တချို့ကွီးတို့အတွက် ဆိုဒ်ဆိုတာကြီးက အာရုံနောက်အောင် ပြုလုပ်နေတာတော့ အမှန်ပါပဲ။ ဒီလို အာရုံနောက်အောင် ပြုလုပ်နေတဲ့ ဆိုဒ် အရွယ်အစား ကို ကွီးတို့ စိတ်ကြိုက် ပြောင်း လဲနိုင်လို့ ရတယ်ဆိုတာရော သိပြီးပါပြီလား။
ဒီလိုမျိုး ကိုယ့်စိတ်ကြိုက် အရွယ်အစား ပြောင်း လို့ရနေမှတော့ ဘာတွေကို အချိန်ကုန်ခံပြီး တွေးပူနေတော့မှာလဲ။
ဘယ်အရွယ်အစားက ပုံမှန်အရွယ်အစား ဖြစ်မလဲ
ငါ့အရွယ်အစားက သေးနေမလား၊ တော်ကြာ ငါ့ရှော်တီလေးက ငါ့အရွယ်အစားက သေးလို့ဆိုပြီး ငါ့ကို ထားခဲ့မလား စတဲ့ အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ တွေးပူနေတဲ့ဖြစ်ရပ်မျိုးသည် အမျိုးသားတော်တော်များများဆီမှာရှိကြပါတယ်။ ပြီးတော့ အမျိုးသားထုကြီး တော်တော်များများက ပုံမှန်အရွယ်အစားက ဘယ်လောက်ဖြစ်မလဲဆိုတာကို အမြဲတမ်း တွေးတောနေတတ်ကြပါတယ်။
ကွီးတို့ရဲ့ သောကတွေကို ဖြေရှင်းပေးဖို့အတွက် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ပါ။
ကွီးတို့ရဲ့ ညီလေးက အိပ်ရာနိုးထချိန်မှာ ကွီးတို့က တိုင်းတာကြည့်လိုက်တဲ့အခါ ၅ လက်မ ဝန်းကျင် (၁၃ စင်တီမီတာ) လောက်ရှိတယ်ဆိုရင်တော့ ဒါက ပုံမှန်အရွယ်အစားပဲဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲနဲ့ ညီလေး အိပ်ရာနိုးချိန်မှာ တိုင်းကြည့်လိုက်လို့ သူက ၃ လက်မအောက် (၇.၅ စင်တီမီတာ) နည်းနေမယ်ဆိုရင်တော့ ဒါက အရွယ်အစား သေးတယ်လို့ ခေါ်နိုင်ပါတယ်။
ကွီးတို့က ကိုယ့်ရဲ့ အရွယ်အစားကို စိတ်တိုင်းမကျဘူး။ ပြောင်းလဲပစ်ချင်တယ်ဆိုရင်လည်း နည်းလမ်းအမျိုးမျိုး ရှိပါသေးတယ်။ ထိုနည်းလမ်းများထဲက ကြိုက်နှစ်သက်ရာတစ်မျိုးကို အသုံးပြုကာ ကွီးတို့ရဲ့ အရွယ်အစား ကို ပြောင်း လဲပစ်နိုင်ပါတယ်။
ဆေးလုံးများနဲ့ လိုးရှင်းများ လူးခြင်း
အစားအသောက်နဲ့ ဆေးဝါး ထောက်ခံချက် အမှတ်ရရှိထားပြီး နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ ဆေးလုံးများ၊ ဆေးတောင့်များကို အသုံးပြုကာ ကွီးတို့ ညီလေးကို ကြီးလာအောင် ဖန်တီးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း လိုးရှင်းများ အသုံးပြုကာ အရွယ်အစားကို ပြောင်းလဲနိုင်ပါတယ်။ ထိုဆေးလုံးများ၊ လိုးရှင်းများထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ၊ ဟော်မုန်းပြောင်းလဲစေသော ဓာတ်များ ပါဝင်တာကြောင့် ကွီးတို့ ညီလေး အရွယ်အစား မကြီးလာမှာကိုတော့ ပူစရာမလိုပါဘူး။
Vacuum Pumps အသုံးပြုခြင်း
ဒီပစ္စည်းလေးကလည်း လတ်တလောမှာ အတော်လေး ရေပန်းစားနေတဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ထိုပစ္စည်းက ကွီးတို့ရဲ့ လိင်တံဆီသို့ သွေးရောက်အောင် ဆွဲယူပေးသွားပြီး ညီလေးကို ရောင်ရမ်းလာပြီး ကြီးလာစေပါယ်။ ထိုပစ္စည်းက ရွှေပန်းညှိုးနေပြီး လိင်အင်္ဂါ မထောင်မတ်နိုင်သူတွေလည်း အသုံးပြုနိုင်တဲ့ ပစ္စည်းတစ်မျိုးပါ။
သတိထားရမယ့် တစ်ချက်ကတော့ ဒီပစ္စည်းသည် ကွီးတို့ရဲ့ ညီလေးကို ခဏတဖြုတ် ကြီးလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ကြိမ်ဖန်များစွာ အသုံးပြုမယ်ဆိုရင်တော့ ညီလေးထဲက ကျုံ့ကြွတစ်သျှူးများ ပျက်စီးသွားပြီး ကွီးတို့ရဲ့ ညီလေး တောင့်တောင့်တင်းတင်းလေး ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။
လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ဒီနည်းလမ်းလေးကတော့ ဘေးအကင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဘေးအကင်းဆုံးဆိုတော့ ရလာဒ်ကတော့ အချိန်အနည်းငယ် ကြာတတ်ပါတယ်။ တဖြည်းဖြည်းချင်းစီနဲ့ လေ့ကျင့်ခန်းကို မှန်မှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ညီလေးက ဘာဘေးထွက်ဆိုးကျိုးမှ မခံစားရဘဲနဲ့ သဘာဝအတိုင်း ကြီးထွားလာမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ အရွယ်အစားကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ပြောင်းလဲချင်ပါသလဲ။
Source: Mayoclinic.org
Featured Image: Hype.my