အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ Ereectile Dysfunction (ED) လို့ခေါ်တဲ့ ပန်းသေပန်းညိုး ပြဿနာ ပိုအဖြစ်များတယ်လို့ လေ့လာမှုက ဆိုထားပါတယ်။ ဒါပေမယ့် ဒါဟာ အိုမင်းရင့်ရော်ခြင်းရဲ့ ပုံမှန်ဖြစ်နေကျ အခြေအနေတစ်ခုတော့ မဟုတ်ပါဘူး။ ကောင်းမွန်မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံတွေကို ထိန်းသိမ်းမယ်ဆိုရင် ပန်းသေပန်းညိုး ပြဿနာကင်းဝေးပြီး ကျန်းမာတဲ့ ညီလေးကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ ပန်းသေပန်းညိုးကင်းဝေးပြီး ဒေါင်ဒေါင်မြည် ရွှေပန်းလေး ဖြစ်ဖို့ လိုက်နာရမယ့် အချက်လေးတွေကို ပြောပြပေးပါမယ်။

(၁) ဘာတွေ စားဖြစ်နေလဲ ကြည့်ပါ

handsome young man eating scrambled egg for breakfast

Photo : Men’s Skin Centres

ညံ့ဖျင်းတဲ့ စားသောက်မှုပုံစံဟာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပြီး လိင်တံတဝိုက် သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ကွီးတို့ရဲ့ ရွှေပန်းလေး ကျန်းမာရွှင်လန်းနေဖို့ဆိုရင်တော့ ကောင်းမွန်တဲ့ သွေးစီးဆင်းလည်ပတ်မှု ရှိဖို့ လိုအပ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ ၊ ဆီကြော်နဲ့ အငံစာတွေ ၊ ပြုပြင်အေးခဲထားတဲ့ အသားတွေ စတာတွေဟာ ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းလည်ပတ်မှုကို ကျဆင်းစေပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအစားအစာတွေကိုရှောင်ပြီး နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အသီးအနှံ့ ၊ ဟင်းသီးဟင်းရွက် ၊ အစေ့အဆန် ၊ အခွံမာသီး ၊ ကျန်းမာတဲ့ အဆီဓာတ်တွေကို ပြောင်းလဲစားသုံးပေးသင့်ပါတယ်။

(၂) ကိုယ်အလေးချိန် ထိန်းပါ

Maintain a healthy weight

Photo : Verywell Health

ကိုယ်အလေးချိန် အဆမတန်မြင့်တက်ခြင်း ၊ အဝလွန်ခြင်းဟာ အမျိုးအစား၂ ဆီးချိုရောဂါအပါအဝင် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အာရုံကြောစနစ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဝလွန်ခြင်းက လိင်အင်္ဂါသန်စွမ်းကျန်းမာမှုကို လျှော့ကျစေမှာဖြစ်သလို အဝလွန်ခြင်းရဲ့ဆက်စပ်ရောဂါဖြစ်တဲ့ ဆီးချိုရောဂါဟာလည်း ကွီးတို့ရဲ့ ရွှေပန်းလေး ဆီထောက်ပံ့ပေးနေတဲ့ အာရုံကြောစနစ်တွေကို ထိခိုက်ပျက်စီးစေတာကြောင့် Ereectile Dysfunction (ED) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အဝလွန်မခံပါနဲ့။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

(၃) စိတ်ဖိစီးမှု လျှော့ချပါ

 meditation

Photo : The Fashionisto

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဟာ သွေးကြောတွေကို ကျုံ့သွားစေတဲ့ Adrenaline ဟော်မုန်းပမာဏကို မြှင့်တင်ပေးပါတယ်။ ဒါဟာ လိင်တံထောင်မတ်နိုင်စွမ်းအတွက် သတင်းဆိုးပါပဲ။ ယောက်ျားတစ်ယောက်အတွက် ကြီးမားတဲ့ စိတ်ဖိစီးမှုတွေနဲ့ ရေရှည်စိတ်ရဲ့ ဖိအားဒဏ်တွေကို ခံစားနေရမယ်ဆိုပါက လိင်မှုဘဝအပေါ် အကြီးအကျယ် ဆိုးကျိုးတွေကိုသက်ရောက်စေနိုင်ပြီး ရွှေပန်းလေး ရဲ့ကျန်းမာသန်စွမ်းမှုကိုလည်း လျှော့ကျစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို တက်နိုင်သမျှ‌ လျှော့ချပြီး စိတ်ဖိစီးမှုနည်းတဲ့ နေထိုင်မှုပုံစံကို ပြုစုပျိုးထောင်ဖို့ အကြံပေးချင်ပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

quit smoking

Photo : SACAP

ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောစနစ်တွေကို ထိခိုက်စေပြီး လိင်တံသို့ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ အဓိကအားဖြင့် ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်က သွေးကြောတွေကို ကျုံ့သွားစေတဲ့အတွက် ကွီးတို့ရဲ့ လိင်တံဆီသို့ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေတာကြောင့် ပန်းသေပန်းညိုး ပြဿနာ Ereectile Dysfunction (ED) ကို ဖြစ်စေတာပါ။ ဒါကြောင့် ဒေါင်ဒေါင်မြည် ကျန်းမာတဲ့ ရွှေပန်းလေး ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီနေ့ကစပြီး ဆေးလိပ်ဖြတ်ပါ။

(၅) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Exercise regularly
Photo : The Manual

ခိုင်လုံတဲ့ အထောက်အထားတွေအရ အထိုင်များတဲ့ နေထိုင်မှုပုံစံနဲ့ လိင်အင်္ဂါချို့ယွင်းမှုကြားမှာ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ တစ်နေ့တာအတွင်းမှာ လှုပ်ရှားမှုနည်းပြီး အထိုင်များနေမယ် ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်မလုပ်ဖြစ်ဘူးဆိုရင် အဝလွန်တာ ၊ နှလုံး ၊ သွေးတိုး စတဲ့ ရောဂါတွေလည်း ဖြစ်လာနိုင်ပြီး ဒီကနေတဆင့် ဆက်စပ်နေတဲ့ လိင်အင်္ဂါချို့ယွင်းမှု ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ရက်ကို အနည်းဆုံး နာရီဝက်ခန့် ပြေးခြင်း ၊ ရေကူးခြင်းနဲ့ အခြား အေရိုးဗစ်လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ပေးတာဟာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး လိင်တံကို ထောက်ပံ့ပေးနေတဲ့ သွေးကြောနဲ့ အာရုံကြောစနစ်တွေကို ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။ အလားတူ တင်ပါးဆုံတွင်းရှိ ကြွက်သားတွေကို အားကောင်းစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းနည်းဖြစ်တဲ့ Kegel လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးတာဟာလည်း ED ပြဿနာကို လျှော့ပါးစေပြီး ကျန်းမာရွှင်လန်းတဲ့ ရွှေပန်းလေး ကိုပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Featured Photo : Steroid Cycles