ပြင်း ပြင်းထန်ထန် ချစ်တင်းနှော ခြင်း ကို လူသိများလာအောင် မိတ်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်တစ်ခုကို ပြောပါဆိုရင် ကွီးတို့ စိတ်ထဲမှာ ဘယ်ရုပ်ရှင်ကို ပြေးမြင်မိပါသလဲ။
မှန်ပါတယ်။ Fifty Shades of Grey လို့ ပြောရမှာပါပဲ။ အဲ့ဒီဇာတ်ကားကြောင့်ပဲ စုံတွဲတွေကြားမှာ ပြင်း ပြင်းထန်ထန် ချစ်တင်းနှော ခြင်း လို့ခေါ်တဲ့ BDSM က ခေတ်စားလာတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ စုံတွဲတွေကြားထဲမှာ ထို BDSM ကို ကျင့်သုံးခြင်းအားဖြင့် သူတို့ရဲ့ Sex Life အပေါ် ဘယ်လို အကျိုးသက်ရောက်မှုမျိုး ရှိနိုင်မလဲ။
လိင်ပိုင်းဆိုင်ရာ လိုင်စင်ရ အကြံပေးဆွေးနွေးပေးသူ ဒေါက်တာ Stephanie Hunter Jones သည် BDSM နဲ့ ပတ်သက်ပြီး သုတေသနပြု လေ့လာကြည့်တဲ့အခါမှာ ထို BDSM သည် တစ်ယောက်နဲ့ တစ်ယောက်ကြား အဆင်မပြေဖြစ်နေကြတဲ့ စုံတွဲများ၊ ကတောက်ကဆ ဖြစ်လွန်းတဲ့ စုံတွဲများအကြား အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ သူက ပြောကြားထားပါတယ်။ ဒါပေမဲ့ အရင်ကတည်းက ထို BDSM ကို သုံးဖူးပြီးသား စုံတွဲတွေကျပြန်တော့ ဘာမှ အထူးတလည် အကျိုးထူးတွေ မခံစားရပြန်ပါဘူး။
ဒါဆိုရင် တစ်ခါမှ BDSM မလုပ်ဖူးတဲ့ စုံတွဲတွေအတွက်ကရော
ဒါကတော့ လွယ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဗီဒီယို အများအပြားရှိပါတယ်။ ထိုဗွီဒီယိုတွေ ကြည့်ပြီး ကွီးတို့လည်း လက်တွေ့ ပြန်လည် အသုံးချလို့ရပါတယ်။ ဒါမှမဟုတ် ကိုယ်ပိုင် ဇာတ်လမ်း ဖန်တီးပြီးတော့လည်း BDSM နည်းကို စမ်းကြည့်နိုင်ပါတယ်။ ဥပမာ ကွီးတို့ စုံတွဲထဲက တစ်ယောက်ယောက်က ပါဝါရှိတဲ့သူအဖြစ် (ကုမ္ပဏီ စီအီးအို) သရုပ်ဆောင်ပြီး ကျန်တစ်ယောက်က ပါဝါရှိတဲ့သူ ပြုသမျှ နုရမယ့်သူအဖြစ် သရုပ်ဆောင်ကာ BDSM ကို အသုံးချနိုင်ပါတယ်။
နှစ်ဦး နှစ်ဖက် ဘေးကင်းအောင် ဘယ်လိုမျိုး ပြင်း ပြင်းထန်ထန် ချစ်တင်းနှော ကြမလဲ
စားတာကလည်း စား၊ ဘေးကင်းဖို့လည်း လိုပါသေးတယ်။ ဒါ့ကြောင့် ကြမ်းကြမ်းတမ်းတမ်းကြီးတွေ လုပ်မိပြီး တစ်ယောက်ကို တစ်ယောက် နာကျင်အောင် လုပ်မိတဲ့အခါမှာ ရေရှည်အတွက် ကောင်းမှာမဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ တစ်ယောက်က စွမ်းအား ကြီးသူ၊ တစ်ယောက်က စွမ်းအား ကြီးသူ ပြုသမျှ နုရမယ့်သူဆိုရင် ဘယ်အတိုင်းအတာအထိတော့ ပြုလုပ်မယ်ဆိုတာကို အစကတည်းက လက်ဝါးချင်း ရိုက်ထားဖို့ လိုပါလိမ့်မယ်။ မစခင်ကတည်းက ဘယ်လိုပုံစံနဲ့ စမလဲ၊ ဘာတွေ ဘယ်လို ဆက်လုပ်မလဲ စတဲ့ အခြေအနေတစ်ခုလုံးကို ကြိုတင် ဇာတ်တိုက်ထားဖို့ လိုအပ်ပါတယ်။ စပရိုက်အဆင့်တွေ ထည့်မယ်ဆိုရင်လည်း တစ်ဖက်လူအတွက် အထိအခိုက် မဖြစ်စေမယ့် အဆင့်မျိုး ဖြစ်ဖို့ လိုပါတယ်။
ဒါဆိုရင်တော့ ကွီးတို့လည်း ဘေးကင်းကင်းနဲ့ မိုက်ကုန် ပျော်မြူးနိုင်မယ့် BDSM နည်းလမ်းလေးကို အသုံးချလို့ရပြီပဲဖြစ်ပါတယ်။
Source: Vinmec.com
Featured Image: Freepik