လိင်ဆက်ဆံခြင်းက ကျန်းမာသော သူများအတွက် ပုံမှန်သဘာဝသာ ဖြစ်ပါတယ်။ ကြင်စဦးမောင်နှံတွေ၊ ချစ်စကြင်စ ငယ်ရွယ်သူတွေအတွက်တော့ နေ့တိုင်း လိင်မှုကိစ္စ ဆောင်ရွက်တာက အဆန်းတော့ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် ကျန်းမာသောသူများအတွက် နေ့စဉ်လိင်မှုကိစ္စ ဆောင်ရွက်တာက ဘေးကင်းပြီး ကျန်းမာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေ့တိုင်း အချစ်နယ်ကျွံနေရင် ကျန်းမာရေးအပေါ် သက်ရောက်နိုင်လားဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် ကောင်းတဲ့ သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။
အိပ်စက်မှုစက်ဝန်းကို ကောင်းမွန်စေပါတယ်
Photo : Her Nom
စိတ်အားထက်သန်မှုနဲ့ တတ်ကြွသော လိင်ဆက်ဆံမှုက ပျော်ရွှင်စေသော ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Endorphin ကို ထုတ်လွှတ်ပေးပါတယ်။ ဒီလို Endorphin နဲ့ Oxytocin များ ထွက်လာသည်နဲ့ အမျှ ကွီးတို့က ရဲ့စိတ်အားထက်သန်မှုကို တိုးစေပါတယ်။ ဒီဟော်မုန်းတွေက အိပ်စက်ခြင်းပုံစံကို မြှင့်တင်ပေးပြီး ကျန်းမာသော ဘဝကို ရရှိစေပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး စိတ်ခံစားချက်တွေကိုလည်း ကောင်းမွန်စေပါတယ်။
စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်
Photo : Beyond Ads
အပေါ်မှာ ဖော်ပြပေးခဲ့သလိုပါပဲ လိင်ဆက်ဆံခြင်းက Endorphin နဲ့ Oxytocin ဟော်မုန်းများကို ထုတ်လွှတ်ပေးပါတယ်။ ဒီနှစ်မျိုးစလုံးက စိတ်ဖိစီးမှု ဟော်မုန်းလို့ခေါ်တဲ့ Cortisol ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံခြင်းက ကွီးတို့ရဲ့ ပစ္စပ္ပန် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေပါတယ်။
မြင့်မားသော သွေးပေါင်ချိန် အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်
Photo : Classic Lifesyle
သွေးတိုးရောဂါသည် အလွန်အမင်းစိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ လိင်ဆက်ဆံခြင်းက စိတ်ပူပန်မှုနှင့် ဖိစီးမှုကို လျော့ပါးသက်သာစေရန် ပံ့ပိုးကူညီပေးနိုင်တာကြောင့် သွေးပေါင်ချိန် မြင့်တတ်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အာရုံကြောတွေကို ငြိမ်သက်စေပြီး အားကောင်းစေပါတယ်။
Cardio လုပ်ပြီးသားဖြစ်စေပါတယ်
Photo : Happiness
တတ်ကြွပြီး အနည်းငယ်ပြင်းထန်သော လိင်ဆက်ဆံခြင်းက ကွီးတို့ရဲ့ ခံနိုင်ရည်အားနဲ့ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ လိင်ဆက်ဆံချိန်မှာ လှုပ်ရှားမှုက အလယ်အလတ် လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ထပ်တူညီတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများက သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပြီး နှလုံးဖောက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ကျန်းမာပြီး အသက်အရွယ်အရ နေ့တိုင်း အချစ်နယ်ကျွံနေရင် က ပြဿနာမရှိတဲ့ အပြင် ကျန်းမာရေးအပေါ် ကောင်းသော သက်ရောက်မှုတွေတောင် ရှိနိုင်ပါတယ်။ နေ့တိုင်း လိင်ဆက်ဆံခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလားဆိုရင်တော့ သိပ္ပံနည်းကျ ပြသထားတဲ့ အထောက်အထားမရှိပါဘူး။ သို့သော်လည်း တစ်နေ့ကို အကြိမ်ပေါင်းများစွာ လိင်ဆက်ဆံခြင်း၊ ကြမ်းတမ်းစွာ ဆက်ဆံခြင်းတို့ကို တော့ မပြုလုပ်သင့်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အပြင် အသက်အရွယ် အပိုင်းအခြားအလိုက် ကိုယ့်ခံနိုင်ရည်ပေါ် မူတည်ပြီး ဆင်ခြင်သင့်ရင်လည်း ဆင်ခြင်ရပါမယ်။ ဒီဆောင်းပါးလေးက အခုမှ ချစ်စ ကြင်စ လူငယ်များနဲ့ လိင်မှုကိစ္စမှာ စိုးရိမ်စိတ်ရှိသူများအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဆန္ဒပြုလျက်………………………..
Source : ZanDu, Hims
Featured Photo : PYM