ကွီးတို့ အလုပ် မှာ ပျော်ရွှင် ချင်တယ်ဆိုရင် ဘာတွေ ဆောင်ထားရမလဲဆိုတာ သိပြီးပါပြီလား။ အလုပ်မှာ ပျော်ရွှင်အောင် နေနည်းကတော့ လွယ်မယောင်နဲ့ ခက်တဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးတို့သာ အဓိကကျတဲ့ အချက်တွေကို သိထားမယ်ဆိုရင်တော့ စိတ်ဖိစီးမှု ကင်းကင်းနဲ့ ပျော်ရွှင်နိုင်မှာပဲ ဖြစ်ပါတယ်။

အလုပ်နဲ့ ကိုယ်ရေး ကိုယ်တာနဲ့ ခွဲခြားထားပါ

အလုပ် ပျော်ရွှင်

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်တဲ့အခါ အရေးအကြီးဆုံး အချက်ကတော့ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာ ခွဲခြားထားခြင်းပဲ ဖြစ်ပါတယ်။ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာကို မခွဲခြားထားတဲ့အခါ ခံစားရမယ့် အကျိုးအပြစ်များက ဘာတွေဖြစ်မလဲဆိုတာ ကွီးတို့ သိပါသလား။

စိတ်ဖိစီးမှုများလာခြင်း၊ မိမိရဲ့ စွမ်းဆောင်ရည် ကျလာခြင်း၊ အလုပ် မနိုင်ဝန်များ ထမ်းနေရခြင်း အစရှိတဲ့ ဆိုးကျိုးများကတော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မခွဲခြားထားနိုင်လို့ ခံစားရတဲ့ ဆိုးကျိုးတွေပါပဲ။ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိတဲ့အတွက်ကြောင့် ကိုယ့်ဘက်က အားနာနေရင် ကွီးတို့ပဲ ခံစားသွားရပါလိမ့်မယ်။ ဒါ့ကြောင့်မလို့ လုပ်ငန်းခွင်မှာ စည်းတစ်ခု ခြားထားဖို့ လိုအပ်ပါတယ်။

အမြဲတမ်း ခေါင်းညိမ့်နေရင် ကွီးတို့ပဲ စိတ်ညစ်ရမယ်

အလုပ် ပျော်ရွှင်

လူတစ်ယောက်မှာ သူ့ရဲ့ ခံနိုင်ရည်သည် အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ ကွီးတို့ရဲ့ အလုပ်တာဝန်မဟုတ်ဘဲ အပိုတာဝန်တွေ ပေးအပ်လာတဲ့အခါမှာ ကိုယ် လုပ်နိုင်တယ်ဆိုမှ လက်ခံပါ။ ငြင်းရမှာ အားနာတဲ့အခါ ကွီးတို့ရဲ့ အားလပ်ချိန်တွေ၊ နားချိန်တွေ ကုန်ဆုံးသွားပါလိမ့်မယ်။ ဥပမာ ဆိုကြပါစို့။ ကွီးတို့ရဲ့ လုပ်ဖော်ကိုင်ဖက်က ကွီးတို့ နားရမယ့်အချိန်မှာ သူ့ကို ဒီပရောဂျက်လေး ကူစစ်ပေးပါလားဆိုပြီး အကူအညီတောင်းပါလိမ့်မယ်။ တကယ်တမ်း ထိုစစ်ရမယ့်အလုပ်က ကွီးတို့ရဲ့ အလုပ်တာဝန်ထဲမှာ မပါဘူးဆိုရင် ပြတ်ပြတ်သားသား ငြင်းလို့ရပါတယ်။ ဒါကိုမှ ကွီးတို့က ခင်မင်မှု ပျက်သွားမှာစိုးလို့ ခေါင်းညိမ့်လိုက်မယ်ဆိုရင် နောက်ထပ် အခေါက်ပေါင်းတွေ ကျရင်လည်း ဒီလိုပဲ လာအကူအညီတောင်းနေဦးမှာပါ။

ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ အခုလိုမျိုး ခင်မင်ရင်းနှီးမှု ပျက်ပြားသွားမှာစိုးလို့ဆိုပြီး ငြင်းဆန်ရမှာ အားနာပြီး ကြိတ်မှိတ်လိုက်လုပ်ပေးရတာမျိုးတွေ တစ်ပုံကြီးပါပဲ။ တကယ်တော့ ဒါသည် Healthy Workplace တစ်ခုကို မဖန်တီးပေးနိုင်ပါဘူး။ အချင်းချင်းကြားမှာလည်း အဖုအထစ်တွေ ဖြစ်နိုင်ပါသေးတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက်သည် လုပ်ဖော်ကိုင်ဖက်ထက် ပိုတဲ့ ဆက်ဆံရေးပဲဖြစ်နေပါစေ၊ အလုပ်ကိစ္စဆို ပရော်ဖက်ရှင်နယ်ကျကျသာ လုပ်ကိုင်ပါ။ သူများအပေါ်လည်း အသာစီး မယူချင်ပါနဲ့။ ကိုယ့်အပေါ် ဖျံကျတာမျိုးကိုလည်း မခံပါနဲ့။

ကိုယ့်ရဲ့ အလုပ်ကို အမြန်ပြီးမြောက်အောင် လုပ်ဆောင်ပါ

အလုပ် ပျော်ရွှင်

ကွီးတို့ အလုပ်ကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်ချင်တယ်ဆိုရင်တော့ အာရုံ မပြန့်လွှင့်သွားစေဘဲ အာရုံစူးစိုက်ဖို့ လိုအပ်ပါတယ်။ အာရုံ ပြန့်လွှင့်နေရခြင်း အကြောင်းအရင်းတွေထဲက တစ်ခုကတော့ များပြားလှတဲ့ အလုပ်တွေထဲက ဘယ်ကနေ ဘာစလုပ်ရမှန်း မသိခြင်းပဲဖြစ်ပါတယ်။ ဒီလိုမျိုး ဘယ်ကနေ စရမှန်း မသိ ဖြစ်နေတယ်ဆိုရင်တော့ ကွီးတို့အတွက် အရေးအကြီးဆုံး အလုပ်က ဘာအလုပ်ဖြစ်မလဲဆိုတာကို စာရင်း ပြုစုထားပါ။ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး စသည်ဖြင့် အစဥ်လိုက်စီထားလိုက်ပါ။ ဒါဆိုရင်တော့ ဘယ်ကနေ စလုပ်ရမလဲဆိုတာ သိသွားမှာပဲဖြစ်ပါတယ်။

အလုပ်က စိတ်ဖိစီးမှုတွေကို အလုပ်မှာပဲ ထားခဲ့ပါ

အလုပ် ပျော်ရွှင်

အလုပ်က အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အလုပ်တွေ အချိန်မှီ မပြီးလို့ စိတ်ညစ်ရာကနေ စိတ်ဖိစီးတာတွေ ရှိနိုင်ပါတယ်။ အလုပ်တွေ ပုံနေလို့လည်း စိတ်ဖိစီးနိုင်သလို ကွီးတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များကြောင့်လည်း စိတ်ညစ်ရနိုင်ပါတယ်။ ဘာ့ကြောင့်ပဲ စိတ်ညစ်ပါစေ၊ အလုပ်နဲ့ သက်ဆိုင်နဲ့ စိတ်ဖိစီးစရာများကို အလုပ်မှာပဲ ထားခဲ့လိုက်ပါ။ အိမ်အထိ သယ်မလာပါနဲ့။ အိမ်အထိ သယ်လာတဲ့အခါ ကွီးတို့ရဲ့ စိတ်ဖိစီးစရာတွေပဲ ဆထက်တန်ဖိုး တိုးလာပါလိမ့်မယ်။

ကိုယ့်ရဲ့ အလုပ်စားပွဲကို ရှုပ်ပွမနေအောင် သပ်ရပ် သန့်ရှင်းနေအောင် ကြိုးစား လုပ်ဆောင်ပါ

table

တစ်ခါတစ်လေ ကွီးတို့ စိတ်ရှုတ်ထွေးပြီး မကြည်လင်ရတဲ့ အကြောင်းအရင်းတစ်ခုက ကွီးတို့ရဲ့ အလုပ်နေရာက ရှုတ်ပွပြီး အစီအစဉ်တကျ မဖြစ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ရှုတ်ပွနေတဲ့ အလုပ်စားပွဲက ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို ပိုပြီး တိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစီအစဉ်တကျ မရှိတဲ့ အလုပ်နေရာကြောင့် ကိုယ်လိုချင်တဲ့ စာရွက်စာတမ်း စတာတွေကို ရှာဖို့ခက်နိုင်တာကြောင့် ပိုပြီးစိတ်ညစ်ညူးနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ အလုပ်စားပွဲပေါ်က ရှုတ်ပွနေသော အရာများကြောင့် အလုပ်ကို အာရုံစိုက်ဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ အလုပ်စားပွဲကို သေချာသပ်ရပ်စွာ ထားပြီး စနစ်တကျထားရှိပါ။

ဒီနည်းလမ်းတွေကတော့ ကွီးတို့ကို အလုပ် မှာ ပျော်ရွှင် အောင် ကူညီပေးမယ့် နည်းလမ်းကောင်းများပဲ ဖြစ်ပါတယ်။

ကွီးတို့ ကိုယ်တိုင်ရော ကိုယ့်ရဲ့ အလုပ် မှာ ပျော်ရွှင် ဖို့အတွက် ဘာတွေ ပြုလုပ်လေ့ ရှိပါသလဲ။

Source: Forbes

Featured Image: Freepik