ချောဆီသုံးရတာဟာ တကယ်တော့ ရှက်စရာမဟုတ်ပါဘူး။ ပိုပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အခိုက်အတန့်ကို ခံစားရရှိစေဖို့ဆိုရင် ချောဆီတွေရဲ့အကူအညီကိုတော့ သေချာပေါက် ရယူသင့်ပါတယ်။ ချောဆီတွေဟာ ချစ်တင်းနှောချိန်မှာ နှစ်ဦးနှစ်ဘက်စလုံးအတွက် ပိုမိုသက်တောင့်သက်သာ ရှိစေရုံသာမက အထိအတွေ့ခံစားမှုကိုလည်း ပိုကောင်းစေဖို့ အထောက် အကူ ပြုပါတယ်။ လေ့လာမှုတွေအရလည်း အမျိုးသမီး ၁၀ ယောက်မှာ ၉ ယောက်က ချောဆီအသုံးပြုတာဟာ ပိုမိုသာယာပျော်ရွှင်ဖွယ်ကောင်းတယ်လို့ ဆိုကြပါတယ်။ ချောဆီတွေမှာ ရေအခြေခံ ၊ ဆီလီကွန်အခြေခံနဲ့ ဆီအခြေခံဆိုပြီး အမျိုးအစားတွေ အများကြီးရွေးချယ်စရာလည်းရှိတဲ့အတွက် သင့်တော်တဲ့ အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ သို့သော်လည်း ချောဆီ အလွယ်တကူမရှိတဲ့အချိန်တွေမှာ အစားထိုးအနေနဲ့ အခုပြောပြမယ့် အရာတွေကိုတော့ ဘယ်တော့မှ မသုံးမိစေဖို့ သတိပေးလိုက်ပါတယ်။

(၁) အုန်းဆီ

Coconut oil

Photo : Vitaman Usa

ချောဆီ အလွယ်တကူ မရှိတဲ့ အခြေအနေမှာ အုန်းဆီကို တော်တော်များများ ချောဆီအဖြစ်နဲ့ အစားထိုး အသုံးပြုကြပါတယ်။ သို့သော် အုန်းဆီမှာ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အများကြီး ပါဝင်နေနိုင်တဲ့အတွက် ဆက်ဆံဖော်ပါတနာရဲ့ မိန်းမကိုယ် PH ဟန်ချက်ညီမျှမှုကို ထိခိုက်စေနိုင်ပြီး ရောဂါပိုးအလွယ်တကူ ကူးစက်နိုင်ပါတယ်။ အုန်းဆီကို Latex ကွန်ဒုံးနဲ့ တွဲသုံးမယ်ဆိုပါကလည်း ကွန်ဒုံးတွေကို အလွယ်တကူ ပေါက်ပြဲနိုင်ခြေ များပါတယ်။ နောက်ပြီး အုန်းဆီတွေဟာ အဝတ်အစားနဲ့ အိပ်ရာခင်းတွေကိုလည်း စွန်းထင်းမှု ဖြစ်စေနိုင်ပါတယ်။

(၂) ရေနံဂျယ်လီ (Petroleum Jelly)

petroleum jelly

Photo : Best Life

ရေနံဂျယ်လီ (Petroleum Jelly) ဆိုတာ မြင်သာအောင် ပြောရရင်တော့ Vaseline ရေနံဂျယ်လီကို ပြောတာဖြစ်ပါတယ်။ ရေနံဂျယ်လီဟာ ခန္ဓာကိုယ်အတွင်း အလွယ်တကူ မစိမ့်ဝင်နိုင်တဲ့အတွက် အပေါ်ယံအရေပြားပေါ်မှာ စိတ်ရှုပ်စရာကောင်းတဲ့ စီးကပ်မှု အခြေအနေကို ဖြစ်စေပါတယ်။ အုန်းဆီလိုပဲ ဘက်တီးရီးယားပိုးမွှားတွေနဲ့ ဆက်စပ်နေတဲ့အတွက် မိန်းမကိုယ် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ၎င်းက ဆီအခြေခံ ထုတ်ကုန်ဖြစ်တာကြောင့် Latex ကွန်ဒုံးတွေကို အလွယ်တကူ ကွဲထွက်စေနိုင်ပြီး မလိုလားအပ်တဲ့ ရောဂါပိုးကူးစက်ခံရနိုင်ခြေနဲ့ မျှော်လင့်မထားတဲ့ ကိုယ်ဝန်ပြဿနာကို တိုးစေမှာ ဖြစ်ပါတယ်။

(၃) တံတွေး

spit

Photo : The Naked Scientists

ချစ်တင်းနှောချိန်မှာ သဘာဝချောဆီ အလုံအလောက်မထွက်နိုင်တဲ့အခါ တံတွေးကို ချောဆီ အဖြစ်နဲ့ အများဆုံး အသုံးပြုလေ့ ရှိကြပါတယ်။ တကယ်တော့ ဒါဟာ ဆိုးလွန်းတဲ့ အကြံတစ်ခုပါပဲ။ တံတွေးဟာ ချောဆီ အနေနဲ့ အပြည့်အဝလုပ်ဆောင် မပေးနိုင်ပါဘူး။ ခန္ဓာကိုယ်ကထွက်တဲ့ သဘာဝချောဆီ သို့မဟုတ် လိင်မှုကိစ္စအတွက် သီးသန့်ထုတ်ထားတဲ့ ချောဆီတွေနဲ့ ယှဉ်ပါက တံတွေးတွေဟာ အလွယ်တကူ ခြောက်သွေ့လွယ်တက်တဲ့အတွက် နာကျင်မှုကိုဖြစ်စေမှာ ဖြစ်သလို ဘက်တီးရီးယားပိုးမွှား အန္တရာယ်လည်း အများကြီး ရှိပါတယ်။

Feature Photo : Promescent

Source : Durex