္စည်းတစ်ခုခု ရောင်းချနိုင်အောင် စီစဥ်ပေးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖေ့ဘွတ်ခ် အသုံးပြုသူတစ်ဦးက ပို့စ်တင်လိုက်တဲ့အခါ သူ့ရဲ့ မျက်နှာကို မှတ်မိနိုင်အောင် ပြုလုပ်ထားတဲ့ အဆင့်မြင့် နည်းပညာတစ်ခု ပါဝင်ပါတယ်။ ဒီလိုနည်းပညာများကို အသုံးပြုပြီး ဆိုရှယ်မီဒီယာကနေတဆင့် မသိမသာ ဈေးကွက်များကို တိုးချဲ့နေတာပဲဖြစ်ပါတယ်။
LinkedIn မှာရော ဘယ်လို နည်းပညာမျိုး အသုံးပြုထားသလဲ
LinkedIn ကတော့ အားလုံး သိကြတဲ့အတိုင်းပဲ ပရော်ဖက်ရှင်နယ်ကျကျ အလုပ်ရှာဖွေချင်သူများအတွက် သုခဘုံတစ်ခုလို့ ပြောလို့ရပါတယ်။ LinkedIn မှာဆိုရင် AI ကို အသုံးပြုပြီး ဘယ်လိုအလုပ်မျိုးကို ရှာဖွေချင်သလဲ။ ဘယ်လိုလူမျိုးအတွက် လိုက်ဖက်သလဲ စတာတွေကို ချိတ်ဆက်ပေးထားပြီး အလုပ်ရှာဖွေရာမှာ လျင်မြန်လွယ်ကူလာအောင် ကူညီပေးထားပါတယ်။
Snapchat ရဲ့ နောက်ကွယ်မှာရော ဘယ်လိုနည်းပညာမျိုး အသုံးပြုထားသလဲ
Snapchat ကတော့ Tracking လိုက်တဲ့ နည်းပညာကို အသုံးပြုထားပြီး အသုံးပြုသူရဲ့ မျက်နှာပုံပန်းသွင်ပြင်ကို မှတ်ထားတဲ့ နည်းပညာကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ သူ့ကင်မရာ နည်းပညာကလည်း လူအများ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရမှာ ပိုမိုကောင်းမွန်အောင် အဆင့်မြင့်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။
ကွီးတို့ရော ဘယ်ဆိုရှယ်မီဒီယာကို ဘယ်လိုရည်ရွယ်ချက်ဖြင့် အသုံးပြုပါသလဲ။
Source: Appinventiv
Featured Image: Ncsc.gov.uk