ကွီးတို့ရဲ့ မဟေသီလေးအတွက် လက်တွဲဖော် ကောင်း တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သိထားရမယ့် အချက်တွေက အများကြီးပါပဲ။ ကိုယ့်ရဲ့ မဟေသီလေး မျက်နှာမပျက်ဖို့အရေး ကြိုးစား လုပ်ဆောင်ရမှာဖြစ်သလို၊ သူ(မ)ရဲ့ လိုအင်ဆန္ဒတွေ မှန်သမျှကိုလည်း ဖြည့်ဆည်းပေးဖို့ လိုအပ်လာပြန်ပါတယ်။ ကိုယ့်ရဲ့ မဟေသီလေးအပေါ် သစ္စာစောင့်သိဖို့လည်း လိုအပ်သလို တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှကာ နားလည်မှုရှိဖို့လည်း လိုအပ်လာပြန်ပါတယ်။
ဒါတင်မကသေးပါဘူး။ အရေးအကြီးဆုံး အချက်တစ်ချက် ကျန်နေပါသေးတယ်။ ထိုအချက်ကတော့ ဖဲမွေ့ရာထက်မှာ နှစ်ယောက်သား ချစ်ကြည်နူးကြတဲ့အခါ ကွီးတို့က တစ်ကိုယ်ကောင်းဆန်လို့ မရပါဘူး။ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ရဲ့ လိုအင်ဆန္ဒအတိုင်းပဲ ဇွတ်လုပ်နေမယ်ဆိုရင် ကွီးတို့က လက်တွဲဖော် ကောင်း တစ်ယောက် မပီသတဲ့သူ ဖြစ်သွားပါလိမ့်မယ်။
ကိုယ့်မဟေသီရဲ့ ဆန္ဒကိုလည်း ထည့်စဥ်းစားပြီး နှစ်ယောက်သား အပေးအယူမျှဖို့ဆိုရင် အခုဖော်ပြမယ့် အချက်များကို သိထားသင့်ပါတယ်။
(၁) သူ(မ)ရဲ့ စိတ်အခြေအနေကို အကဲခတ်ပါ
သူ(မ)ရဲ့ စိတ်အခြေအနေကို အကဲခတ်ခိုင်းတာကတော့ တခြားမဟုတ်ပါဘူး။ ရာသီဥတုက ကွီးတို့ဘက် ပါရဲ့လားဆိုတာကို စူးစမ်းကြည့်ရမှာပါ။ ဆိုကြပါစို့၊ သူ(မ)က အလုပ်မှာ အဆင်မပြေတာမျိုး ကြုံတွေ့နေရတယ်ဆိုရင် သေချာပါတယ်။ ကွီးတို့ဆီလည်း မီးပွားက လွင့်စင်လာနိုင်တဲ့အတွက်ကြောင့် အရိပ်အခြေ ကြည့်ဖို့လိုအပ်ပါတယ်။ သူ(မ)က ခါးခါးသီးသီးကို နိုး ဆိုပြီး ငြင်းနေမယ်ဆိုရင်တော့ ရှေ့မဆက်တာ အကောင်းဆုံးပါပဲ။ အယ်… သူ(မ) စိတ်အခြေအနေလေးက ကောင်းနေတယ်။ ရာသီဥတုကလည်း ကိုယ့်ဘက် ပါနေတယ်ဆိုရင်တော့ ကွီးတို့က ထုံးစံအတိုင်း လုပ်ငန်းစနိုင်ပါပြီ။
(၂) သူ(မ)ရဲ့ ဧည့်သည် လာမယ့်ရက်ကိုလည်း မမေ့ပါစေနဲ့
မိန်းကလေးတွေက သူတို့ရာသီလာခါနီးမှာ စိတ်အပြောင်းအလဲ အတက်အကျ မြန်ကြပါတယ်။ အဲ့ဒါကြောင့် ရာသီလာခါနီးမှာ သူ(မ)ကို အရင်ကထက် ပိုပြီး ဂရုစိုက်ပြ ကြင်နာပြဖို့ လိုအပ်ပါလိမ့်မယ်။ ရာသီလာတဲ့အချိန်မှာ တကယ်လို့ သူ(မ)ဘက်က စိတ်ပါနေတယ်ဆိုရင်လည်း ကွီးတို့က အလိုက်သင့်လေး နှစ်ပါးသွားကဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ ကွီးတို့က မသန့်ရှင်းသလိုလို ရွံ့ရှာသလိုလို လုပ်နေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ မဟေသီက ဝမ်းနည်းသွားတာမျိုး၊ စိတ်ဒဏ်ရာ ရသွားတာမျိုး ဖြစ်သွားပါလိမ့်မယ်။
(၃) သူ(မ) စိတ်မပါတဲ့အချိန်မှာ အတင်းအကြပ် ရယူမယ့်အစား သူ(မ) စိတ်ပါလာအောင် ကြိုးစားပါ
ငါက ယောကျာ်းလေးပဲဆိုပြီး ဗလ အားကိုးနဲ့ အတင်းအကြပ် လုပ်ယူတာမျိုးက လက်တွဲဖော် ကောင်း တစ်ယောက် မပီသတာမျိုးပါ။ သူ(မ) စိတ်မပါတဲ့အချိန်မှာ အတင်းအကြပ် လုပ်ယူမယ်ဆိုရင် ဘယ်လောက်ပဲ ချစ်နှစ်သက်လို့ ယူထားပြီး လင်မယားဖြစ်တယ်လို့ဆိုဆို တစ်ဖက်က အလိုမတူရင် မုဒိမ်းမှု မြောက်တယ်ဆိုတာကို သတိချပ်ထားရပါမယ်။ အတင်းအကြပ် ရယူမယ့်အစား သူ(မ) စိတ်ပါလာအောင် ပွတ်သီး ပွတ်သပ် ပြုလုပ်တာမျိုး၊ တီတီတာတာ စကားဆိုတာမျိုး စသည်ဖြင့် ရိုမန့်တစ်ဆန်တဲ့ အခြေအနေမျိုးကို ဖန်တီးကာ သူ(မ) စိတ်ပါလာအောင် ကြိုးစားသင့်ပါတယ်။
(၄) သူ(မ)ရဲ့ အကြိုက်ကိုလည်း ဦးစားပေးပါ
အမျိုးသမီးတွေက ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်လာရင် အရှက်အကြောက် ကြီးတတ်ကြပါတယ်။ ပြီးတော့ ပွင့်ပွင့်လင်းလင်းလည်း မရှိတတ်ကြတဲ့အတွက်ကြောင့် ကွီးတို့က ပညာသားပါပါနဲ့ လှုပ်ရှားတတ်ဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရှော်တီလေးက အကြမ်းပတမ်းတွေ ကြိုက်သလား၊ အနုအရွလေးတွေကို ရင်ဖိုတာလား ဆိုတာကို မသိမသာ တီးခေါက်ကာ မေးမြန်းကြည့်ပါ။ ကွီးတို့က ဒီသိုင်းကွက်နဲ့ ကခုန်ပေးတာကို ကြိုက်တာလား၊ ဘယ်လို Position ကို ရင်ခုန်သလဲဆိုတာကို မေးမြန်းပြီး သူ(မ)ကြိုက်နှစ်သက်တဲ့ ပုံစံအတိုင်း လုပ်ဆောင်ပေးလိုက်မယ်ဆိုရင် ကွီးတို့ရဲ့ မဟေသီက ကွီးတို့ကို တမ်းတမ်းစွဲသွားပါလိမ့်မယ်။
ကွီးတို့လည်း ဒီလောက်ဆိုရင်တော့ ဘယ်လိုလုပ်ရင် လက်တွဲဖော် ကောင်း တစ်ယောက်ဖြစ်နိုင်သလဲဆိုတာကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Source: Menshealth
Featured Image: Freepik