အရွယ်အစား ခပ်သေးသေးနဲ့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ အဆင်ပြေမယ့် Bluetooth စပီကာကောင်းကောင်း တစ်လုံးရှာနေပါသလား။ သီချင်းတွေကြိုက်တဲ့ ကွီးတို့အတွက်ကတော့ အမိုက်စား အသံကွာလတီနဲ့ နေရာလည်း သိပ်မယူတဲ့ အသေးစား Bluetooth စပီကာတစ်လုံး သေချာပေါက် လိုမှာပါ။ Bluetooth စပီကာတွေ အမျိုးမျိုးရှိတဲ့ အထဲကမှ အကောင်သေး သေးနဲ့  အသံကွာလတီပိုင်း ရှယ်ဖြစ်နေတာမျိုး လိုချင်ရင် အခုပြောပြမယ့် ကောင်လေးတွေထဲက ရွေးချယ်နိုင်ပါတယ်။

(၁) JBL Clip 4

jbl clip 4

Photo : Stereo Guide

အကောင်သေး သေးနဲ့  အသံဆာတဲ့ Bluetooth စပီကာ လို့ပြောလိုက်ရင် JBL Clip 4 ကိုတော့ သေချာပေါက် ထည့်ပြောရမှာပါ။ အရွယ်အစားအားဖြင့် သေးငယ်ပြီး ဘယ်နေရာမဆို အလွယ်တကူ ချိတ်ထားလို့ရမယ့် သော့ချိတ်ပုံစံ Clip လေးလည်း ပါပါတယ်။ ရေစိုခံပြီး ဘက်ထရီ အားဖြင့်လည်း ၁၀ နာရီဝန်းကျင် အသုံးပြုလို့ရသလို အသံကွာလတီပိုင်းလည်း တော်တော်လေး မိုက်တဲ့ အသေးစား Bluetooth စပီကာတစ်လုံး ဖြစ်ပါတယ်။

(၂) Ultimate Ears WONDERBOOM 3

ultimate ears wonderboom 3

Photo : MusicTech

Ultimate Ears WONDERBOOM 3 လေးကတော့ လက်တစ်ကိုင်စာ အရွယ်လေးနဲ့ ၃၆၀ ဒီဂရီ အသံစနစ်ပါတဲ့ အမိုက်စား Bluetooth စပီကာလေး တစ်လုံးဖြစ်ပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ ရေစိုခံသလို တစ်ခါအားသွင်းပြီးတိုင်းမှာ ဘက်ထရီ သက်တမ်း ၁၃ နာရီဝန်းကျင် အသုံးပြုလို့ရတာကြောင့် ခရီးသွားတဲ့အချိန်တွေ ဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ အသေးစားပါတီပွဲလေးတွေ ကျင်းပတဲ့အခါမှာ ဖြစ်ဖြစ် အချိန်ကြာကြာ အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။

(၃) Bose SoundLink Micro

Bose SoundLink Micro

Photo : CNET

အလုပ်စားပွဲပေါ်မှာ တင်ထားဖို့အတွက် နေရာအများကြီးမယူပဲ အကောင်သေး သေးနဲ့ အသံထွက်လည်း မိုက်တဲ့ Bluetooth စပီကာမျိုးဆိုရင်တော့ Bose SoundLink Micro ကို ညွှန်းပေးချင်ပါတယ်။ ဒီကောင်လေးက Indoor မှာပဲ မဟုတ်ပါဘူး။ လေဒဏ်ရေဒဏ် ကောင်းကောင်း ခံနိုင်သလို စပီကာရဲ့ ဘော်ဒီကျောဘက်မှာ ချိတ်လေးပါတဲ့အတွက် ကျောပိုးအိတ်မှာပဲဖြစ်ဖြစ် ၊ စက်ဘီးမှာပဲဖြစ်ဖြစ် ချိတ်ဆွဲပြီးလည်း အပြင်သွားတဲ့အခါ အလွယ်တကူ ယူသွားလို့ရပါတယ်။ ပေါ့ပါးသေးငယ်ပြီး အသံထွက်လည်း ရှယ်ကောင်းသလို ဘက်ထရီအားဖြင့်လည်း ၆ နာရီခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၄) Anker Soundcore Mini

Anker Soundcore Mini

Photo : Unwired for Sound

ရိုးရှင်းတဲ့ ဒီဇိုင်း ၊ သေးငယ်တဲ့ အရွယ်အစားနဲ့ အသံဆာတဲ့ Bluetooth စပီကာတွေထဲမှာ Anker Soundcore Mini ကတော့ လက်ရှိအချိန်ထိ လူကြိုက်များ ရေပန်းစားနေဆဲပါပဲ။ အကွာအဝေးအားဖြင့် ၆၆ ပေအထိ Bluetooth ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်သလို ဘက်ထရီသက်တမ်းကလည်း ၁၆ နာရီဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Anker ရဲ့ Product တွေထဲတစ်ခု ဆိုတဲ့အတိုင်းပဲ ဒီကောင်လေးက Bass အသံထွက် ရှယ်မိုက်ပြီး အသံထွက် တော်တော်လေး ကျယ်သလို အချိုရည်ဗူးတစ်ဗူးထက် သေးငယ်တဲ့ အရွယ်အစားနဲ့လာတဲ့ အမိုက်စား Bluetooth စပီကာတစ်လုံး ဖြစ်ပါတယ်။

Featured Photo : Unwired for Sound