အမျိုးသားတိုင်း ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းချင်ကြတာချည်းပါပဲ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူတစ်ယောက်အတွက် ဆွဲဆောင်မှု ရှိခြင်းလို့ ဆိုရာမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ အလေးထားခြင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စတိုင်လ်အပါအဝင် မတူညီသောအချက်များစွာကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ရုပ်ရည်ကြည့်ကောင်းချောမောနေမှ ဆွဲဆောင်မှုရှိစေတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကောင်းမွန်သော အလေ့အကျင့်တွေ၊ အပြုအမူကောင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသား တစ်ယောက်အဖြစ် ကိုယ်တိုင်ဖန်တီး လို့ရပါတယ်။ ဆက်လက်ပြီးတော့ ကွီးတို့ကို ဆွဲဆောင်မှု ရှိစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ပြုံးပါ

ဆွဲဆောင်မှုရှိတဲ့ အမျိုးသား

Photo : Vista Create

နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးကို ဆင်မြန်းထားသူတွေက ခင်မင်ရင်းနှီးဖွယ်ကောင်းတယ်လို့ ယူဆကြပါတယ်။ အကောင်းမြင်စိတ်နဲ့ ပြုံးတဲ့အခါ၊ ဒီလိုအပြုအမူလေးက တခြားသူများကို ပျော်ရွှင်စေပြီး ခင်မင်ရင်းနှီးမှုကို ခံစားရစေပါတယ်။ အပြုံးက ဆွဲဆောင်မှုရှိတဲ့ ယောက်ျားလေးတွေရဲ့ အထင်ရှားဆုံး အလေ့အကျင့်တစ်ခုပါပဲ။ ဒါ့ကြောင့် ပြုံးဖို့ မမေ့ပါနဲ့။

ကောင်းမွန်သော အမူအကျင့်တွေ ရှိပါစေ

ဆွဲဆောင်မှုရှိတဲ့ အမျိုးသား

Photo : Medium

ကောင်းမွန်သော အမူအကျင့်တွေရှိခြင်းက ဆွဲဆောင်မှုရှိသောလူများရဲ့ အရည်အသွေးကောင်း တစ်ခုဖြစ်ပါတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ သူတို့ကို လေးစားမှုပေးပြီး အမူအကျင့်ကောင်းပြပါ။ ကိုယ့်ထက် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လေးစားမှုနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ့်ကိုယ်လည်းပြန်ပြီး လေးလေးစားစား ဆက်ဆံပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားရှိပါ

ဆွဲဆောင်မှုရှိတဲ့ အမျိုးသား

Photo : Best Life

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်းကလည်း ကွီးတို့ကို ပိုမို ဆွဲဆောင်မှု ရှိပါတယ်။ တစ်ခုခုကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်တာ၊ ပြောဆိုတာ၊ ဘယ်လိုကိစ္စကိုမဆို ယုံကြည်ချက်ရှိရှိ လုပ်ဆောင်တာမျိုးက ယောကျာ်းဆန်တဲ့ ဆွဲဆောင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မွေးမြူပါ။

ကောင်းမွန်သော ကိုယ်နေဟန်ထားရှိပါစေ

Photo : Real Man Real Style

ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားရှိခြင်းက ကွီးတို့ကို ဆွဲဆောင်မှုရှိတယ်လို့ခံစားရစေပြီး ကိုယ်ရည်ကိုယ်သွေးနဲ့ ယုံကြည်မှုများစွာတိုးစေပါတယ်။ လမ်းလျှောက်တဲ့အခါ၊ လူအများစုဝေးရာကို သွားရောက်တဲ့အခါ လူတွေက ကွီးတို့ရဲ့ ကိုယ်နေဟန်ထားနဲ့ လမ်းလျှောက်ပုံကို သတိပြုမိပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်နေဟန်ထား ကောင်းမွန်စေဖို့ လေ့ကျင့်ထားသင့်ပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

Photo : Fashionisers

ကွီးတို့ရေ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးပေးပါ။ နေ့တိုင်းပုံမှန်ရေချိုးပါ။ မျက်နှာ အသားအရေကို အမြဲဂရုစိုက်ပြီး လက်သည်းခြေသည်များ တိုတိုညှပ်ကာ သန့်ရှင်းနေပါစေ။ ဒါ့အပြင် ကောင်းမွန်သော ခံတွင်းနံ့ရှိစေရန်လည်း ဂရုပြုပါ။ ဒါ့အပြင် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းအောင်လည်း ပြုမူနေထိုင်ပါ။ ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဆံပင်ပုံစံကြောင့် ကွီးတို့ကို ပိုပြီး ကြည့်ကောင်းစေသလို ကွီးတို့ရဲ့ အသွင်အပြင်ကို ပိုပြီး ကြည့်ရဆိုးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ထားရှိပြီး ပုံမှန်ခေါင်းလျှော်ပါ။

ကောင်းမွန်သပ်ရပ်စွာ ဝတ်စားပါ

Photo : Ape to Gentleman

ဆွဲဆောင်မှုရှိတဲ့ အမျိုးသား တစ်ယောက်ဖြစ်ဖို့ဆိုရင် အဝတ်အစားကလည်း အရေးကြီးပါတယ်။ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်ပုံဟာ လူတွေက ကွီးတို့အပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အပေါ် သိသိသာသာ သက်ရောက်မှုပါတယ်။ သပ်ရပ် သန့်ရှင်းစွာ ဝတ်စားဆင်ယင်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သလို ကိုယ်နဲ့ဆက်ဆံရတဲ့ သူများကိုလည်း လေးစားရာရောက်ပါတယ်။ သပ်ရပ်ကြည့်ကောင်းပြီး စတိုင်လ်ကျစေဖို့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မျိုး မရှိမဖြစ် မလိုအပ်ပါဘူ။ အရေးကြီးတဲ့အချက်ကတော့ ကွီးတို့ ခန္ဓာကိုယ်အမျိုးအစားနှင့် လိုက်ဖက်ညီပြီး ပရော်ဖက်ရှင်နယ်ကျကျ နေရာဒေသအလိုက် ရွေးချယ်ဝတ်ဆင်တတ်ဖို့သာ လိုပါတယ်။

ဒီနည်းလေးတွေကို ပုံမှန်ကျင့်သုံးပေးရင် ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။

Source : Linked In

Featured Photo : Real Man Real Style