ကျွန်တော်တို့ အားလုံးမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက် တွေ ကိုယ်စီရှိကြမှာပါပဲ။ စိတ်ကူးအိပ်မက်တွေ အမှန်တကယ် လက်တွေ့အကောင်အထည် ဖြစ်လာဖို့ ပုံဖော်တဲ့ အပိုင်းက အခက်အခဲဆုံးပါ။ ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်တွေကို အမှန်တကယ် လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ သိထားသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ရည်မှန်းချက် ကြီးကြီးထားပါ

dream big

Photo : Early To Rise

အထူးသဖြင့် သင်ဘယ်လမ်းကို လျှောက်ရမလဲ သေချာမသိဘူးဆိုရင် “ နောက် ငါးနှစ်အတွင်း သင့်ကိုသင် ဘယ်လိုနေရာမျိုးမှာ တွေ့ချင်တယ် ” ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ထားပါ။ အနာဂတ်ကို ကြိုတင်တွေးတောခြင်းက မသေချာမရေရာမှုတွေနဲ့ ကြောက်ရွံ့စရာ ဖြစ်နိုင်ပေမယ့်လည်း ရည်မှန်းချက်နဲ့ လက်တွေ့ ကျကျ လုပ်ဆောင်မယ်ဆိုရင်တော့ အကောင်းဆုံး ရလဒ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ခါတစ်လေမှာ ဘောင်ခတ်ထားတဲ့ အတွေးစည်းထဲကထွက်ပြီး စိတ်ကူးအိပ်မက် ရည်မှန်းချက်တွေကို ကြီးကြီးထားကြည့်ဖို့ လိုပါတယ်။ ဒါကအနာဂတ်ကို ပုံဖော်ဖန်တီးဖို့ အကောင်းဆုံး နည်းလမ်းဖြစ် ပါလိမ့်မယ်။

(၂) ပန်းတိုင်တွေကို မြင်ယောင်ကြည့်ပါ

visualize your goals

Photo : Andy Byrne

ဟုတ်ပါတယ် အိပ်မက်တွေ ကြီးကြီးမက်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် သင်လိုချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း ပုံမဖော်နိုင်ရင် အဲဒီ စိတ်ကူးအိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့က ပိုခက်ခဲပါလိမ့်မယ်။ ကိုယ်ဖြစ်ချင်တဲ့အရာ ၊ ပိုင်ဆိုင်လိုတဲ့ အရာတွေကို ရှင်းရှင်းလင်းလင်းနဲ့ပြတ်ပြတ်သားသား သိရှိနေမှသာ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် တစ်ဆင့်ချင်းစီကို လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် အရင်ဆုံး သင်လုပ်ရမှာက သင့်ရဲ့ စိတ်ကူးအိပ်မက် ၊ ပန်းတိုင်တွေကို မြင်သာအောင်/ ရှင်းလင်းအောင် ပုံဖော်ကြည့်နိုင်ဖို့ လိုပါတယ်။

(၃) လိုအပ်တဲ့အခါ အနားယူပါ

Take Breaks When You Need Them

Photo : California Employment Law Report

စိတ်ကူးအိပ်မက်တွေကို ပုံဖော်တဲ့ လမ်းခရီးက ခက်ခဲကြမ်းတမ်းပြီး ပင်ပန်းနိုင်ပါတယ်။ ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေ ခံစားရတိုင်းမှာ အတင်းအကြပ် ဖိအားပေးပြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးမိပါစေနဲ့။ ကျွန်တော်တို့ အားလုံးမှာ လုံလောက်တဲ့ အနားယူချိန်နဲ့ အကောင်းဆုံး အာရုံစူးစိုက်မှု ရှိရှိလုပ်နိုင်ဖို့ အားပြန်ဖြည့်ဖို့ အချိန်လိုပါတယ်။ မဟုတ်ရင် အားလုံးကို လွှတ်ချပြီး စိတ်ကူးအိပ်မက်တွေအားလုံး လက်လွှတ်ဖို့ ကြိုးစားမိပါလိမ့်မယ်။ ဒါကြောင့် အနားယူသင့်တယ်လို့ ခံစားရတဲ့အခါ အနားယူပါ။ အားပြန်ဖြည့်ပြီး အကောင်းဆုံး ရှေ့ဆက်ဖို့ အကြံပေးချင်ပါတယ်။

(၄) အခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်းကို ရှောင်ပါ

Stop comparing yourself to others

Photo : Prolifiko

ကွီးတို့ရဲ့ စိတ်ကူးအိပ်မက် တွေကို ကိုယ်တိုင်အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် လေးစားမှုနဲ့ ယုံကြည်မှု ရှိနေရပါမယ်။ ပြေးလမ်းကြောင်းတစ်ခုပေါ် ပြေးနေချိန်မှာ ကိုယ့်ရဲ့ ဦးတည်ချက်လားရာကိုပဲ ရှေးရှုထားသင့်တာပါ။ ကျွန်တော်တို့ တော်တော်များများ လုပ်မိတဲ့ အမှားတစ်ခုက ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အဆိုးမြင်စိတ်တွေနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုကို ပျက်ပြားအောင် လုပ်မိကြတာပါပဲ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံး မြင်သာအောင်ကြည့်ပြီး သေးငယ်တဲ့ အောင်မြင်မှုလေးတွေကိုပင် မိမိကိုယ်ကိုယ်ဂုဏ်ပြုခြင်းဖြင့် နောက်လာမယ့်စိန်ခေါ်မှုကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့ မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုကို မြှင့်တင်ထားရမှာ ဖြစ်ပါတယ်။

Featured Photo : Law Of Affirmation