ဂိမ်းဆော့တာက ပျော်ဖို့ကောင်းပြီး စိတ်ဖိစီးမှုတွေ များနေတဲ့အချိန်ဆိုရင် ဂိမ်းထဲမှာ စီးမြောသွားရင်း စိတ်ဖိစီးမှုများပါ ပျောက်သွားတတ်ပါတယ်။ တချို့ဆိုရင် ဗိုက်ဆာ တာတောင် ထမင်းမေ့၊ ဟင်းမေ့နဲ့ တစ်နေ့ခင်းလုံး ဂိမ်း ဆော့တတ်ကြတဲ့ Gamer တွေ ရှိကြပါတယ်။ ကွီးတို့ရော ထမင်းမေ့ ဟင်းမေ့၊ ရည်းစားပါ မေ့အောင် ဂိမ်းဆော့တတ်တဲ့ ဂိမ်းချစ်သူတစ်ယောက်လား။
တကယ်လို့ ကွီးတို့က ဗိုက်ဆာ တဲ့ ဒဏ်ကို မခံနိုင်ဘူးဆိုရင်တော့ ဒီ ဂိမ်း တွေကို ယောင်လို့တောင် မဆော့သင့်ပါဘူး။
(၁) Clash Royale
ဒီဂိမ်းလေးကတော့ အတိုက်အခိုက်နှင့် ဖိုက်တင်ပလေးချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံး ဂိမ်းလေးပဲဖြစ်ပါတယ်။ ရစ်စိန် က ရစ်လွန်းလို့ စိတ်ညစ်တဲ့အခါ ဒီ မိုဘိုင်းလ်ဂိမ်း လေးနဲ့ စိတ်ဖြေနိုင်ပါတယ်။ ကိုယ့်ရဲ့ လူမျိုးစုကို အင်အား ပိုမို တောင့်တင်းလာအောင် ပြုလုပ်ပြီး ရန်သူ့စခန်းကို အောင်မြင်စွာ ချေမှုန်းရမှာကတော့ ဒီဂိမ်းရဲ့ မစ်ရှင်ပဲဖြစ်ပါတယ်။
(၂) Cyberpunk 2077
Cyberpunk 2077 ဆိုတဲ့ နာမည်အတိုင်းပဲ ၂၀၇၇ ကို အခြေတည်ကာ ဖန်တီးထားတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ သိပ္ပံ စိတ်ကူးယဥ်ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီဂိမ်းကလည်း အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။ CD Projekt Red ကနေ တီထွင်ထားတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး PC ၊ Xbox One ၊ Xbox Series X/S ၊ PS4 နှင့် PS5 အစရှိတဲ့ Platforms တို့တွင် ဆော့ကစားနိုင်ပါတယ်။
(၃) Apex Legends Mobile
ဒီဂိမ်းကတော့ တိုက်ခိုက်ရတာ သဘောကျပြီး ဖိုက်တင်ပလေးချင်တဲ့ ကွီးတို့အတွက် ရွေးချယ် ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Android ဖုန်းမှာရော iOS ဖုန်းမှာပါ ဆော့ကစားနိုင်ပြီး ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ မနှစ်ကမှ စတင် ဖြန့်ချီထားတဲ့ ဂိမ်းဖြစ်တာကြောင့် ဂိမ်းကစားရတာလည်း သစ်လွင်ဆန်းသစ်နေတဲ့ ခံစားချက်ကို ခံစားရမှာပဲဖြစ်ပါတယ်။
(၄) Goosebumps Night Of Scares
ဒီဂိမ်းသည်လည်း Android အမျိုးအစားမှာရော iOS မှာပါ ဆော့ကစားနိုင်ပါတယ်။ ကစားသမားအနေနဲ့ မကောင်းဆိုးဝါးများရန်ကနေ လွတ်အောင် ရှောင်ပြေးရင်း မကောင်းဆိုးဝါးတွေကို ထောင်ချောက်ထဲ မိသွားအောင် ထောင်ဖမ်းရမှာပဲဖြစ်ပါတယ်။ Goosebumps ရုပ်ရှင်ဇာတ်ကားထဲမှာလိုမျိုး သမန်းဝံပုလွေ၊ မကောင်းဆိုးဝါးမျိုးစုံနဲ့ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အသည်းငယ် တတ်တဲ့ ကွီးတို့ကတော့ ဒီ ဂိမ်း မျိုးကို မဆော့သင့်ပါဘူး။
ဒီဂိမ်းတွေက စွဲလမ်းစေတဲ့ ဂိမ်းတွေဖြစ်တဲ့အတွက်ကြောင့် ကွီးတို့ ဗိုက်ဆာဆာနဲ့ ဆော့ရင်တော့ ပိုပြီးတော့ လောင်ရမှာ အသေအချာပါပဲ။ အလောင်မခံချင်ဘူးဆိုရင်တော့ ဒီဂိမ်းတွေကို မဆော့သင့်ပါဘူး။
Source: Metacritic
Featured Image: Freepik