ကွီးတို့က ကြီးတာကို ကြိုက်သလား၊ သေးတာကို ကြိုက်သလား။ ဒါမှမဟုတ် ကြီးကြီး သေးသေး မှုမနေဘဲ ဘာလာလာ ဒေါင်းသလား။ ဆိုဒ်စုံ ဂိုက်စုံကို သေချာရွေးချင်တဲ့ ဘီးကျဲ တို့အတွက် အမျိုးအစားများ၊ ရွေးချယ်စရာများက စုံလင်များပြားလှပါတယ်။

ရွေးချယ်စရာတွေဆိုတာကတော့ တခြားတော့မဟုတ်ပါဘူး။ မော်ဒယ် အမျိုးအစား စုံလင်တဲ့ ဖုန်းတွေကို ပြောတာပါ။ ယနေ့ခေတ်မှာ စမတ်ဖုန်းတွေက စခရင်မ်အကြီးရော၊ အသေးရော၊ အလတ်ဆိုဒ်ပါ အမျိုးစုံနေအောင် များပြားလှပါတယ်။

များပြားလှတဲ့ ဖုန်းတွေထဲက ကြီးကြီးလေးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ အခုဖော်ပြပါ ရွေးချယ်စရာများထဲမှ ရွေးချယ်နိုင်ပါတယ်။

(၁) Samsung Galaxy S23 Ultra

Samsung Galaxy S23 Ultra

Samsung ချစ်သူတွေအတွက်ကတော့ S23 Ultra မော်ဒယ်အမျိုးအစားက Ultra ဆိုတဲ့အတိုင်းပဲ ခပ်ကြီးကြီး ခပ်မိုက်မိုက်ပါပဲ။ သူ့ရဲ့ မျက်နှာပြင် အရွယ်အစားက ၆.၈ လက်မ Super AMOLED ရှိပါတယ်။ ကင်မရာကလည်း ဓာတ်ဖမ်းချင်သူများအတွက် ကွက်တိပါပဲ။ ဘက္ထရီ သက်တမ်းကလည်း အကြာကြီး ခံတာမို့ ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာ အသေအချာပါပဲ။

(၂) iPhone 15 Pro Max

iPhone 15 Pro Max

မကြာသေးမှီကမှ ထွက်ရှိထားတဲ့ အသစ်ချပ်ချွတ်လေးပဲဖြစ်ပါတယ်။ CPU အတွက်ကတော့ A17 Pro ကို အသုံးပြုထားတာဖြစ်ပါတယ်။ သဘာဝဆန်တဲ့အလှကို သေချာ ရိုက်ကူး ပုံဖော်ချင်သူများအတွက်လည်း အမိုက်စား ကင်မရာများ ပါရှိပါတယ်။ RAM ကတော့ 8GB ပါဝင်တာကြောင့် Storage မလောက်မှာ ပူစရာမလိုပါဘူး။

စမတ်ဖုန်း သေးသေးလေးတွေကိုမှ ကြွေတာဆိုတဲ့ ကွီးတို့အတွက်ကတော့ အခုဖော်ပြပေးမယ့် အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

(၁) iPhone 13 mini

ဆိုဒ်စုံ ဘီးကျဲ

မျက်နှာပြင် အရွယ်အစားက ၅.၄ လက်မသာရှိပြီး  OLED 2340 x 1080 ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ RAM က 4GB ပါဝင်ပြီး 12MP Rear ကင်မရာ၊ 12MP Ultrawide ကင်မရာနှင့် 12MP Front ကင်မရာတို့ ပါရှိပါတယ်။ အလေးချိန်ကလည်း ၄.၉၇ အောင်စသာ လေးပါတယ်။

(၂) Asus Zenfone 10

ဆိုဒ်စုံ ဘီးကျဲ

နောက်ထပ် အမျိုးအစားကတော့ Asus ထဲကဖြစ်ပါတယ်။ သူ့မျက်နှာပြင် အကျယ်က ၅.၉ လက်မရှိပြီး AMOLED ကို အသုံးပြုထားတာဖြစ်ပါတယ်။ Snapdragon 8 Gen 2 ရှိတဲ့ CPU ကို သုံးထားပြီး RAM အတွက်ကတော့ 8GB လား၊ 12GB လား၊ ဒါမှမဟုတ် 16GB ကြိုက်လား ကွီးတို့ ကြိုက်ရာ ရွေးလို့ရပါတယ်။

ကွီးတို့ရော သေးသေးလေး ကြိုက်သလား၊ ဒါမှမဟုတ် ခပ်ကြီးကြီးကိုမှ ကြွေတာလား။ ဆိုဒ်စုံ ရွေးချင်တဲ့ ဘီးကျဲ တို့အတွက်ကတော့ ရွေးချယ်စရာ များပြားလှပါတယ်။

Source: Tomsguide

Featured Image: Nextpit