လူတော်တော်များများက ဖုန်းတွေကို မျက်နှာပြင်ကြီးကြီးမှ ကြိုက်နှစ်သက်ကြပါတယ်။ မျက်နှာပြင်ကြီးတဲ့ ဖုန်းတွေကလည်း စျေးကွက်မှာ အများအပြားပါပဲ။ သို့သော်လည်း လူအချို့ကတော့ သယ်ဆောင်ရလွယ်ကူတာရော၊ လက်တစ်ဖက်တည်းနဲ့ သုံးလို့အဆင်ပြေတာရောကြောင့် အနည်းငယ် ကျစ်ကျစ်လစ်လစ်ရှိတဲ့ စမတ်ဖုန်းလေးတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလို ကျစ်ကျစ်လစ်လစ်လေးတွေနဲ့မှ အဆင်ပြေတာဆိုတာ ကွီးတို့အတွက် ရွေးချယ်ဖို့ရာ စမတ်ဖုန်း အချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
iPhone 13 mini

Photo : Engadeget
iOS ထဲကပဲ ကျစ်ကျစ်လစ်လစ်နဲ့ သေးတဲ့ဖုန်း လိုချင်တယ်ဆိုရင်တော့ iPhone 13 mini ရှိပါတယ်။ ၎င်းရဲ့ မျက်နှာပြင်က ၅.၄ လက်မသာ ရှိတာကြောင့် ပုံမှန်ဖုန်းတွေထက် အသုံးပြုရတာ ကျစ်လစ်ပါတယ်။ ၎င်းမှာ Storage အနေနဲ့ကတော့ 128GB၊ 256GB၊ 512GB စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ပြီးပြည့်စုံသော 5G ပံ့ပိုးမှု ကို ရရှိနိုင်ပါတယ်။ အလေးချိန် အနေနဲ့ကတော့ ၄.၆၇ အောင်စသာ ရှိပါတယ်။
Samsung Galaxy Z Flip 5

Photo : Canaitech
ကွီးတို့က Screen ကြီးတဲ့ဖုန်းလည်း ကိုင်ချင်တယ်၊ ကျစ်ကျစ်လစ်လစ်လေးကိုလည်း ကြိုက်တယ်ဆိုရင်တော့ ခေါက်နိုင်တဲ့ Samsung Galaxy Z Flip 5 ရှိပါတယ်။ ခေါက်လို့ရတဲ့ ဖုန်းတွေ ခေတ်စားလာတဲ့အချိန်မှာ Samsung Galaxy Z Flip 5 ကတော့ အကောင်းဆုံး ရွေးချယ်မှုပါ။ ၎င်းမှာ မျက်နှာပြင်အပြည့်အနေနဲ့ ၆.၇ လက်မ ရှိပြီး အပြင်ပိုင်း မျက်နှာပြင်အနေနဲ့ကတော့ ၃.၄ လက်မ ရှိပါတယ်။ Storage အနေနဲ့ကတော့ 256GB၊ 512GB ဆိုပြီး နှစ်မျိုးရှိတာကြောင့် ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အလေးချိန်အနေနဲ့ကတော့ ၆.၆ အောင်စ ရှိပါတယ်။
Asus Zenfone 10

Photo : Cashify
ကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းနဲ့ ကျစ်လစ်တဲ့ Android ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ Asus Zenfone 10 ရှိပါတယ်။ ဒီဖုန်းက ထိရောက်သောစွမ်းဆောင်ရည်နှင့် ကောင်းမွန်သောဆော့ဖ်ဝဲအချို့ကို ပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်အကျယ်ကတော့ ၅.၉ လက်မရှိပြီး အလေးချိန်ကတော့ ၆ အောင်စ ဖြစ်ပါတယ်။ ဒီဖုန်းက အခြားသော ပရီမီယံ Android များထက် သေးငယ်တာကြောင့် ကျစ်လစ်တဲ့ဖုန်းကို လိုချင်တဲ့ ကွီးတို့အတွက်တော့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ Storage အနေနဲ့ကတော့ 128GB၊ 256GB၊ 512GB ဆိုပြီး ၃ မျိုးရှိတာကြောင့် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။
Google Pixel 7a

Photo : Alza.at
လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ အသုံးပြုလို့ရတဲ့ ဖုန်းတွေထဲမှာ Google Pixel 7a ကလည်း အပါအဝင်ပါပဲ။ ၎င်းရဲ့ မျက်နှာပြင်ကတော့ ၆.၁ လက်မ ရှိပါတယ်။ Pixel 7a မှာ ဖုန်းများစွာနှင့်မယှဉ်နိုင်သော ချိုသာသော စျေးနှုန်းဖြင့် စွမ်းဆောင်ရည်မြင့် အင်္ဂါရပ်များကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 128 GB ပါရှိပါတယ်။
ကျစ်ကျစ်လစ်လစ်လေးတွေနဲ့မှ အဆင်ပြေတာဆိုတဲ့ ကွီးတို့အတွက် လက်တစ်ဖက်တည်းနဲ့ အသုံးပြုရလွယ်ကူတဲ့ ဖုန်းတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။
Source : Tom’s Guide, Android Police
Featured Photo : History Computer
