ကွီးတို့ ဆံကေသာက အရှည်နှေး လို့ ဘူ နေပါသလား။ ဆံပင် အရှည်မြန်လာစေမယ့် လျှို့ဝှက်နည်းတွေရှိတယ်ဆိုရင် ထိုလျှို့ဝှက်နည်းတွေကို အသုံးမပြုချင်ဘူးလား။

စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။ ကိုယ်နဲ့ အဆင်ပြေမယ့်နည်းလမ်း၊ ကိုယ် သဘောကျတဲ့ နည်းလမ်းကို အသုံးပြုကြည့်ပြီး အချိန်တိုအတွင်းမှာပဲ ကွီးတို့ရဲ့ ဆံကေသာက အရှည်မြန်လာတာကို တွေ့ရပါလိမ့်မယ်။

(၁) ဦးရေပြားကို နှိပ်နယ်ပါ

ဦးရေပြားကို နှိပ်နယ်ပါ

ဦးရေပြားကို နှိပ်နယ်ပေးခြင်းက ဆံပင် အရှည်နှေး လို့ ဘူ နေတဲ့ ကွီးတို့အတွက် အလျင်မြန်ဆုံးနဲ့ ထိရောက်မှု အရှိဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဆေးသောက်ရတာမျိုးတွေ၊ ဦးရေပြားပေါ်ကို ဆေးထိုးတာမျိုးတွေ ဘာဆို ဘာမှ လုပ်စရာမလိုပါဘူး။ ဦးရေပြားကို နှိပ်နယ်ပေးရုံနဲ့တင် ဦးရေပြားက သွေးလှည့်ပတ်မှု ကောင်းလာပြီး ဦးရေပြားက အရင်ကထက် ပိုမိုကျန်းမလာလာကာ ကွီးတို့ရဲ့ ဆံကေသာက အရှည်မြန်လာပါလိမ့်မယ်။

(၂) အုန်းဆီ အသုံးပြုပါ

အရှည်နှေး ဘူ

လေ့လာချက် တစ်ခုအရ အုန်းဆီသည် ဦးရေပြားက ဆုံးရှုံးသွားတဲ့ ပရိုတင်းဓာတ်များကို ပြန်လည်ဖြည့်တင်းပေးပြီး ဆံပင်အုံ ထူထူထဲထဲနဲ့ ကြည့်ကောင်းလာအောင် ဖန်တီးပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဆံကေသာကို ပိုမိုတောက်ပြောင်လာစေပြီး ဆံပင်ပိုသန်စေလာတယ်လို့ ထိုလေ့လာချက်အရ သိရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ဓာတုဆေးဝါးများကို မှီဝဲမနေဘဲ အုန်းဆီနိုင်နိုင် လိမ်းပေးမယ်ဆိုရင်တော့ ကွီးတို့ ဆံကေသာက အရှည်မြန်လာပြီး ဆံပင်အုံ ထူထူထဲထဲနဲ့ ကြည့်ကောင်းလာမှာ အမှန်ပါပဲ။

(၃) ဆန်ဆေးရေ အသုံးပြုပါ

အရှည်နှေး ဘူ

အရှေ့အာရှမှာ ဆန်ဆေးရေကို သဘာဝ ဆံပင်သန်ဆေးအဖြစ် အသုံးပြုလာကြတာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဆန်ဆေးရေသည် သဘာဝအတိုင်း အချဥ်ဖောက်ထားတာဖြစ်တဲ့အတွက်ကြောင့် သူ့ထဲတွင် ဆံကေသာ ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ ကျန်ရှိနေပါတယ်။ ဆန်ဆေးရေနဲ့ ဆံပင်ကို ဆေးကြောပေးပြီးနောက်မှာ ဆံပင်တွေက ကြမ်းတမ်းနေတာမျိုး မရှိတော့တဲ့အပြင် ဆံကေသာက နူးညံ့တောက်ပြောင်လာစေမှာပါ။ ဒါ့အပြင် ဆံပင် အရှည်လည်း မြန်လာပြီး ဆံပင်အုံလည်း ထူထဲလာမှာ မယုံမရှိပါနဲ့။

ဆံပင် အရှည်နှေး လို့ ဘူ နေတဲ့ ကွီးတို့အနေနဲ့ ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်း၊ ကိုယ်နဲ့ အကိုက်ညီဆုံး နည်းလမ်းကို ရွေးချယ်ကာ ဆံကေသာ ကျန်းမာရေးကို မြှင့်တင်နိုင်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ နည်းလမ်းတွေထဲက ဘယ်နည်းလမ်းကို သဘောတွေ့ပါသလဲ။

Source: Goodrx

Featured Image: Tiege