လူသားတိုင်း ကျရှုံးဖူးတတ်ကြပါတယ်။ လက်ရှိမှာ နယ်ပယ် အသီးသီးတွင် အောင်မြင်နေကြသူများကို လေ့လာကြည့်လိုက်ပါ။ တစ်ခါမှ မရှုံးနိမ့်ဖူးတဲ့သူဆိုတာ မရှိပါဘူး။ ရှုံးနိမ့်မှု တွေကနေ သင်ခန်းစာယူတတ်မှသာလျှင် ညိုကီ တို့သည် အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

အရှုံးနဲ့ ရင်ဆိုင်ရပြီဆိုတာနဲ့ ကျနော်တို့လူသားတွေရဲ့ သဘာဝအတိုင်း မကောင်းတဲ့အရာတစ်ခုလို့ပဲ ချက်ချင်းသတ်မှတ်လိုက် ကြပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ အရှုံးတွေထဲကနေ သင်ယူနိုင်သူတစ်ယောက်သည် အောင်မြင်မှု အသီးအပွင့်ကို ခံစားနိုင်ကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များအစ အနုပညာရှင် ဆယ်လီများအဆုံး၊ အောင်မြင်နေကြသူများသည် အရှုံးကနေ သင်ခန်းစာ ယူတတ်ကြလို့ပဲဖြစ်ပါတယ်။

ရှုံးနိမ့်မှုဆိုတာကို ဘယ်လိုမျိုး အဓိပ္ပါယ် ဖွင့်ဆိုတတ်ကြသလဲ

man failure

ကျနော်တို့အားလုံးသည် အရှုံးနဲ့ တစ်ကွေ့မဟုတ် တစ်ကွေ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ဖူးကြပါတယ်။ အရှုံးကို အဓိပ္ပါယ် ဖွင့်ဆိုကြပုံသည်လည်း လူသားတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ကွဲပြားသွားတတ်ပါတယ်။ ဒါဆိုရင် အရှုံးဆိုတာ ဘာလဲ။

အထက်တန်းကျောင်းသားတစ်ယောက်သည် သင်္ချာစာမေးပွဲမှာ Grade A ရဖို့ နေ့နေ့ညည ကြိုးစားတယ်၊ ကျူရှင်ဆရာ၊​ ဂိုက်ဆရာများနဲ့ အချိန်ကုန်ဆုံးပြီး သင်ထားပေမယ့် ထွက်လာတဲ့ စာမေးပွဲရလာဒ်က Grade B ဆိုရင်လည်း သူ့အတွက်က ဒါသည် ရှုံးနိမ့်မှုတစ်ခုပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ ဘွဲ့ရထားတဲ့ လူငယ်တစ်ယောက်သည် အလုပ်ပေါင်း ၅၀ ကျော်လောက် လျှောက်ထားပြီး အင်တာဗျူးပေါင်း အခေါက်ပေါင်းမနည်း ဖြေဆိုခဲ့ပေမယ့် အလုပ်တစ်ခုမှ မရထားသေးတာသည်လည်း သူ့အတွက် ရှုံးနိမ့်မှုတစ်ခုပါပဲ။

ကွီးတို့ရော အရှုံးကို ဘယ်လိုမျိုး အဓိပ္ပါယ် ဖွင့်ဆိုပါသလဲ။

ရှုံးနိမ့်မှု တွေကနေ ညိုကီ တို့ ဘယ်လိုမျိုး သင်ခန်းစာ ယူနိုင်သလဲ။ အရှုံးထဲကနေ သင်ခန်းစာ ယူတတ်ဖို့ဆိုရင် အခုဖော်ပြပေးမယ့် စိတ်ထား (၄) ချက် ထားရှိတတ်ဖို့ လိုအပ်ပါတယ်။

(၁) အရှုံးမပေးလိုက်ပါနဲ့

 

ရှုံးနိမ့် ညိုကီ

ကိုယ့်ရဲ့ အိပ်မက်များကို အမှန်တကယ် ပြည့်ဝအောင် လုပ်တဲ့နေရာမှာ အခက်အခဲ အကြမ်းအတမ်းများ၊ ဆူးခင်းလမ်းများကိုလည်း လျှောက်လှမ်းရမှာပါ။ ဆူးခင်းလမ်းများကြောင့် ပင်ပန်းနွမ်းနယ်ပြီး လက်လျော့ချင်စိတ်တွေ ပေါ်လာမှာ အမှန်ပါပဲ။ ဒါပေမဲ့ ထိုကဲ့သို့ ပင်ပန်းနွမ်းနယ်ပြီး အရှုံးပေးချင်စိတ်များ ပေါ်လာတဲ့အခါ ဘာ့ကြောင့် စခဲ့သလဲဆိုတာကို ပြန်စဥ်းစားကြည့်လိုက်ပါ။ အခုအချိန်မှ လက်လျော့လိုက်ရင် တန်ပါ့မလား။ ပြန်စဥ်းစားကြည့်လိုက်ပါ။ ကိုယ့်ရဲ့ အရင်က ကြိုးပမ်းအားထုတ်မှုတွေသည် သဲထဲ ရေသွန်ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်လိုကိစ္စမျိုးနဲ့ ကြုံလာကြုံလာ အရှုံးမပေးဘဲ ပန်းတိုင်အထိ ရောက်အောင် သွားဖို့ လိုပါလိမ့်မယ်။

(၂) အပြောင်းအလဲကို လက်ခံတတ်ဖို့လိုပါမယ်

ရှုံးနိမ့် ညိုကီ

ကွီးတို့သည် အရှုံးကနေ အမှန်တကယ် သင်ခန်းစာ ယူချင်စိတ်ရှိရပါမယ်။ ထိုကဲ့သို့ သင်ယူချင်စိတ်ရှိဖို့အတွက် ကွီးတို့သည် အပြောင်းအလဲကို လက်ခံလိုစိတ်ရှိရပါမယ်။ ဒီလိုအပြောင်းအလဲကို လက်ခံတတ်မယ်ဆိုရင်တော့ ဘယ်လိုမျိုး စိန်ခေါ်မှုတွေနဲ့ပဲ ကြုံလာ ကြုံလာ ရင်ဆိုင်ဖို့အသင့် ဖြစ်နေတတ်ပါတယ်။ အရှုံးနဲ့ ရင်ဆိုင်ချိန်မှာတောင် အရှုံးလို့ မမြင်တော့ဘဲ အသစ်သော စိန်ခေါ်မှုဆိုတဲ့ အမြင်မျိုး ပြောင်းလဲသွားတတ်ပါတယ်။ တကယ်လို့ ကွီးတို့သာ အပြောင်းအလဲကို လက်မခံတတ်ဘူးဆိုရင်တော့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့လာတဲ့အခါ စိတ်ညစ်သွားပြီး အောင်မြင်မှုအတွက် လှေကားထစ်လို ဖြစ်နေတဲ့ စိန်ခေါ်မှုအပေါ်မှာလည်း ခြေချရဲမှာမဟုတ်တော့ပဘူး။ ကွီးတို့မှာရော အပြောင်းအလဲကို လက်ခံနိုင်တဲ့ စိတ်ဓာတ်မျိုး ရှိရဲ့လား။

(၃) စိတ်ကို တည်ငြိမ်ပြီး အတွေးတွေ ရှုပ်ထွေးမနေအောင် ထားပါ

ရှုံးနိမ့် ညိုကီ

ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဖယ်ရှားပြီး စိတ်ကို တည်ငြိမ်အောင် ထားပါ။ အတွေးတွေကို ရှင်းနေအောင် ထားခြင်းသည် ကွီးတို့ရဲ့ အလုပ်အပေါ်မှာ၊ ပန်းတိုင်အပေါ်မှာ အာရုံပိုစိုက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ စိတ်ကို တည်ငြိမ်အောင် ထားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံရှိပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကြား နည်းလမ်း အသုံးပြုပုံလည်း ကွာခြားသွားနိုင်ပါတယ်။ တကယ်လို့ ကွီးတို့က မနက်စောစော လမ်းထလျှောက်ခြင်းက ကွီးတို့ကို တစ်နေကုန် တက်ကြွလန်းဆန်းစေတယ်ဆိုရင် ထိုနည်းလမ်းကို အသုံးပြုပါ။ ဒါမှမဟုတ် တစ်လမှာ တစ်ကြိမ်လောက် ခရီးထွက်ပြီး စိတ်အပန်းဖြေခြင်းက ကွီးတို့ရဲ့ စိတ်ကို အနားယူရအောင် ကူညီပေးနိုင်တယ်ဆိုလည်း ထိုနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ စိတ်ထဲမှာ အတွေး ရှင်းလေလေ ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းနှင့် အာရုံစူးစိုက်နိုင်စွမ်းကလည်း မြင့်မားလာလေလေပါပဲ။

(၄) သတ္တိရှိဖို့ လိုပါမယ်

man fight

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ၄ နှစ်အရွယ်ကလေးလေးက နှင်းလျှောစီးပြိုင်ပွဲ ဝင်ပြိုင်ဖို့ ပြင်နေချိန်မှာ သူ့အဖေက သူ(မ) ကိုယ့်ကိုယ်ကိုယ် အားပေးနေပုံကို ဗွီဒီယိုရိုက်ကာ မှတ်တမ်းတင်ခဲ့ပါတယ်။ သူ(မ)က “ငါ လဲကျမှာ မဟုတ်ဘူး။ ငါ လဲကျသွားခဲ့ရင်လည်း ဘာမှမဖြစ်ဘူး၊ နောက်တစ်ကြိမ် ပြန်ထလို့ရတယ်၊ လဲကျသွားမယ်ဆိုရင်လည်း အိုခေတယ် ဘာလို့လည်းဆိုတော့ ငါတို့အကုန်လုံး လဲကျကြမှာမို့လို့ပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးစကားဆိုနေတာပါ။ ထိုဗွီဒီယိုလေးသည် ဟိုးလေးတကျော် ဖြစ်သွားပါတယ်။

ဒီဗွီဒီယိုလေးကနေ ဘာသင်ခန်းစာ ရနိုင်သလဲဆိုရင် ကျနော်တို့သည် သတ္တိရှိဖို့ လိုအပ်ပါတယ်။ လဲကျသွားချိန်မှာ ပြန်ထနိုင်ဖို့ဆိုရင် ပိုလို့တောင် သတ္တိမွေးဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ပြီး သတ္တိရှိမှသာလျှင် အရာရာကို အောင်မြင်နိုင်မှာပါ။

ကွီးတို့ရော လဲကျရာနေ ပြန်ထဖို့ သတ္တိရှိရဲ့လား။

Source: Betterup

Featured Image: Freepik