နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အဆင့်မြင့်လာတဲ့ စမတ်ဖုန်းတွေနဲ့  ဂိမ်းတွေကို ကစားလို့ရနေပါပြီ။ ဒါ့ကြောင့် ဘယ်နေရာမှာဖြစ်ဖြစ် ဖုန်းလေးနဲ့ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း တွေကို လူတွေတော်တော်များများ ကြိုက်နှစ်သက်လာကြသလို ဂိမ်းတွေရဲ့ စွမ်းဆောင်ရည်ကလည်း ပိုမိုကောင်းမွန်လာပြီး စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တစ်ကမ္ဘာလုံး မိုဘိုင်းအက်ပ်ပေါင်း ၂၅၅ ဘီလီကျော် ဒေါင်းလုဒ် လုပ်ခဲ့တဲ့ အထဲမှာ ထက်ဝက်ကျော်က မိုဘိုင်းလ်ဂိမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Play Store မှာ အချိန်ထိ ဒေါင်းလုဒ် အများဆုံး မိုဘိုင်းလ်ဂိမ်းတွေထဲက အချို့ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

Roblox

Source : Roblox

Roblox ကတော့ Roblox Corporation မှ ဖန်တီးထားသော အွန်လိုင်းဂိမ်းပလပ်ဖောင်းနှင့် ဂိမ်းဖန်တီးမှုစနစ်တစ်ခုဖြစ်ပြီး ကစားသူများက ဂိမ်းများကို ပရိုဂရမ်နှင့် အခြားအသုံးပြုသူများမှ ဖန်တီးထားသည့် ဂိမ်းများကို ဆော့ကစားနိုင်ပါတယ်။

Royal Match

Source : Mobile Games Trailers

ဒေါင်းလုဒ်အများဆုံး လုပ်ကြတဲ့ မိုဘိုင်းလ်ဂိမ်းတွေထဲမှာ Royal Match လည်း အပါအဝင်ဖြစ်ပါတယ်။ ဒီဂိမ်းလေးက King Robert ရဲ့ ရဲတိုက်ကို ပြီးဆုံးသည်အထိ အလှဆင်နိုင်ဖို့ ကူညီပေးရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ တူတဲ့အရောင်များကို ပွတ်ဆွဲကာ အဆင့်တွေ တစ်ဆင့်ချင်းတတ်သွားရမှာ ဖြစ်ပါတယ်။ ဖြေးဖြေးချင်း အရှိန်ယူပြီး ကစားဖို့ဆိုရင် ဒီဂိမ်းလေးက အဆင်ပြေပါတယ်။

Candy Crush Friends Saga

Source : Candy Crush Saga Offical

Candy Crush Friends Saga ကတော့ ပေါ့ပေါ့ပါးပါးနဲ့ လက်ကမချချင်လောက်အောင် စွဲလမ်းစေတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပါပဲ။ ကွီးတို့ တော်တော်များများ Candy Crush ကို ဆော့ဖူးကြမှာပါ။ ဒီ မွမ်းမံထားသောဒီဇိုင်းများနဲ့ Level တွေ ဘယ်လောက်ထိ ဆော့ကစားနိုင်မလဲ ဆိုတာ တကယ်ကို စိန်ခေါ်ကြည့်ချင်စရာပါပဲ။ ကွီးတို့ကို အပျင်းပြေစေမဲ့ ဂိမ်းလေးလည်း ဖြစ်ပါတယ်။

Sniper 3D

Source : Touch Game Play

အက်ရှင်မိုဘိုင်းဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ အကြိုက်တွေ့စေမဲ့ တတ်တတ်ကြွကြွနဲ့ စိတ်လှုပ်ရှားဖွယ် ကစားရမဲ့ သေနတ်ပစ်  ဂိမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကွီးတို့ကိုယ်တိုင် အလန်းစား Sniper သမားတစ်ယောက်အဖြစ် ကစားနိုင်ပြီး အလန်းစား Sniper ရိုင်ဖယ်မျိုးစုံ ကိုလည်း ရွေးချယ်နိုင်တဲ့အတွက် ကစားလို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပဲ ဖြစ်ပါတယ်။

Free Fire

Source : Garena Free Fire Offical

နောက်ထပ်ဖော်ပြချင်တဲ့ Play Store မှာ ဒေါင်းလုဒ် အများဆုံး ဂိမ်းတွေထဲက တစ်ခု ဖြစ်တဲ့ အက်ရှင် မိုဘိုင်းလ် ဂိမ်း Garena Free Fire ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို  Android ရော iOS မှာပါ ကစားလို့ရပါတယ်။ ဒီဂိမ်းက စိတ်လှုပ်ရှားဖွယ်ကစားရမယ့်အပြင် ပိုမိုအားကောင်းသည့် လက်နက်မျိုးစုံကို ရွေးချယ်နိုင်ပါတယ်။ ဒီဂိမ်းမှာ ရင်သပ်ရှုမောဖွယ် ဂရပ်ဖစ်များနှင့် အင်္ဂါရပ်များ၊ ဇာတ်ကောင်များနှင့် ဂိမ်းမုဒ်အသစ်များကို မကြာခဏ အပ်ဒိတ် လုပ်တာကြောင့် တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။

Play Store မှာ ဒေါင်းလုဒ် အများဆုံး အခြားသော ဂိမ်းတွေကတော့ Subway Surfers ၊ Clash of Clans ၊ Temple Run 2 ၊ My Talking Tom ၊ Hill Climb Racing ၊ 8 Ball Pool နဲ့ Fruit Ninja တို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ဒီဂိမ်းတွေထဲက ဘယ်နှစ်ခုလောက် ကစားဖူးပါသလဲ။

Source : Mobile Gaming Insider

Featured Photo : Game Hall