လိင်မှုကိစ္စဟာ လူတိုင်း ရှောင်လွဲလို့မရနိုင်တဲ့ သဘာဝ ဆိုင်ရာ ဖြစ်စဉ်တစ်ခုပါပဲ။ အကယ်၍များ ကျွန်တော်တို့ ဒီသဘာဝကို လွန်ဆန်ပြီး လိင်မှုကိစ္စနဲ့ ကင်းကွာပြီးနေမယ် တနည်းအားဖြင့် လိင်ဆက်ဆံမှု လုံးဝမရှိတော့ပဲ နေမယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ထူးဆန်းတာတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။
(၁) စိတ်ဖိစီးမှုများစေတယ်
Photo : Men’s Health
စကော့တလန် သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ တစ်ပတ်ကိုတစ်ကြိမ်ခန့် လိင်ဆက်ဆံသူတွေထက် လိင်ဆက်ဆံမှု လုံးဝမရှိတဲ့သူဟာ စိတ်ဖိစီးမှုပိုများတယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံစဉ်အတွင်းမှာ Endorphins နဲ့ Oxytocin ဟော်မုန်းတွေ ထွက်စေတာကြောင့် စိတ်ဖိစီးမှုလျော့ကျစေပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။
(၂) ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပိုများတယ်
Photo : Best Urologist in Pune | Urolife Urology
လိင်မှုကိစ္စနဲ့ ကင်းကွာနေခြင်းဟာ အမျိုးသားတွေအတွက် ဆီးကျိတ်ကင်ဆာ အန္တရာယ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ။ American Urological Association မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ ပုံမှန်ပြုလုပ်တဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေတယ်လို့ ဆိုပါတယ်။ မကြာခဏ သုတ်လွှတ်ခြင်းဟာ ဆီးကျိတ်မှ အန္တရာယ်ရှိတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
(၃) အအေးမိ တုပ်ကွေး ဖြစ်နိုင်တယ်
Photo : Men’s Health
လိင်မှုဆိုင်ရာလှုပ်ရှားမှုနဲ့ ကိုယ်ခံအားစနစ်ဟာ ဆက်စပ်နေတာပါ။ လိင်ဆက်ဆံမှု လုံးဝမရှိဘူးဆိုရင် ကွီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းသွားစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ကိုယ်ခံအားနည်းခြင်းကြောင့် မကြာခဏ ဖျားနာတာ ၊ အအေးမိ တုပ်ကွေးရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။
(၄) ပန်းသေပန်းညိုး ဖြစ်နိုင်တယ်
Photo : Urology Austin
ဒါဟာ အမျိုးသားတွေအတွက် ပန်းသေပန်းညိုးဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ American Journal of Medicine မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုအရ လိင်ဆက်ဆံမှုမရှိတဲ့ အမျိုးသားတွေဟာ လိင်အင်္ဂါ ချို့ယွင်းမှု ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုထားပါတယ်။
Featured Photo : Men’s Health