ကိုယ့်ရဲ့ ချစ်သူလေးကို ကိုယ့်ကို ကောက် ကွေးနေပြီး ဘယ်လို ချော့ ချော့၊ ချော့မရဖြစ်နေတာလောက် စိတ်ညစ်စရာကောင်းတာ မရှိပါဘူး။ တကယ်လို့ ကွီးတို့သာ သူ(မ) စိတ်ဆိုး စိတ်ကောက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို သိမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ကောက် တေးလေးကို ချော့ ရတာ လွယ်ကူသွားပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ ကွီးတို့က သူ(မ)နဲ့ အပြိုင် လိုက်ငြင်းခုန်နေမယ်ဆိုရင်တော့ ထိုရန်ပွဲက အတောသတ်နိုင်မှာ မဟုတ်တော့ပါဘူး။

ကွီးတို့က ကိုယ့်ရှော်တီလေးကို ဘယ်လိုချော့ရမှန်း မသိဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ ချော့နိုင်ပါတယ်။

ပန်းပွင့်များနဲ့ သူ(မ)ကို ချော့ပါ

ပန်းပွင့်များ

ပန်းမကြိုက်တဲ့ မိန်းကလေးရယ်လို့ မရှိပါဘူး။ ပန်းမကြိုက်တတ်ဘူးလို့ ပြောနေတာကလည်း သူ(မ)ကိုယ် သူ(မ) လိမ်နေတာပဲဖြစ်ပါတယ်။

ပန်းပွင့်တွေနဲ့ အထာကျကျ ချော့ချင်တယ်ဆိုရင်တော့ ကွီးတို့က ပန်းပွင့်များရဲ့ အကြောင်းကို နှံ့နှံ့စပ်စပ် သိထားဖို့ လိုအပ်ပါလိမ့်မယ်။ ပန်း ဘယ်နှပွင့်က တောင်းပန်စရာဆိုတာလဲ၊ ပန်း ဘယ်နှပွင့်က သူ(မ)ကို ဘယ်လောက်ချစ်ကြောင်း ဖော်ပြနေသလဲဆိုတာ သိထားဖို့ လိုတယ်။

သူ(မ)နဲ့ စကားပြောပါ

သူ(မ)နဲ့ စကားပြောပါ

ကွီးတို့က သူ(မ) ဘာကြောင့် စိတ်ကောက်နေရသလဲဆိုတဲ့ အကြောင်းအရင်းကို လုံးဝ မသိဘူးဆိုရင်တော့ ကွီးတို့ရဲ့ မာနကို ဘေးချထားပြီး သူ(မ)နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောကြည့်ပါ။ ပြီးရင် သူ(မ) စိတ်ပြေသွားစေဖို့ရန်အတွက် ကွီးတို့ မမှားလည်း မှားသွားပါတယ်လို့ တောင်းပန်တတ်ဖို့ လိုပါမယ်။ ကွီးတို့က ဆောရီး တစ်ခွန်းတည်း ပြောလိုက်ရုံနဲ့တင် ကွီးတို့ရဲ့ ရှော်တီလေးက စိတ်ဆိုးပြေသွားမှာ မယုံမရှိပါနဲ့။

သူ(မ) ပြောတာကို နားထောင်ပါ

ကောက် ချော့

တချို့ရှော်တီလေးတွေက စိတ်ဆိုးလာရင် တစ်ဗျစ်တောက်တောက်နဲ့ ပွစိပွစိ ပြောတတ်ကြပါတယ်။ သူ(မ)က ပွစိပွစိ ပြောလို့ ကွီးတို့က နားငြီးလို့ဆိုပြီး သူ(မ)ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ မိုးမီးလောင်သွားပါလိမ့်မယ်။ ကွီးတို့ နားငြီးငြီး မငြီးငြီး သူ(မ) ရင်ဖွင့်တာကို နားထောင်ပေးလိုက်ပါ။ သူ(မ)ကို အတန်းရှင်း ပေးထားလိုက်ရုံမျှဖြင့် ကွီးတို့ရဲ့ ကောက် တေးလေးကို အလိုအလျောက် ချော့ ပြီးသားဖြစ်သွားပါလိမ့်မယ်။

ပွေ့ဖက်ခြင်းဖြင့် သူ(မ) စိတ်ပြေအောင် ကြိုးစားပါ

ကောက် ချော့

တစ်ခါတစ်ရံမှာ စကားတွေ အများကြီး ပြောမယ့်အစား တစ်ချက်လောက် နွေးနွေးထွေးထွေး ထွေးပွေ့လိုက်ရုံမျှဖြင့် ကွီးတို့ရဲ့ ရှော်တီလေးက စိတ်ဆိုးပြေသွားပါလိမ့်မယ်။ ကွီးတို့ရဲ့ နွေးထွေးတဲ့ ပွေ့ဖက်ခြင်းက သူ(မ)ကို အရည်ပျော်သွားအောင် ကူညီပေးပြီး သူ(မ) မျက်နှာမှာ အပြုံးပန်းလေးတွေ ပြန်လည် ပွင့်လန်းလာမှာပဲဖြစ်ပါတယ်။

သူ(မ) ကြိုက်တတ်တဲ့ ပစ္စည်းတွေ လက်ဆောင်ပေးပြီး ချော့ပါ

ကောက် ချော့

ကွီးတို့ရဲ့ စကီလေး စိတ်ဆိုး စိတ်ကောက်နေလို့ ဘယ်လိုမှ ချော့မရတော့ဘူးဆိုရင်တော့ သူ(မ) ကြိုက်တတ်တဲ့ ပစ္စည်းများ၊ မုန့်ပဲ သွားရေစာများ ပို့ပြီး သူ(မ) စိတ်ဆိုးပြေသွားအောင် ချော့နိုင်ပါတယ်။ ချောကလက် ဘူးလေး လက်ဆောင်ပေးတာမျိုး၊ ဒါမှမဟုတ် စားစရာများကို ပုံးလိုက် စပရိုက်တိုက်တာမျိုး စသည်ဖြင့် ပြုလုပ်ပြီး ကွီးတို့ရဲ့ ကောက်စိန်လေးကို ချော့နိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ကောက်စိန်လေးကို စိတ်ဆိုး စိတ်ကောက်ပြေအောင် ဘယ်လိုချော့လေ့ရှိပါသလဲ။

Source: Fnp.ae

Featured Image: Freepik