အမျိုးသားတွေအတွက် မရှိမဖြစ်တဲ့ Accessories တွေထဲမှာ နာရီတွေကတော့ ထိပ်ဆုံးကပါပါတယ်။ နာရီဆိုတာ အချိန်ကြည့်ဖို့ သပ်သပ်မဟုတ်ပါပဲ လူတစ်ယောက်ရဲ့ ဖက်ရှင်ကျမှုနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြပေးနေတဲ့ ပစ္စည်းတစ်ခုပါ။ အခုလက်ရှိ နည်းပညာခေတ်ကြီးထဲမှာတော့ သာမန်ရိုးရိုးနာရီတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေအများကြီးပါတဲ့ စမတ်နာရီတွေ အများအပြား ရွေးချယ်စရာ ရှိလာနေပါတယ်။ စမတ်နာရီတွေဟာ ပေါ့ပါးပြီး ဝတ်ရတာသက်တောင့်သက်သာရှိတဲ့အပြင် ကွီးတို့ရဲ့ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီးလည်း ဖုန်းပြောတာ ၊ ဓာတ်ပုံရိုက်တာ ၊ အိပ်စက်ချိန် သတ်မှတ်ပေးတာ ၊ သီချင်းနားထောင်တာ ၊ အားကစားလုပ်ချိန်ကို ခြေရာခံတာ ၊ နှလုံးခုန်နှုန်းတိုင်းတာတွေအပြင် တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ Features တွေ အများကြီး လုပ်ဆောင်နိုင်တဲ့အတွက် နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင် တာတွေကို ပိုမိုလွယ်ကူအဆင်ပြေစေဖို့ ထောက်ပံ့ပေးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရိုးရိုးနာရီ တွေပဲ ဝတ်ရတာ ငြီးငွေ့နေတဲ့ ကွီးတို့အတွက် အမိုက်စား Android စမတ်နာရီတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Samsung Galaxy Watch 6 Classic

samsung galaxy watch 6 classic

Photo : The Verge

ဒါလေးကတော့ Samsung ဖုန်းကိုင်တဲ့ ကွီးတို့အတွက်ပါ။ Samsung ရဲ့ ၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာခဲ့တဲ့ စမတ်နာရီ စီးရီးထဲက ၃ လုံးအနက် Samsung Galaxy Watch 6 Classic ကတော့ သေချာပေါက် ရွေးချယ်သင့်တဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ Display ရော ဘက်ထရီပါ ပိုကြီးသလို တစ်ခါအားသွင်းပြီး နာရီပေါင်း ၃၀ ကျော် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ IP68 အဆင့်သတ်မှတ်ချက်ပါပြီး ရေအနက် ၅၀ မီတာအောက်အထိ ရေစိမ်ခံနိုင်တဲ့ အမိုက်စား စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၇၀ ကနေ ဒေါ်လာ ၄၀၀ ကြား ရှိပါတယ်။

(၂) Google Pixel Watch 2

Google Pixel Watch 2

Photo : Tech Crunch

ရိုးရိုးနာရီ မဟုတ်တဲ့ စမတ်နာရီတွေထဲက နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ Google ရဲ့ Pixel Watch 2 စမတ်နာရီပါ။ ဒီကောင်လေးမှာက အရင်မော်ဒယ်နဲ့မတူတဲ့ Processor အသစ် ၊ Multipath Health Sensor ၊ Wear OS 4 နဲ့ အသစ်သစ်သော Safety Features တွေ ပါဝင်ပြီး Update တွေလည်း ရနိုင်ပါတယ်။ အလေးချိန်အားဖြင့် ၃၁ ဂရမ်သာရှိပြီး ကျစ်ကျစ်လစ်လစ်နဲ့ ရိုးရှင်းတဲ့ဒီဇိုင်း ထုတ်ထားပါတယ်။ ဘက်ထရီ သက်တမ်းကတော့ ၂၄ နာရီ ခံမှာဖြစ်ပြီး Built-in GPS ၊ LTE ချိတ်ဆက်မှု (Optional) ၊ Music Storage အတွက် 32GB ပါဝင်သလို ရေအနက် ၁၆၄ ပေအထိ ရေစိမ်ခံပါတယ်။ Google Pixel Watch 2 ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၃) Mobvoi TicWatch Pro 5

Mobvoi TicWatch Pro 5

Photo : Telepolis.pl

ဘက်ထရီ ရှယ်ခံပြီး အကြမ်းပတမ်း ကောင်းကောင်း ခံနိုင်တဲ့ စမတ်နာရီမျိုး ရှာနေတယ်ဆိုရင်တော့ Mobvoi ရဲ့ TicWatch Pro 5 ကိုသာ ရွေးချယ်လိုက်ပါ။ Mobvoi TicWatch Pro 5 စမတ်နာရီမှာ Qualcomm ရဲ့အသစ်ထွက်ထားတဲ့ Snapdragon W5 Plus Chip ကို အသုံးပြုထားပြီး အရမ်းမိုက်တဲ့ Fitness Tracking လုပ်ဆောင်ချက်တွေလည်း ပါဝင်တာကြောင့် အားကစားလုပ်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အလေးချိန်အားဖြင့် ၄၄.၃ ဂရမ်ရှိပြီး OLED Touchscreen နဲ့ Secondary Ultra-low Power Display ကိုအသုံးပြုထားပါတယ်။ ဘက်ထရီ သက်တမ်းကတော့ တစ်ကြိမ်အားသွင်းထားရုံနဲ့ နာရီပေါင်း ၈၀ ကျော် တောက်လျောက် အသုံးပြုနိုင်မှာဖြစ်ပြီး ရေအနက် ၅၀ မီတာအထိ ရေစိမ်ခံနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်တဲ့အထဲမှာ ပါတဲ့အတွက် တော်တော်လေး သုံးပျော်တယ်လို့ ပြောလို့ရပါတယ်။ Mobvoi TicWatch Pro 5 ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၈၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Amazfit GTR 4

Amazfit GTR 4

Photo : Nextpit

ဈေးသက်သာပြီး စွမ်းဆောင်ရည်လည်းမိုက်တဲ့ ရိုးရိုးနာရီ မဟုတ်တဲ့ စမတ်နာရီ ဆိုရင်တော့ Amazfit GTR 4 ကို ညွှန်းချင်ပါတယ်။ Display ဆိုဒ်ကြီးတာထဲက လိုချင်သူတွေအတွက် အလွန်သင့်တော်ပြီး Amazon ရဲ့ Alexa ကိုအသုံးပြုနိုင်မယ့်အပြင် Dual-Band GPS ၊ OLED Touchscreen မျက်နှာပြင်နဲ့ ဘက်ထရီ သက်တမ်းကလည်း ၁၄ ရက်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၃၄ ဂရမ် ရှိပါတယ်။ Music Storage အတွက် 2.3GB ပါဝင်ပြီး Bluetooth နဲ့ Wi-Fi ချိတ်ဆက်မှုတွေ ရပါတယ်။ Amazfit GTR 4 ဟာလည်း ရေအနက် ၅၀ မီတာအောက်အထိ ရေစိမ်ခံနိုင် စမတ်နာရီတစ်လုံးဖြစ်ပြီး သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

ဒီလိုအထာကျပြီး နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ စမတ်နာရီတွေ ရွေးချယ်စရာ အများကြီး ရှိနေမှတော့ ကွီးတို့အနေနဲ့ ရိုးရိုးနာရီ တွေပဲ ပတ်နေဦးမလား ?

Featured Photo : WIRED