ကွီးတို့သိထားတဲ့အတိုင်း Gaming Laptop တွေက များသောအားဖြင့် ဈေးကြီးပါတယ်။ ဒါပေမယ့် အရမ်းဈေးများပြီး ဂိမ်းအမြင့်တွေ ဆော့ဖို့မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ဂိမ်းကောင်းကောင်းလည်း ဆော့လို့ရမယ် ၊ အကောင်းဆုံး Gaming Experience ကိုလည်း ခံစားနိုင်မယ် ၊ ဈေးနှုန်းအားဖြင့်လည်း သိပ်မကြီးတဲ့ အထဲက ဆိုရင်တော့ အခုပြောမယ့် ကောင်လေးတွေ ရွေးနိုင်ပါတယ်။
(၁) Dell Inspiration 14″ 3000
Photo : Laptoping
ဂိမ်းကောင်းကောင်း ဆော့ဖို့ ဈေးအသင့်အတင့်ထဲက ဒီကောင်လေး ရှိပါတယ်။ ရုံးသုံး ၊ ကျောင်းသုံး ကောင်းကောင်းသုံးနိုင်ပြီး ဂိမ်းဝါသနာရှင်တွေအတွက်လည်း မဆိုးလှတဲ့ Gaming အတွေ့အကြုံကို ပေးစွမ်းမှာပါ။ 10th Intel Core i5-1035G4 (4 Cores, up to 3.7GHz, 6MB Cache) Processor သုံးထားပြီး 128GB M.2 PCle NVMe Solid State Drive နဲ့ Intel Iris Plus Graphics ပါရှိပါတယ်။ Skyrim ၊ Rust နဲ့ Blizzard တို့လို High Quality ဂိမ်းတွေကို ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ GB 26666 MHz DDR4 နဲ့ ၁၄ လက်မ HD (1366 by 768) Anti-Glare LED-Backlit Non-touch Display ကို အသုံးပြုပေးထားပါတယ်။ အလေးချိန်အားဖြင့်လည်း ၃.၇၇ ပေါင်သာရှိပြီး 3-Cell, 42 WHr ပေါင်းစပ် ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ ဘော်ဒီ ကျစ်ကျစ်လစ်လစ်နဲ့ ဘက်ထရီအားလည်းခံရမယ် ၊ ဂိမ်းအမိုက်စားတွေကိုလည်း ဆော့ချင်တယ်ဆိုရင်တော့ Dell Inspiration 14″ 3000 က ရွေးချယ်သင့်တဲ့ လက်ပ်တော့ တစ်လုံးပါပဲ။
(၂) Acer Aspire 5 Slim (Model A515-43-R19L)
Photo : Amazon
ဈေးအရမ်းမကြီးပဲ ဂိမ်းကောင်းကောင်း ဆော့ဖို့အဆင်ပြေတဲ့ နောက်ထပ် လက်ပ်တော့တစ်လုံးကတော့ Acer Aspire 5 Slim (Model A515-43-R19L) ပါ။ ဒီကောင်လေးက AMD Ryzen 3 3200U Dual-Core Processor ကို အသုံးပြုပေးထားပြီး Built-in Stereo Speakers ၂ လုံး ၊ Acer Purified ၊ AMD Radeon Vega 3 Mobile Graphics ၊ ၁၅.၆ လက်မ Full HD widescreen LED-backlit IPS Display ၊ 4GB DDR4 Memory ပါဝင်ပါတယ်။ အသံပိုင်းဆိုင်ရာ အကောင်းဆုံးနည်းပညာသုံးထားတဲ့ Built-in Microphones ၂ လုံး ၊ HD Webcam (1280 မှ 720) ၁ လုံး 2 by 2 Mimo နည်းပညာ ပါရှိတဲ့ 802.11 ac WiFi လည်း ပါပါတယ်။ ဒါ့အပြင် Backlit Keyboard လည်းထည့်ပေးထားပြီး Lithium-Ion ဘက်ထရီ အသုံးပြုပေးထားတဲ့အတွက် ၇ နာရီ ခွဲဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၃.၉၇ ပေါင်ရှိပြီး အမိုက်စား Graphics Processor ပါတဲ့အတွက် Minecraft နဲ့ CS Go တို့လို ဂိမ်းတွေကို အထာကျကျ ဆော့လို့ရမယ့် လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။
(၃) ASUS VivoBook (Model F510QA)
Photo : Walmart
စာရွက်တစ်ရွက်လို ပါးလွှာပေါ့ပါးပြီး ကျစ်လစ်တဲ့ ဘော်ဒီနဲ့ အမိုက်စား လက်ပ်တော့တစ်လုံး ရှာနေရင်တော့ ASUS VivoBook (Model F510QA) ကိုသာ ရွေးလိုက်ပါ။ ဒီကောင်လေးက အလေးချိန်အားဖြင့် ၃.၇ ပေါင်သာရှိပြီး Full-size ၁၅.၆ လက်မ FHD WideView Display နဲ့ လာပါတယ်။ Ultrabook လိုပဲ ကျစ်လျစ်ပြီး အကြမ်းစား ပါဝါစွမ်းဆောင်ရည်တွေလည်း ပါရှိပါတယ်။ AMD Quad-Core A12-9720P Processor ကို AMD Radeon R7 Graphics နဲ့ 4GB DDR4 RAM ပါဝင်ပြီး Ultra-Fast Dual-Band Wi-Fi 5 လည်းပါပါတယ်။ ဒါ့အပြင် ASUS ရဲ့Tru2Life Video Technology ကို အသုံးပြုထားတာကြောင့် အမိုက်စား ဗီဒီယို အတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပြီး Graphics ပိုင်း အရမ်းကောင်းတာကြောင့် လျင်မြန်သွက်လက်မှုအပြည့်နဲ့ ဂိမ်းကောင်းကောင်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ASUS VivoBook (Model F510QA) က Rocket League ၊ CS Go ၊ NFS run နဲ့ GTA 5 ဂိမ်းတွေကို ကောင်းကောင်းဆော့လို့ ရပါတယ်။
Featured Photo : LaptopMedia