ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်တွေအရတော့ ညစ်ညမ်းရုပ်ရှင် တွေ အလွန်အကျွံကြည့်တာဟာ မိမိကိုယ်ခန္ဓာအပေါ် ယုံကြည်မှု အားနည်းစေပြီး ပန်းသေပန်းညိုး ကဲ့သို့ လိင်အင်္ဂါကမောက်ကမ ဖြစ်မှုဆိုင်ရာပြဿနာ (ED) ဖြစ်နိုင်ခြေကို တိုးစေတယ်လို့ ဆိုပါတယ်။ ပန်းသေပန်းညိုးပြဿနာဟာ ရှုပ်ထွေးတဲ့ နောက်ခံအကြောင်းအရင်းတွေ အများကြီး ရှိနေတာကြောင့် ညစ်ညမ်းရုပ်ရှင်တွေက တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်နိုင်ပါဘူး။ အခုချိန်ထိလည်း ညစ်ညမ်းရုပ်ရှင် ၊ စာပေ ၊ ရုပ်ပုံတွေနဲ့ ပန်းသေပန်းညိုး ပြဿနာဖြစ်မှုကြားမှာ ငြင်းခုန်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ညစ်ညမ်းရုပ်ရှင်နဲ့ ပန်းသေပန်းညိုး ကြားဆက်စပ်မှု

Couple

Photo : Medical News Today

အခြားသော လေ့လာမှုအချို့အရတော့ ညစ်ညမ်းရုပ်ရှင် စာပေနဲ့ ရုပ်ပုံတွေဟာ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာ သို့မဟုတ် သင်နဲ့သင့်ပါတနာကြား ဆက်ဆံရေးမှာ စိုးရိမ်မှုတွေကို တိုးစေတဲ့အတွက်ကြောင့် လိင်အင်္ဂါမသန်စွမ်းမှုကို အမှန်တကယ် ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။

၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်တွေအရ ညစ်ညမ်းရုပ်ရှင်တွေကို ရံဖန်ရံခါ ကြည့်ရှုတာဟာ လိင်စိတ်တက်ကြွမှုကို ပိုဖြစ်စေပြီး ပါတနာနဲ့ အတူနေချိန်မှာ ဦးနှောက် သို့မဟုတ် ခန္ဓာကိုယ်ကို အားကောင်းစေနိုင်တယ်လို့ ဆိုထားပါတယ်။ သို့သော်လည်း ညစ်ညမ်းရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်း အလွန်အကျွံ ကြည့်မိတဲ့အခါမှာတော့ နေ့စဉ်ဘဝထဲက အလုပ်အကိုင်တွေ ၊ လူမှုဆက်ဆံရေးတွေနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုစတာတွေမှာ ပြဿနာရှိလာပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာစေပါတယ်။

တကယ်တော့ လိင်မှုကိစ္စဟာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုဖြစ်ပေမယ့်လည်း လိင်စိတ်နိုးကြားမှုကတော့ ဦးနှောက်ကနေ စတင်ဖြစ်တည်လာတာပါ။ လိင်မှုဆိုင်ရာ လှုံ့ဆော်မှုတွေကို တုံ့ပြန်တဲ့အခါမှာ ဦးနှောက်က လိင်တံကို မာကျောစေတဲ့ အာရုံကြောဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေနဲ့ ထိတွေ့မှု များတဲ့အခါမှာတော့ လိင်မှုဆိုင်ရာ လှုံ့ဆော်မှုတွေအပေါ် တုံ့ပြန်မှု နည်းပါးလာစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ဒါကြောင့်ပဲ ညစ်ညမ်းရုပ်ရှင်တွေ အလွန်အကျွံကြည့်တဲ့အခါ လက်တွေ့ဘဝရဲ့ လိင်မှုဆိုင်ရာ နှိုးကြားတက်ကြွမှုတွေ အားလျှော့လာပြီး လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ ၊ လိင်အင်္ဂါကမောက်ကမ ဖြစ်တာတွေ ဖြစ်လာစေနိုင်တာ ဖြစ်ပါတယ်။

နောက်ထပ် လေ့လာမှုတစ်ခုအရတော့ ညစ်ညမ်းရုပ်ရှင် အလွန်အကျွံကြည့်သူတွေဟာ ပါတနာနဲ့ လိင်ဆက်ဆံလိုခြင်းထက် ညစ်ညမ်းရုပ်ရှင်တွေကြည့်ပြီး တစ်ကိုယ်ရည်အာသာဖြေခြင်းကို ပိုမိုလိုလား လာကြတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ပြကွက်တွေထဲက သရုပ်ဆောင်တွေရဲ့ ဆိုဒ်အရွယ်အစား ၊ စွမ်းဆောင်ရည်တွေနဲ့ မိမိကိုယ်ကိုနှိုင်းယှဉ်ပြီး အားမလိုအားမရဖြစ်တာ စိုးရိမ်ပူပန်စိတ်များတာ စတဲ့အချက်တွေကြောင့်လည်း ပန်းသေပန်းညိုးဖြစ်ပွားနိုင်မှု ရာခိုင်နှုန်းက ပိုတိုးလာစေတာ ဖြစ်ပါတယ်။

တခြားသော အကြောင်းရင်းများ

Couple

Photo : Hartford Hospital

အသက် ၄၀ နှစ်အောက် အမျိုးသားတွေမှာ ED ဖြစ်ပွားမှုရဲ့၈၀ ရာခိုင်နှုန်းခန့်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်နေပေမယ့်လည်း ညစ်ညမ်းရုပ်ရှင်တွေကြောင့်လို့ အတိအကျပြောလို့ မရပါဘူး။ စိတ်ဓာတ်ကျခြင်း ၊ စိုးရိမ်ပူပန်မှုများခြင်း သို့မဟုတ် စိတ်ဖိစီးခြင်းကဲ့သို့ အခြားသော စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေဟာလည်း ED ကို ဖြစ်စေနိုင်ပါတယ်။

လိင်အင်္ဂါမသန်စွမ်းမှုပြဿနာဟာ လူငယ်ပိုင်းတွေမှာ ဖြစ်ပွားနိုင်ပြီး ငယ်ရွယ်သူတွေမှာ ဖြစတဲ့ ED ရောဂါဖြစ်ပွားမှုနှုန်းရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းခန့်ဟာ မှားယွင်းတဲ့ နေထိုင်မှုပုံစံအမှားတွေနဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်ပါတယ်။ ဒီထဲမှာတော့ အဓိကအားဖြင့်

  • နှလုံးသွေးကြောဆိုင်ရာရောဂါ
  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း

စတဲ့ အကြောင်းအရင်းတွေ ပါဝင်နေပြီး အထူးသဖြင့် ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းတွေဟာ Testosterone ပမဏ လျှော့ကျမှုကို ဖြစ်စေတာကြောင့် အသေးစား လိင်အင်္ဂါမသန်စွမ်းမှုပြဿနာကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ကဲဒါဆို ကွီးတို့အနေနဲ့ လိင်အင်္ဂါကမောက်ကမ ဖြစ်မှုဆိုင်ရာပြဿနာ (ED) ကို လျှော့ချနိုင်ဖို့ သို့မဟုတ် ကာကွယ်တားဆီးနိုင်ဖို့နဲ့ ပြင်ပလက်တွေ့လိင်မှုဘဝအပေါ် ဆိုးကျိုးတွေ သက်ရောက်မှုမရှိစေဖို့ ညစ်ညမ်းရုပ်ရှင် တွေအလွန်အကျွံ ကြည့်ရှုခြင်းကို ရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။

Featured Photo : HOW TO MEDICATE