ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေတဲ့ ညိုကီတို့ ရှိပါသလား။ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုရင် အစားအစာက အတိုင်းအတာတစ်ခုထိ အရေးပါတာ သိကြမှာပါ။လူတော်တော်များများက ကိုယ်အလေးချိန်ချဖို့ဆိုရင် ကယ်လိုရီပါဝင်တာတွေ မစားတော့တာ၊ အစားလျှော့ချလိုက်တာမျိုး ပြုလုပ်လေ့ရှိပါတယ်။ ကယ်လိုရီကို တစ်နေ့မှာ ၁၀၀၀ ထက်နည်းစားတာ၊ အစားကို ပမာဏအနည်းငယ်ပဲ စားတာက ရေရှည်မှာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် အစားအလွန်အကျွံ နည်းပြီးစားတာ သို့မဟုတ် ကယ်လိုရီ စားသုံးမှုကို ကန့်သတ်တာတွေ အစား ခန္ဓာကိုယ်အတွက် ကျန်းမာသန်စွမ်းသော အစားအစာများကို ရွေးချယ်စားသုံးပါ။ ဒီနည်းက ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ပိုမိုထိရောက်တဲ့ နည်းဗျူဟာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့ ဝိတ်ချနေတဲ့ ညိုကီတို့ အတွက် ဘယ်လိုအစားအစာတွေ စား‌ပေးသင့်သလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပရိုတင်းများ

ဝိတ်ချနေတဲ့ ညိုကီတို့

Photo : Muscles and Fitness

ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင် ပရိုတင်းဓာတ်ကို သေချာစားပေးဖို့လိုပါတယ်။ ပရိုတင်းဓာတ်က အစာစားပြီးနောက်တွင် ဆာလောင်မှုဟော်မုန်း Ghrelin လျှော့ချပေးတာကြောင့် ဆာလောင်တဲ့ ခံစားချက်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် အချိန်ကြာကြာ ပြည့်ဝနေစေပါတယ်။ ကြက်၊ ကြက်ဆင်နှင့် အမဲသားကဲ့သို့ ပရိုတင်းရင်းမြစ်များက ကွီးတို့ကို ပြည့်ဝစေပြီး စားချင်စိတ်ကို လျော့ကျစေကာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပါတယ်။ ပဲ၊ ပဲနီတို့လို အပင်အခြေခံပရိုတင်းဓာတ်တွေကလည်း အမျှင်ဓာတ်လည်း မြင့်မားတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ကြက်ဥ

ဝိတ်ချနေတဲ့ ညိုကီတို့

Photo : Medium

ကြက်ဥမှာ မရှိမဖြစ်သော ဗီတာမင်များ (ဗီတာမင် C မှလွဲပြီး) ဖော့စဖရပ်စ်၊ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်ကဲ့သို့သော သတ္တုဓာတ်များ ပါဝင်ပါတယ်။ ပြီးပြည့်စုံသော ပရိုတင်းအရင်းအမြစ် ဖြစ်သည့်အပြင် ကြက်ဥက ကိုယ်အလေးချိန် လျှော့ချနေသူများ စားပေးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်များ

ဝိတ်ချနေတဲ့ ညိုကီတို့

Photo : www.maggi.ph

ဟင်းသီးဟင်းရွက်များက ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့်၊ ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ်ကဲ့သို့သော ဟင်းသီးဟင်းရွက်များက အမျှင်ဓာတ်နှင့် ဗီတာမင်များကြွယ်ဝပြီး အစာခြေပြဿနာများကို လျှော့ချပေးနိုင်ပါတယ် အစိမ်းရင့်ရောင်အရွက်များဟာ ပရိုတင်းဓာတ်ပါဝင်ပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကယ်လိုရီနည်းတဲ့ ဟင်းသီးဟင်းရွက်တွေက ဝိတ်ချနေချိန်မှာ စားသုံးဖို့ အကောင်းဆုံးပါပဲ။

ထောပတ်သီး

Photo : Food & Wines

ထောပတ်သီးက အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေရဲ့ အရင်းအမြစ်တစ်ခုဖြစ်တာကြောင့် ဆာလောင်မှုကို လျှော့ချပေးနိုင်တဲ့ အစားအစာကောင်း တစ်ခုလည်းဖြစ်ပါတယ်။ ဝိတ်ချနေသူများအတွက် ထောပတ်သီးက စားပေးသင့်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

ပန်းသီး

Photo : Insanely Good Recipes

ပန်းသီးတွေမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဒါ့အပြင် ယောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေရှိပြီး Phytochemicals နဲ့ ဗီတာမင် C တို့ ပါဝင်ပါတယ်။ ဝိတ်ချနေစဉ်မှာ ပန်းသီးကို သရေစာ အဖြစ်စားပေးနိုင်ပါတယ်။

ပုစွန်

Photo : Being The Parent

ပုစွန်စားသုံးခြင်းက ကျွန်တော်တို့ရဲ့ အစာအိမ်အား ကျေနပ်တင်းတိမ်ကြောင်း အချက်ပြသည့် Cholecystokinin သို့မဟုတ် CCK ဟော်မုန်းထုတ်လုပ်မှုကို နှိုးဆွပေးခြင်းဖြင့် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ထို့အပြင် ပုစွန်နှင့် အခြားခရုခွံများတွင် ဇင့်နှင့် ဆီလီနီယမ်၊ ခုခံအားကျန်းမာရေးအတွက် အရေးကြီးသော သတ္တုဓာတ်နှစ်မျိုး ပါဝင်တာကြောင့် ခန္ဓာကိုယ်စွမ်းအင်ကို တိုးစေပါတယ်။

အခွံမာသီးနှင့် အစေ့အဆံများ

ဝိတ်ချနေတဲ့ ညိုကီတို့

Photo : Veecoco

အစေ့အဆံများနဲ့ အခွံမာသီးတွေက မတူညီတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ အခွံမာသီးတွေက အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်သော အဆီများရဲ့ အရင်းအမြစ်ကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အခွံမာသီးနှင့် အစေ့အဆံများကို စားပေးခြင်းဖြင့် ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ဝိတ်ချတဲ့ နေရာမှာလည်း အထောက်အကူပြုစေပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ဝိတ်ချနေတဲ့ ညိုကီတို့ အစားကို အလွန်အကျွံလျော့လိုက်တာထက် ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်အလေးပေး စားသုံးနိုင်အောင် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း တစ်နေ့မှာ နာရီဝက်ခန့် ပုံမှန်လုပ်ပေးရင် အဆီကင်းပြီး ကျစ်လစ်တဲ့ ဘော်ဒီကို အမြန်ဆုံး ရရှိနိုင်မှာ ဖြစ်ပါတယ်။

Source : Fobes

Featured Photo : Vista Create