အချစ်နဲ့စ အမုန်းနဲ့ဆုံးတဲ့ လမ်းကို ဘယ်သူကမှ သွားချင်ကြမယ် မထင်ပါဘူး။ အချစ်ခရီးလမ်းအစမှာ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက် ချစ်ခဲ့ကြပေမယ့်လည်း အဆင်မပြေမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် သဘောထားတွေ ကွဲလွဲလာကြတဲ့အခါ လှပတဲ့ ဆက်ဆံရေးတစ်ခုဟာလည်း နေ့ချင်းညချင်း ပြီးဆုံးခြင်းဆိုတဲ့ အခြေအနေကို ရောက်သွားတက်ကြတာပဲ မဟုတ်လား။ မကြာခင်အချိန်အတွင်းမှာ သင်တို့နှစ်ဦးရဲ့ အချစ်ရေး ဟာ အဆုံးသတ်ရတော့မယ်ဆိုတာကို ရှေ့ပြေးအနေနဲ့ လက္ခဏာတွေ ပြတက်ပါတယ်။ ဒီလိုအချိန်မှာ အချိန်မှီကယ်တင်ခြင်းဖြင့် နှစ်ဦးသားရဲ့ဆက်ဆံရေးကို ပြင်ဆင်နိုင်ပေမယ့် လျစ်လျူရှုထားမိရင်တော့ အမှန်တကယ် အဆုံးသတ်သွား နိုင်ပါတယ်။

(၁) စိတ်ချင်းဆက်နွယ်မှု အဆက်ပြတ်လာတဲ့အခါ

Couple

Photo : Times Of India

ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားချက်ခြင်းဟာ အထူးတကယ် ညှိနှိုင်းစရာမလိုအောင် ဆက်နွယ်နေတက်ပါတယ်။ တစ်ယောက်စိတ်ကိုတစ်ယောက် ခံစားမိတယ် ၊ တစ်ယောက်စိတ်ထဲတစ်ယောက် ဝင်ကြည့်နိုင်တယ်ဆိုတာဟာ အချစ်ရဲ့ ပြယုဒ်တစ်ခုပဲ မဟုတ်လား။ သို့သော် တစ်ယောက်နဲ့တစ်ယောက် ရင်ဘတ်ချင်းဝေးကွာပြီး စိတ်ချင်းအဆက်ပြတ်လာတယ်ဆိုရင်တော့ ဒါဟာ သင်တို့ အချစ်ရေး မှာ မကောင်းအငွေ့တွေကို စတင်ခံစားနေရပြီဆိုတာ ပြသနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

(၂) အတူတူရှိနေချိန်မှာတောင် အထီးကျန်သလို ခံစားနေရတဲ့အခါ

couple

Photo : Medium

ဒီခံစားချက်ကြီးက အင်မတန်ဆိုးပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ ၊ ကြင်နာမှုတွေမရှိတော့ပဲ ဝေးသထက်ဝေး အေးသထက်အေးတဲ့ ဆက်ဆံရေးတွေ ဖြစ်လာတဲ့အခါ နှစ်ဦးသားအတူတူ ရှိနေတယ်ဆိုရင်တောင်မှ ဝေးကွာနေသလို အထီးကျန်သလို ခံစားနေရမှာပါ။ ချစ်သူနှစ်ဦး အတူတူရှိနေချိန်မှာ တစ်ကိုယ်တည်းလို့ ခံစားနေရမယ်ဆိုရင် ဒါဟာ အချစ်ရေးရဲ့ မကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။

(၃) စကားပြောဆိုရ ခက်ခဲလာတဲ့အခါ

couple
Photo : Pinkvilla

နှစ်ဦးသား စကားကြာကြာပြောလို့ အဆင်မပြေဘူး ၊ စကားစရှည်တာနဲ့ အထစ်အငေါ့နဲ့ ပြဿနာတွေဘက်ကိုပဲ ဦးတည်သွားနေမယ် ၊ တစ်ယောက်နဲ့တစ်ယောက်ကြားမှာလည်း ကြင်ကြင်နာနာ ပြောဆိုဆက်ဆံမှုတွေ ရှားပါးလာပြီး ရန်စကားတွေ ၊ ပြဿနာကို ဦးတည်နေတဲ့ စကားတွေပဲ ပြောမိနေကြမယ်ဆိုရင်တော့ သင်တို့ရဲ့ဆက်ဆံရေးဟာ တော်တော်လေးကို အနုတ်သဘောဆောင်တဲ့ဘက်ကို ရောက်ရှိနေပြီဆိုတာ သိနိုင်ပါပြီ။

(၄) လေးစားမှုတွေ မရှိတော့တဲ့အခါ

couple

Photo : BuzzFeed

အချစ်ရေး တစ်ခု ပြိုကွဲသွားရနိုင်တဲ့ လက္ခဏာတစ်ခုကတော့ တစ်ယောက်ရဲ့တန်ဖိုးကို တစ်ယောက်က အသိအမှတ်မပြုပါပဲ အပြန်အလှန် လေးစားမှုတွေ ပျောက်ဆုံးလာတဲ့ အခြေအနေပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ဝေဖန်တာ ၊ မေးခွန်းထုတ်စရာတွေ ဖြစ်လာတာ ၊ တစ်ယောက်ကိုတစ်ယောက် ဖြစ်တည်မှုတွေနဲ့ပတ်သတ်ပြီး အထိနာစေမယ့် စကားလုံးတွေ သုံးနှုန်းပြောဆိုတာ စတဲ့အချက်တွေဟာ အချစ်ရေးမှာ လေးစားမှုကင်းမဲ့နေပြီးဆိုတာကို ဖော်ပြနေတာဖြစ်ပြီး ဒီတိုင်းဆက်သွားနေရင်တော့ မကြာခင် အသုံးသတ်တဲ့အခြေအနေကို ရောက်ရပါလိမ့်မယ်။

(၅) ကိုယ်ချင်းစာစိတ် မရှိတော့တဲ့အခါ

couple

Photo : Damon Ashworth Psychology

အချစ်ရေးတစ်ခုမှာ ကိုယ်ချင်းစာစိတ်နဲ့ပဲ ပဋိပက္ခတွေ ၊ နားလည်မှုလွဲမှားမှုတွေကို ကျော်လွှားကြရပါတယ်။ စာနာမှုမရှိတော့ဘူး ဆိုရင်တော့ အဲ့ဒီ ဆက်ဆံရေးဟာ မကြာခင်မှာပဲ ပျက်ပယ်သွားရတော့မှာပါ။ ကိုယ်ချင်းစာစိတ်မရှိတဲ့အခါ တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက် ဝင်ရောက်ခံစားပေးနိုင်တော့မှာ မဟုတ်သလို ဘာလုပ်လုပ် ငါမှန်တယ်ဆိုတဲ့ အတ္တစိတ်ဖုံးလာတဲ့အတွက် နားလည်မှုတွေဟာလည်း အလိုလို ပျောက်ပျက်ပြီး အဆုံးသတ်ရမယ့် အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

အခုပြောပြတဲ့ အချက်တွေ ဖြစ်နေရင်တော့ ကွီးတို့ အချစ်ရေး မကြာခင် အဆုံးသတ်ရပါတော့မယ်။ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်မြတ်နိုးပြီး အဆုံးရှုံးမခံနိုင်ဘူးဆိုရင် အကောင်းဆုံး ပြန်လည်ပြင်ဆင်ပြီး ကွီးတို့ရဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ပါလို့ အကြံပေးချင်ပါတယ်။

Source : Momjunction

Featured Photo : Luminous Counseling