ကွီးတို့ အထင်မှား နေကြတဲ့ ညီလေး ရဲ့ ကျန်းမာရေးအကြောင်းတွေက ဘာတွေဖြစ်မလဲ။ တချို့ကလည်း ညီလေး ကျန်းမာရေးလို့ ပြောလိုက်ရင် သေးတာ ကြီးတာကိုပဲ အာရုံစိုက်မိသွားတတ်ကြပါတယ်။ ကိုယ့်ပစ္စည်းနဲ့ကိုယ် သေးတာ ကြီးတာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ ကျန်းမာရေးကိစ္စတစ်ခုထဲမှာ ကွီးတို့ ညီလေးလည်း ပါဝင်တာမို့လို့ အထင်မှား နေတာတွေရှိရင် ကွီးတို့ ညီလေး တင်မကပါဘူး၊ ကွီးတို့ရဲ့ လိင်မှုကိစ္စဘဝမှာပါ အကျိုးသက်ရောက်မှု ရှိသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အလွဲအမှားတွေ သိထားမယ့်အစား အခုကတည်းက အမှန်တွေကို သိထားဖို့ လိုပါလိမ့်မယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေးက အဓိကပါ

တစ်ကိုယ်ရည် သန့်ရှင်းရေး

အရွယ်အစား အကြီး အသေးကိုသာ အာရုံစိုက်နေမိတော့ အဓိက အာရုံစိုက်ရမယ့်အရာတွေ လွတ်သွားတတ်ပါတယ်။ အဓိက အရေးအကြီးဆုံး အရာကတော့ ကွီးတို့ရဲ့ ညီလေးက တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိဖို့ပါပဲ။ ကိုယ့်ရဲ့ ညီလေးက တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိမှသာလျှင် ထို Private Area တစ်ဝိုက်က အနံ့အသက် ကောင်းမွန်ပြီး သန့်ရှင်းနေမှာဖြစ်ပါတယ်။ ဒါမှလည်း ကွီးတို့ရဲ့ စကီလေးက စိတ်ကြည်နူးနိုင်မှာပါ။ ကွီးတို့ ညီလေးက အနံ့အသက် မကောင်းရင်တော့ ကွီးတို့ ကောင်မလေးက ပြုစုယုယပေးချင်စိတ် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အမွှေးထူထပ်နေရင်လည်း ရိတ်သင့်တန် ရိတ်ပေးရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း လုပ်စရာမလိုဘူးဆို

အထင်မှား ညီလေး

ကွီးတို့က ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ ချစ်ကြည်နူးချင်တယ်ဆိုရင် လေ့ကျင့်ခန်း မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်လည်း Kegel လေ့ကျင့်ခန်းများကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်နည်းကတော့ အဓိက သင့်ရဲ့တင်ပါးဆုံတွင်း ကြွက်သားတွေကို တင်းကျပ်စွာညှစ်ထားပြီး စက္ကန့်အနည်းငယ်လောက် ထိန်းထားကာ ထို့နောက်ပြန်လည် ဖြေလျော့ပေးလိုက်ရုံပါပဲ။

ဒီလေ့ကျင့်ခန်း ပြုလုပ်နည်းက ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ညီလေးရဲ့ ထောင်မတ်နိုင်စွမ်းကို ပိုကောင်းစေပြီး ဘယ်လိုပဲ မတူညီတဲ့ သိုင်းကွက်တွေ အမျိုးမျိုး ပြောင်းလဲအသုံးပြုပါစေ စွမ်းဆောင်ရည်ကို ကြာရှည်စွာ ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။

ဆရာဝန်နဲ့ သွားပြရမှာ ရှက်ကြောက်ပြီး တစ်ယောက်တည်း ကြိတ်ကုနေခြင်း

အထင်မှား ညီလေး

ဒီအချက်ကတော့ (လုံးဝ)ကို မပြုလုပ်သင့်တဲ့ အချက်ပဲဖြစ်ပါတယ်။ ကွီးတို့ ညီလေးက ပုံမှန်နဲ့ မတူတဲ့ မူမမှန်မှု တစ်ခုခုကို ကြုံတွေ့နေရပြီဆိုတာနဲ့ ချက်ချင်းပဲ ဆရာဝန်ထံ သွားရောက်ကုသမှု ခံယူသင့်ပါတယ်။ မူမမှန်မှုတွေဆိုတာကလည်း အမျိုးအစား အများအပြားရှိနိုင်ပါတယ်။ ဥပမာ ကွီးတို့ ညီလေးက မခံမရပ်နိုင်အောင် ယားယံခြင်း၊ လိင်အင်္ဂါပေါ်က အရေပြားများ ကွာခြင်း၊ လိင်ဆက်ဆံနေစဥ် (သို့) ဆီးသွားနေစဥ် မခံမရပ်နိုင်အောင် နာကျင်ခြင်း အစရှိတဲ့ ရောဂါလက္ခဏာများ ကြုံတွေ့လာရတဲ့အခါ အွန်လိုင်းပေါ်က ဟိုစာတွေ လျှောက်ဖတ် လိုက်ကု၊ ဒီစာတွေ လျှောက်ဖတ် လိုက်ကုနဲ့ ကွီးတို့ညီလေး ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ကောင်းလှပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ သွားပြသင့်တဲ့အချိန်မှာ စောစော စီးစီး သွားပြရမှာပဲဖြစ်ပါတယ်။

လွဲမှားတဲ့ အယူအဆအမှားများ၊ ကုသမှု အများများ ပြုလုပ်မိပြီးမှ နောင်တအကြီးအကျယ်ရတဲ့အဖြစ်မျိုး မကြုံတွေ့ချင်ဘူးမဟုတ်လားဗျာ။

Source: Menshealth

Featured Image: Freepik