လိင်မှုကိစ္စက လူနှစ်ယောက်အတူတကွ သာယာပျော်ရွှင်မှုကို ရယူခြင်းဖြစ်ပြီ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် အတိပဲ ဖြစ်သင့်ပါတယ်။ သို့သော်လည်း သာယာမှုကိုသာ ဦးစားပေးပြီး သေချာအလေးထားရမယ့် အချက်တွေကို လျစ်လျူရှုမိရင် နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံမှု တိုင်းမှာ ဘေးကင်းလုံခြုံစေဖို့ အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့လိုပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းက လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများကို ကာကွယ်နိုင်သည်သာမက အဆင်သင့်မဖြစ်သေးဘဲ ကိုယ်ဝန်ရရှိခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မှန်မှန်ကန်ကန် ကွန်ဒုံး အသုံးပြုပြီး ရဲရဲဝံ့ဝံ့ ချစ်နိုင်ဖို့ သိထားရမယ့် အချက်တွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ကွန်ဒုံးကို သေချာစစ်ဆေးပါ

မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့

Photo : Verywell Health

ကွန်ဒုံးကို မှန်ကန်စွာအသုံးပြုရန် ပထမအဆင့်မှာ ၎င်းကို သေချာစစ်ဆေးဖို့ပဲ ဖြစ်ပါတယ်။ ထုပ်ပိုးမှု မပျက်စီးသေးကြောင်း သေချာပါစေ။ ပြီးလျှင် ကုန်ဆုံးရက်ကိုလည်း သေချာစစ်ဆေးပါ။ အကယ်၍ စေးကပ်နေသော သို့မဟုတ် အ‌ရောင်ပြယ်နေသော အထုပ်ထဲမှ ကွန်ဒုံးကို လုံးဝအသုံးမပြုပါနဲ့။ အရည်အသွေးပြည့်မှီသော ကွန်ဒုံးများကို အသုံးပြုပါ။ နောက်တစ်နည်းကတော့ ကွန်ဒုံးပျက်စီးခြင်းမှ ကာကွယ်ရန် အထုပ်ထဲမှာ လေပူဖောင်းကို ရည်ရွယ်ချက်ရှိရှိ ထည့်ထားတတ်ပါတယ်။ ပူဖောင်းရှိမရှိ စစ်ဆေးရန် အလွယ်ကူဆုံးနည်းလမ်းမှာ လက်မနှင့် လက်ချောင်းကိုထားပြီး အထုပ်ကို ညင်သာစွာ ညှစ်ကြည့်ပါ။ အသုံးပြုနိုင်သော ကွန်ဒုံးမှာ ပေါက်များမရှိခြင်းနှင့်ကွန်ဒုံးသည် နဂိုအတိုင်းဖြစ်သင့်ပါတယ်။

ကွန်ဒုံး မပေါက်ပြဲဖို့ သတိထားပါ

မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့

Photo : Cosmopolitian

ကွန်ဒုံးကို မဖောက်မီ ဦးစွာလက်ဆေးဖို့ လိုပါတယ်။ ဒီအချက်က လက်မှာရှိတဲ့ အညစ်အကြေးတွေ အသုံးပြုမယ့် ကွန်ဒုံးမှာ ပေသွားခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ ထို့နောက် အထုပ်ကို ထောင့် သို့မဟုတ် အစွန်းများတစ်လျှောက် ဂရုတစိုက် ဖြဲပါ။ အထဲမှ ကွန်ဒုံးက အတူ စုတ်ပြဲနိုင်သောကြောင့် လက်သည်းများ၊ ကတ်ကြေး သို့မဟုတ် အခြားချွန်ထက်သောအရာကို မသုံးပါနှင့်။ သွားဖြင့် ကိုက်ဖောက်ခြင်းကိုလည်း ရှောင်ပါ။

ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးပြုပါ

Photo : LatestLY

(၁) ကွန်ဒုံးကို လိင်တံမာကြောလာတာနှင့် ဝတ်ဆင်ပါ။

(၂) ကွန်ဒုံးရဲ့ ထိပ်ဖျားကို လက်ချောင်းများဖြင့် ဖိပြီး လိင်တံပေါ် တင်ပါ။

(၃) ကွန်ဒုံးရဲ့ ထိပ်ဖျားမှာ အနည်းငယ်ဖောင်းနေသလို ဖြစ်နေပါက လေဝင်နေတာ ဖြစ်နိုင်ပါတယ်။ ဒါက လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးကွဲနိုင်ပါတယ်။ လိင်တံတစ်ဝိုက်မှာ လက်တွေကို ဖြန့်ပြီး ကွန်ဒုံးကို အဖျားကနေ အရင်းအထိ ညင်သာစွာ ပွတ်ပေးခြင်းဖြင့် လေကို လွှတ်ထုတ်လိုက်ပါ။

(၄) ထိပ်ဖျားကို ကိုင်ထားပြီး လိင်တံအောက်ခြေအထိ ဖြည်းဖြည်းချင်းလှိမ့်ရင်းစွပ်သွားပါ။ ကွန်ဒုံးက လိင်တံကို အပြည့်မဖုံးပါက သို့မဟုတ် တင်းကျပ်နေပါက ကွန်ဒုံး အလွန်သေးငယ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သေးငယ်လွန်းသော သို့မဟုတ် ကြီးလွန်းသော ကွန်ဒုံးများက ပျက်စီးနိုင်ခြေနဲ့ အဆင်မပြေဖြစ်နိုင်ခြေ များတာကြောင့် သတိပြုပါ။

(၅) လိင်ဆက်ဆံချိန် တစ်လျှောက်လုံး ကွန်ဒုံးကို စွပ်ထားပါ။

(၆) သုက်လွှတ်ပြီးနောက် ကွန်ဒုံးကို ဂရုတစိုက် ဖယ်ရှားသင့်ပါတယ်။

(၇) ကွန်ဒုံးကို စွန့်ပစ်တဲ့နေရာမှာလည်း သေချာစနစ်တကျ စွန့်ပြစ်သင့်ပါတယ်။ ကွန်ဒုံးကို အိမ်သာသုံးစက္ကူ သို့မဟုတ် တစ်သျှူးတစ်ခုခုဖြင့် ဖုံးအုပ်ပြီးမှ အမှိုက်ပုံးထဲမှာ စွန့်ပစ်ခြင်းက ယိုစိမ့်ပြီး ညစ်ညမ်းမှု ဖြစ်စေတာကနေ ကာကွယ်ပေးပါလိမ့်မယ်။

ညိုကီတို့ရေ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ မှန်ကန်တဲ့ နည်းလမ်းတွေသိဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကျန်းမာရေးအတွက် ရေရှည်မှာ လုံခြုံစိတ်ချ ဘေးကင်းရမှာပါ။ ကွီးတို့ကို ထပ်လောင်းပြောချင်တာကတော့ မှန်မှန်ကန်ကန် ကွန်ဒုံးကို အသုံးပြုတတ်မှ ရဲရဲဝံ့ဝံ့ ချစ်ဖို့ပါပဲ။ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ကွီးတို့သိရှိထားတဲ့ ကျန်းမာရေး ဗဟုသုတတွေကိုလည်း ဝေမျှပေးခဲ့နိုင်ပါတယ်။

Source : Verywell Health

Featured Photo : Condom Market