ကွီးတို့က လူပျိုစစ်စစ်၊ တစ်ခါမှ အတွေ့အကြုံမရှိသေးဘူးဆိုရင် ကွီးတို့ရဲ့ ပထမအတွေ့အကြုံကို အစမပြုခင်မှာ နှလုံးတုန် ရင်ခုန်နေမှာအမှန်ပါပဲ။ ဒီလိုမျိုး အတွေ့အကြုံမရှိသေးတဲ့ ဂျူဂျူ တို့အတွက် စီနီယာတွေက လျှို့ဝှက်ချက် အချို့ကို ဝေမျှထားပါတယ်။ ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဆက်လက်လေ့လာနိုင်ပါတယ်။
(၁) ပြင်ဆင်ထားပါ
ကွီးတို့က လူပျိုစစ်စစ်၊ အတွေ့အကြုံမရှိသေးဘူးဆိုတာနဲ့ပဲ ဘာမှ ပြင်ဆင်ထားစရာမလိုဘူးလို့ မထင်လိုက်ပါနဲ့။ အခြေခံ သိသင့်သိထိုက်တာတွေနဲ့ ဖြည့်ဆည်းထားပြီးတော့ ပြင်ဆင်ထားစရာရှိတာတွေ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ကွီးတို့ရဲ့ ပထမဆုံး အတွေ့အကြုံအတွက် ကွန်ဒုံးကတော့ မပါမဖြစ် လိုအပ်မှာပါပဲ။ ကွန်ဒုံးကို ရယ်ဒီပြင်ထားဖို့ လိုအပ်သလို ကွန်ဒုံး အသုံးပြုပုံ အသုံးပြုနည်းတွေကိုလည်း အွန်လိုင်းကနေတဆင့် လေ့လာထားဖို့ လိုပါလိမ့်မယ်။
(၂) သွေးပူလေ့ကျင့်ခန်း များများ လုပ်လေ ပိုကောင်းလေပါပဲ
လေ့ကျင့်ခန်းများ၊ Workout များ ပြုလုပ်တဲ့အခါ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မပြုလုပ်ခင် သွေးပူလေ့ကျင့်ခန်းကို စလုပ်ကြရတာ ကွီးတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဖဲမွေ့ရာထက်က ကိစ္စတွေဆိုတာလည်း သွေးပူလေ့ကျင့်ခန်း လိုအပ်တဲ့ ကိစ္စတစ်ခုပါ။ သွေးပူလေ့ကျင့်ခန်း မလုပ်မိဘဲ မြွေကြီးကို ဂူထဲ တန်းထည့်မယ်ဆိုရင် ကွီးတို့ရော ကွီးတို့ စကီလေးတွေအတွက်ပါ အဆင်ပြေမှာမဟုတ်ပါဘူး။ ကြည်နူးစရာကောင်းတဲ့အချိန်တွေကို ဖန်တီးနေရမယ့်အစား နှစ်ဦးသားစလုံး စိတ်ရှုပ်စရာတွေနဲ့သာ ကြုံတွေ့ရပါလိမ့်မယ်။
ဒီမှာ ဆိုလိုတဲ့ သွေးပူလေ့ကျင့်ခန်းဆိုတာကတော့ ကွီးတို့ ကောင်မလေး စိတ်ပါလာအောင် နှုတ်ခမ်းချင်း ထိတွေ့တာမျိုး၊ ကွီးတို့ လက်နဲ့ ထိတွေ့ပြီး ပွတ်သပ်ပေးတာမျိုး၊ ဒါမှမဟုတ် လျှာသိုင်း ကျင့်တာမျိုး စတာတွေကို ဆိုလိုတာပါ။ ဒီလိုမျိုး သွေးပူလေ့ကျင့်ခန်းတွေနဲ့ အစပြုမှသာလျှင် ကွီးတို့ ကောင်မလေးက စိတ်ပါလာမှာပါ။ ဒီအဆင့်ကတော့ မဖြစ်မနေ ပြုလုပ်သင့်တဲ့အဆင့်ပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသမီးတွေက စိတ်ပါလာဖို့ တော်တော်လေးကို အချိန်ယူရလို့ပါပဲ။ သူတို့ကိုယ်တိုင် စပြီး စိတ်ပါလာတဲ့အချိန်ဆိုရင်တော့ ကွီးတို့အတွက် ကံကောင်းတဲ့ နေ့တစ်နေ့လို့တောင် တင်စားလို့ရပါတယ်။
(၃) အရွယ်အစားကို ခေါင်းထဲ မထည့်ပါနဲ့
လူပျိုစစ်စစ် အမျိုးသားတို့အနေနဲ့ ပထမဦးဆုံး အတွေ့အကြုံမှာ သူတို့ရဲ့ အရွယ်အစားကို စိတ်ပူတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ကွီးတို့ စကီလေးအတွက်တော့ ဆိုဒ်က အရေးမကြီးပါဘူး။ တကယ်လို့ ကွီးတို့က ကိုယ့် ဆိုဒ် အရွယ်အစားကြောင့် ကိုယ့်ကိုယ်ကိုယ် ကွန်းဖီးဒန့် မရှိသလို ခံစားနေရတယ်ဆိုရင် သဘာဝအတိုင်း အရွယ်အစား ကြီးလာအောင် ဖန်တီးနိုင်တဲ့ နည်းလမ်းတွေ အများကြီးပဲရှိပါတယ်။ ကွီးတို့အနေနဲ့ မိမိကြိုက်နှစ်သက်ရာနည်းလမ်းကို အသုံးပြုကာ အရွယ်အစား ကြီးလာအောင် ကြိုးစားနိုင်ပါတယ်။
(၄) ကွီးတို့ စကီလေးကို ပွင့်ပွင့်လင်းလင်း ပြောပြပါ
ကိုယ့်မှာ ဘာအတွေ့အကြုံမှ မရှိဘူးဆိုတာကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ ဖုံးကွယ်ထားတာကမှ ပိုပြီး မရိုးသားရာကျပါတယ်။ ကွီးတို့က ပွင့်ပွင့်လင်းလင်း ပြောပြမယ်ဆိုရင်တော့ ကွီးတို့စကီလေးက ချစ်စရာကောင်းတဲ့ အပြုအမူလို့ မှတ်ယူမှာဖြစ်ပြီး ကွီးတို့ကိုလည်း ချစ်တင်းနှောစေစဥ် တစ်လျှောက်လုံး ကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။
(၅) ကျန်းမာရေး ကောင်းအောင် နေထိုင်ပါ
ကွီးတို့ စားသုံးတဲ့ အစားအစာများက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ် များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ဆီကြော် အစားအစာများ၊ အာလူးကြော်၊ ကြာရှည်ခံ အစားအစာများ အစရှိတဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာများကို ရှောင်ကြဥ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို များများစားသုံးပေးလိုက်ပါ။ ဒါ့အပြင် အိပ်ရေး ဝဝ အိပ်စက် အနားယူဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေး မဝတဲ့အခါ စိတ်သွားတိုင်း ကိုယ်မပါတော့ဘဲ စွမ်းဆောင်ရည်တွေလည်း ကျဆင်းသွားနိုင်ပါတယ်။
ကဲ…ဒါဆိုရင် ဂျူဂျူ လူပျိုကြီးတို့လည်း ဒီ လျှို့ဝှက်ချက် များကို အသုံးချကာ ကိုယ့်ရဲ့ ပထမဦးဆုံး အတွေ့အကြုံကို ကိုယ့်စိတ်တိုင်းကျ ဖြတ်သန်းနိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဂွတ်လပ်ခ်ပါဗျာ…
Source: Lovepanky
Featured Image: Freepik