ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက ကျွန်တော်တို့ရဲ့ လိင်မှုဘဝအပေါ် ကောင်းကျိုးတွေ အများကြီး သက်ရောက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေတဲ့အပြင် ဟော်မုန်းမျှတမှု ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ၊ စိတ်ဖိစီးမှုအဆင့်နဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု စတဲ့ အချက်တွေအပေါ် အကျိုးသက်ရောက်မှုရှိစေပြီး ဒါတွေအားလုံးဟာ လိင်မှုကိစ္စဆောင်ရွက်ရာမှာ အရေးပါတဲ့ ဆက်နွယ်မှုတွေပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေဟာ လိင်အင်္ဂါမသန်စွမ်းမှု ပြဿနာဖြစ်နိုင်ခြေကို လျှော့ကျစေပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက လိင်မှုဘဝအပေါ် ဘယ်လိုကောင်းကျိုး သက်ရောက်မှုတွေ ရှိစေလဲဆိုတာ ပြောပြပေးပါမယ်။

(၁) သွေးစီးဆင်းမှု တိုးစေတယ်

Photo : Golden State Urology

ပုံမှန်လေ့ကျင့်ခန်းပေးတာ အထူးသဖြင့် နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတွေလုပ်တာဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို တိုးစေပါတယ်။ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို သွေးစီးဆင်းမှု အားကောင်းလေလေ လိင်စိတ်နိုးကြားမှုနဲ့ တုံ့ပြန်မှုကို မြှင့်တင်ပေးနိုင်လေ ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှု လျှော့ချပေးတယ်

Stress reduction

Photo : Verywell Health

လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ သက်သာရာရစေတဲ့ ဟော်မုန်းလို့ အများအားဖြင့် ပြောကြတဲ့ Endorphin ဟော်မုန်းထုတ်လွှတ်မှုကို လှုံ့ဆော်ပေးတဲ့အတွက် စိတ်ဖိစီးမှုအဆင့်ကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှု လျော့ကျခြင်းဟာ လိင်စိတ်ဆန္ဒအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး စိုးရိမ်ပူပန်မှု နည်းစေတာ ၊ စိတ်ပိုင်းဆိုင်ရာ တင်းကြပ်မှုတွေ ပြေလျော့စေတာနဲ့ စိတ်ခံစားမှုကို မြှင့်တင်ပေးတာ စတဲ့ ကောင်းကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုကောင်းစေတယ်

Improved body image and self-confidence

Photo : Chevron Renaissance Shopping Centre

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာလည်း လိင်မှုဘဝအပေါ် သွယ်ဝိုက်သောနည်းဖြင့် သက်ရောက်မှု ရှိစေပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာစေခြင်းဖြင့် မိမိခန္ဓာကိုယ်ပုံရိပ်အပေါ် အကောင်းမြင်စိတ် တိုးစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်စွမ်းကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

(၄) သက်လုံစွမ်းအား တိုးစေတယ်

Running

Photo : Runtastic

ကိုယ်လက်လှုပ်ရှားမှုတိုင်းဟာ နှလုံးသွေးကြောကြံ့ခိုင်မှု ၊ ခံနိုင်ရည်နဲ့ သက်လုံစွမ်းအားအဆင့်ကို တိုးတက်ကောင်းမွန် လာစေပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်သန်မာမှုနဲ့ သက်လုံအားကောင်းလာခြင်းဟာ လိင်မှုဆိုင်ရာ စွမ်းဆောင်နိုင်မှုနဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုအပေါ် အပြုသဘောဆောင်တဲ့ ကောင်းကျိုးတွေ သက်ရောက်စေပါတယ်။

(၅) ကောင်းစွာ အိပ်ပျော်စေတယ်

Improved sleep quality

Photo : Bicycling Magazine

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးခြင်းဟာ ကောင်းမွန်တဲ့ အိပ်စက်မှုအရည်အသွေးကို ရစေပါတယ်။ ကျန်းမာတဲ့ Libido နဲ့ လိင်မှုဆိုင်ရာလုပ်ဆောင်မှုတွေကို ထိန်းသိမ်းဖို့အတွက် ပြည့်စုံလုံလောက်တဲ့ အိပ်စက်မှုစက်ဝန်းရှိဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အိပ်စက်မှုစက်ဝန်းကို မြှင့်တင်ပေးတာကြောင့် လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကိုပါ ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

Featured Photo : Men’s Journal