တစ်နေ့တာရဲ့ အစပျိုးမှု ကောင်းစေဖို့ မနက်ခင်း တိုင်းမှာ သင်ပုံမှန်လုပ်ရမယ့် အလေ့အကျင့်တွေ ရှိပါတယ်။ မနက်ခင်း အလေ့အကျင့်တွေဟာ ကျွန်တော်တို့ ဖြတ်သန်းရမယ့် တစ်နေ့တာလုံးအပေါ် အကျိုးသက်ရောက်မှုတွေ များစွာရှိစေပါတယ်။ ထက်မြက်တဲ့ ယောကျာ်းသားတို့ အနေနဲ့ တစ်နေ့လုံး အဆင်ပြေချောမွေ့မှုတွေပိုင်ဆိုင်ပြီး အဓိပ္ပါယ်တဲ့ တစ်ရက်တာကို ဖြတ်သန်းနိုင်ဖို့ အခုပြောပြမယ့် မနက်ခင်း အလေ့အကျင့်လေးတွေကို လိုက်နာလုပ်ဆောင်ဖို့ ပြောပြပေးချင်ပါတယ်။
(၁) ခေါင်းရှင်းထားပါ
Photo : The Adult Man
ကြည်လင်တဲ့ စိတ်နဲ့ မနက်ခင်းကို နိုးထနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ မနက်ခင်း အိပ်ရာနိုးပြီးဆိုတာနဲ့ သင့်ခေါင်းထဲကို အတွေးတွေအများကြီး အဝင်မခံပါနဲ့။ အထူးသဖြင့် အဆင်မပြေမှုတွေ ၊ မကောင်းမြင်စိတ်တွေကို တက်နိုင်သမျှ ခေါင်းထဲကထုတ်ပြီး မေ့ဖျောက်ထားပါ။ ခေါင်းရှင်းရှင်းနဲ့ အိပ်ရာ နိုးထခြင်းဟာ Self-Awareness ရစေပြီး တစ်နေ့တာအတွက် ဖိအားတွေကို ကောင်းမွန်စွာကိုင်တွယ် ဖြေရှင်းနိုင်မှာဖြစ်သလို Productivity လည်း တိုးစေမှာ ဖြစ်ပါတယ်။
(၂) ရည်ရွယ်ချက်ရှိရှိ စတင်ပါ
Photo : The Adult Man
ရည်ရွယ်ချက်တွေနဲ့ မနက်ခင်းဟာ အဓိပ္ပါယ်ရှိတဲ့ တစ်နေ့တာရဲ့ အစပါ။ တစ်ရက်လုံးမှာ သင်လုပ်ဆောင်ရမယ့် အရာတွေ ၊ တနေ့တာလုပ်ငန်းဆောင်တာတွေကို အချိန်ဇယား သေချာအစီအစဉ်ဆွဲပြီး ရည်ရွယ်ချက်အပြည့်နဲ့ စတင်ဖို့ လိုပါတယ်။ ဒါဟာ သင့်ကို တက်ကြွလန်းဆန်းမှုတွေနဲ့ ကောင်းမွန်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ဖို့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။
(၃) ခက်ခဲတဲ့အလုပ်တွေ အရင်လုပ်ပါ
Photo : The Adult Man
မနက်ခင်း အချိန်ဟာ တစ်နေ့တာလုံးမှာ စွမ်းအင်အပြည့်ဝဆုံးအချိန် ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ တက်ကြွလန်းဆန်းမှုတွေ ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ အမြင့်ဆုံးအချိန်ဖြစ်တာကြောင့် ခက်ခဲတဲ့အလုပ်တွေကို ဦးစားပေးလုပ်ဆောင်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ အခြားသင်လုပ်ရမယ့် အရာတွေကို ပိုမိုလွယ်ကူသွားစေပြီး တိုးတက်အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
(၄) လေ့ကျင့်ခန်း လုပ်ဖို့အချိန်ပေးပါ
Photo : The Adult Man
တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေဖို့ မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ ချွေးထွက်များစေပြီး စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေသလို စိတ်ခံစားမှုကိုလည်း အများကြီး တိုးတက်ကောင်းမွန်စေပါတယ်။ ဒါကြောင့် အနည်းဆုံး နာရီဝက် / ၄၅ မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ရေများများသောက်ပြီး ရေချိုးလိုက်တာနဲ့ တစ်နေ့တာကို စတင်ဖို့အတွက် အားအင်သစ်တွေ ပြည့်ဝနေပါလိမ့်မယ်။
Featured Photo : Medium