တိုးတက်လာတဲ့ခေတ်နဲ့အညီ ဖက်ရှင်ရေစီးကြောင်းကလည်း ပိုမိုအရေးပါလာပြီး လူတိုင်းစိတ်ဝင်စားလာကြပါတယ်။ ထို့အတူ အမျိုးသား၊ အမျိုးသမီးမရွေး ဖက်ရှင်ကို အလေးပေးလာကြပြီး ဈေးကွက်မှာလည်း ဖက်ရှင်နဲ့ ပတ်သတ်တာတွေ၊ အသုံးအဆောင်တွေလည်း ရွေးချယ်စရာ အများအပြားပါပဲ။ အမျိုးသားတစ်ယောက် အထာကျဖို့ဆို ဝတ်စားဆင်ယင်မှုသာမက အသုံးအဆောင်တွေကလည်း အရေးပါလာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့ အထာကျဖို့ ရှိသင့်ရှိထိုက်တဲ့ အသုံးဝင်တဲ့ အသုံးအဆောင် ပစ္စည်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

နာရီ

အထာကျဖို့ဆို

Photo : Watches You Can Afford

နာရီတွေက အသုံးအဆောင်အများကြီးကို မကြိုက်နှစ်သက်တဲ့ အမျိုးသားတို့အတွက် တစ်ခုတည်းနဲ့ မိမိရဲ့ အသွင်အပြင်ကို လုံလောက်စွာ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် မရှိမဖြစ်လိုအပ်ပြီး ဘယ်တော့မှ မရိုးတဲ့ အသုံးအဆောင်တစ်ခုကို ပြောပါဆိုရင်လည်း နာရီတွေက ထိပ်ဆုံးကပါပဲ။ နာရီကိုရွေးချယ်သောအခါတွင် ဂန္ထဝင်ဆန်ပြီး အမြဲတမ်းအတွက် အဆင်ပြေတဲ့ ဒီဇိုင်းကို ရှာပါ။

ခါးပတ်

အထာကျဖို့ဆို

Photo : www.avelim.co.il

အမျိုးသားတိုင်း အတွက် ရှိသင့်ပြီး ဖက်ရှင်ကို ပံ့ပိုးပေးနိုင်တဲ့ အသုံးအဆောင် ပစ္စည်းများထဲက တစ်ခုကတော့ ခါးပတ်တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ခါးပတ်တွေက သိသာထင်ရှားမှုနဲ့ ကိုယ့်ရဲ့ အသွင်အပြင်ကို ပေါ်လွင်စေဖို့အတွက် အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ ခါးပတ်တွေက ကွီးတို့ရဲ့ဝတ်စားဆင်ယင်မှုရဲ့ အလုံးစုံအသွင်အပြင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကွီးတို့ ဖိနပ်နဲ့ လိုက်ဖက်တဲ့ ခါးပတ်အရောင်ကို ရွေးချယ်ဝတ်ဆင်ပါ။

နေကာမျက်မှန်

အထာကျဖို့ဆို

Photo : Boss Hunting

နေကာမျက်မှန်က တောက်ပတဲ့ နွေရာသီနေ့ရက်များမှာ မျက်လုံးကို နေရောင်မှ ကာကွယ်ပေးတဲ့ အသုံးအဆောင်တစ်ခု ထက်ပိုပါတယ်။ နေကာမျက်မှန်တွေက ဖက်ရှင်အသုံးအဆောင် တစ်ခုအနေနဲ့ သုံးရင်လည်း ကိုယ့်ရဲ့ ဖက်ရှင်နဲ့ အသွင်အပြင်ကို ကောင်း‌ကောင်းပံ့ပိုးနိုင်ပါတယ်။ စတိုင်လ်မိမိ အထာကျကျ ဖက်ရှင်အတွက်ဆိုရင်တော့ နေကာမျက်မှန်တွေက မပါမဖြစ်ပါပဲ။ သတိထားစရာတစ်ခုကတော့ ကွီးတို့ မျက်နှာအကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ဖြစ်ဖို့တော့ လိုပါတယ်။

လက်စွပ်နဲ့ ဆွဲကြိုးများ

Photo : GQ

ကွီးတို့ရေ အခုနောက်ပိုင်းမှာ အမျိုးသားတို့အတွက် လက်ကောက်၊ ဆွဲကြိုး၊ လက်စွပ်စတဲ့ အသုံးအဆောင်တွေကလည်း လူကြိုက်များလာပြီး သေချာစွာ ဝတ်ဆင်တတ်ရင် အထာကျပြီး မိမိုက်စေမှာ အမှန်ပါပဲ။ ကွီးတို့အနေနဲ့ ဒီလို Accessories တစ်ခါမှ မဝတ်ဆင်ဘူးသေးဘူးဆိုရင်တော့ အခုက စတင်ဖို့အချိန်ကောင်းပါပဲ။ Street ဖက်ရှင်အတွက်ပဲ ဖြစ်ဖြစ်၊ ဂန္တဝင် အသွင်အပြင်အတွက်ပဲ ဖြစ်ဖြစ် လိုက်ဖက်ညီအောင် ဝတ်ဆင်နိုင်ပါတယ်။ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှု အပေါ်မူတည်ပြီး ထို Accessories တွေရဲ့ ဒီဇိုင်းကို သေချာရွေးချယ်ဖို့ပဲ လိုပါတယ်။

ပိုက်ဆံအိတ်

Photo : Top Trends Guide

ယောက်ျားလေး တော်တော်များများက ပိုက်ဆံအိတ်ကို သိပ်အလေးအနက်ထားပြီး မရွေးချယ်ပါဘူး။ ဒါမဲ့ ကွီးတို့ရဲ့ ငွေသားတွေ၊ ကဒ်တွေ၊ လိုင်စင်ကဒ်တွေထည့်ဖို့ ပိုက်ဆံအိတ်က ရှိထားသင့်ပါတယ်။ ပိုက်ဆံအိတ်က မရှိမဖြစ် မလိုအပ်သော်လည်း ကွီးတို့ရဲ့ ငွေသားနဲ့ ကဒ်တွေ စနစ်တကျ ထည့်ထားရန်အတွက်အပြင်၊ အဆင်ပြေမှုနဲ့ စတိုင်လ်ကို ပေးဆောင်သည့် ဆက်စပ်ပစ္စည်း ဖြစ်သောကြောင့် အရည်အသွေးကောင်းသော ပိုက်ဆံအိတ် ကောင်းကောင်း တစ်လုံးတော့ ရှိသင့်ပါတယ်။

ကွီးတို့ရေ အထာကျဖို့ဆို ဒီအသုံးအဆောင်လေးတွေက ရှယ်ကို အသုံးဝင်တာနော်။

Source : Rgmtco