ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ချစ်ကြည်နူး တစ်တီတူးတာက ရှက်စရာ မဟုတ်ပါဘူး။ သဘာဝတရားရဲ့ လှုံ့ဆော်မှုကြောင့်ရော သွေးသားဆန္ဒအရကြောင့် ဖြစ်တည်လာတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်တည်လာတဲ့ ခံစားချက်ကြောင့် ကွီးတို့ နှစ်ဦးသား တူနှစ်ကိုယ် ပျော်ရွှင် ကြရတာ မဟုတ်လား။
တူနှစ်ကိုယ် ပျော်ရွှင် ဖို့အတွက် သိထားရမယ့် အချက်များလည်း ရှိပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ရှော်တီလေးနဲ့ အမြဲတမ်း ကြည်နူးပျော်ရွှင်ဖွယ်ရာကောင်းတဲ့ စိတ်ခံစားချက်မျိုးကို အမြဲတမ်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအချက်များက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။
(၁) အခြေအနေ ကြည့်ပြီး လှုပ်ရှားတတ်ပါစေ
ကွီးတို့ နှစ်ဦးသား အပေးအယူမျှဖို့ဆိုရင် အခြေအနေ ကြည့်ပြီး လှုပ်ရှားတတ်ဖို့ လိုအပ်ပါတယ်။ တစ်ယောက်က လိုလားတောင့်တနေပေမယ့် အခြား တစ်ယောက်က စိတ်မပါရင် အတင်းအကြပ် လုပ်ယူတာနဲ့ တူပြီး ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် နှစ်ယောက်စလုံး စိတ်ပါမယ့် အချိန်ကို ကြည့်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ နှစ်ဦးသားစလုံး လိုလားတောင့်တတဲ့အချိန်မှာမှာ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိမှာဖြစ်ပါတယ်။
(၂) သိုင်းကွက်မျိုးစုံကို လေ့လာသင်ယူပါ
တစ်ခါလာလည်း ဒီသိုင်းကွက်၊ နောက်တစ်ခါလာလည်း ဒီသိုင်းကွက်ပဲ ဆိုရင်တော့ ငြီးငွေ့စရာ ကောင်းသွားပါလိမ့်မယ်။ ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အချိန်မျိုးကို ပိုင်ဆိုင်ချင်ပြီး နှစ်ဦးသားစလုံး ငြီးငွေ့ မသွားမယ့် အခြေအနေမျိုးကို လိုချင်တယ်ဆိုရင်တော့ သိုင်းကွက်မျိုးစုံကို လေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။
သိုင်းကွက်မျိုးစုံကို လေ့လာနိုင်မယ့် နည်းလမ်းတွေက အများကြီးပါပဲ။ လူကြီးကားတွေထဲကပဲ လေ့လာချင်သလား၊ ရုပ်ပြပုံတွေကနေပဲ လေ့လာချင်သလား နည်းလမ်းမျိုးစုံ ရှိပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို ရွေးချယ်ကာ လေ့လာသင်ယူနိုင်ပါတယ်။
(၃) ဝေဖန်ကဲ့ရဲ့မယ့် အစား ချီးမွမ်းပါ
ဝေဖန်ကဲ့ရဲ့ခြင်းက နှစ်ဦးစလုံးအတွက် အကျိုးမရှိဘူးဆိုတာကို ကွီးတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ကွီးတို့ ကိစ္စ ဝိစ္စတွေ ပြီးသွားတဲ့အခါ ဒါကြီးကို မကြိုက်ဘူး၊ ဟိုဟာကြီးကို၊ သူ(မ) ပြုစုပေးတာက မကောင်းဘူး စသည်ဖြင့် ဝေဖန်နေမယ့်အစား ကွီးတို့က ဘယ်လို ကြိုက်နှစ်သက်ကြောင်း၊ သူ(မ)ရဲ့ ပြုစုယုယမှုကို ဘယ်လိုမျိုး ကြွေသွားကြောင်း ချီးကျူးပေးမယ်ဆိုရင် ကွီးတို့ရဲ့ ရှော်တီလေးလည်း ပင်ပန်းရကျိုးနပ်သွားပါလိမ့်မယ်။ ဒါမှလည်း သူ(မ)က ကွီးတို့ကို နောက်ထပ် အကြိမ်ပေါင်းများစွာ ပြုစုပေးချင်စိတ် ပေါ်မှာမဟုတ်လား။
(၄) ကျန်းမာရေး အသိ ရှိပါစေ
ပျော်ပါး ကြည်နူးတာလည်း ကြည်နူးပါ၊ ဒါပေမဲ့ ကျန်းမာရေး အသိလည်း ရှိဖို့ လိုအပ်ပါတယ်။ ကွီးတို့ နှစ်ဦးသားက တစ်ယောက်ကို တစ်ယောက် သစ္စာရှိရှိနဲ့ စွဲမြဲစွာ ချစ်ပြီး ဒီတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးသွားရင် အကောင်းဆုံးပါပဲ။ ဒါဆိုရင်တော့ မလိုလားအပ်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ အန္တရာယ်ကနေ ကင်းဝေးမှာပါ။ ဒါတောင်မှ ဆေးထိုးအပ်များ၊ တက်တူးထိုးတဲ့ အပ်တွေကနေတဆင့် ကူးစက်နိုင်သေးတယ်ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ ဒါ့အပြင် ကွီးတို့က ကလေးမယူချင်သေးတဲ့ အခြေအနေမျိုး ရှိလာခဲ့ရင်လည်း ကြိုတင် စီစဥ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ထိုအခြေအနေများ အားလုံးအတွက် အကောင်းဆုံး နည်းလမ်းကတော့ ကွန်ဒုံး အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ကွန်ဒုံး အသုံးပြုခြင်းကြောင့် မလိုလားအပ်တဲ့ ရောဂါများမှ ကာကွယ်ပေးပြီး ကလေး ယူဖို့ အဆင်သင့် မဖြစ်သေးတဲ့ စုံတွဲများအတွက်လည်း အကောင်းဆုံးသော ကာကွယ်နည်းပဲဖြစ်ပါတယ်။
(၅) တစ်ယောက်အတွက် တစ်ယောက် စဥ်းစားပေးဖို့ မမေ့ပါနဲ့
တူနှစ်ကိုယ် ပျော်ရွှင် ချင်တယ်ဆိုရင် တစ်ယောက်အတွက် တစ်ယောက် စဥ်းစားပေးဖို့ လိုအပ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ပဲကိုယ် ကြည့်နေမယ်ဆိုရင်တော့ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ဘက်က ဘယ်လောက်ပဲ လိုလားတောင့်တနေပါစေ ကိုယ့်စကီလေးရဲ့ ကျန်းမာရေး အခြေအနေ၊ စိတ်အခြေအနေ အစရှိတာတွေ အကုန်လုံးကို ထည့်သွင်းစဥ်းစားပေးပြီး သူ(မ) အားမငယ်အောင်လည်း စိတ်အထောက်အပံ့ပေးဖို့၊ စိတ်လုံခြုံမှု ပေးဖို့ လိုအပ်ပါသေးတယ်။ ဒါကတော့ လူကြီးလူကောင်းဆန်တဲ့ Gentleman ကွီးတို့ ပြုမူကြတဲ့ အမူအကျင့်တစ်ခုပဲဖြစ်ပါတယ်။
ကွီးတို့ရော တူနှစ်ကိုယ် ပျော်ရွှင် ဖို့အတွက် ဘာတွေ လုပ်ဆောင်လေ့ရှိပါသလဲ။
Source: Healthline
Featured Image: Freepik