လူတိုင်းမှာ ရန်သူရှိသလိုပဲ ကွီးတို့ ညီလေး မှာလည်း ကမ္ဘာ့ ရန်သူ တွေ ရှိတယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။ ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့နည်းသွားစေကာ ကွီးတို့ စကီလေးရဲ့ အငြိုအငြင်ကို ခံရအောင် တွန်းပို့နေသူတွေကတော့ တခြားတော့ မဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် အချက်များပဲဖြစ်ပါတယ်။

(၁) ကွီးတို့ ညီလေးကို သန့်ရှင်းရေး မလုပ်ဘဲ​ ညစ်ညစ်ပတ်ပတ်ထားခြင်း

ညီလေးကို သန့်ရှင်းရေး

အခုလို ချမ်းအေးတဲ့ ဆောင်းရာသီမှာ တစ်မိနစ် အမြန်နှုန်းနဲ့ ရေချိုးကြတဲ့ ကွီးတို့ ရှိကြမှာပါပဲ။ ရေသာ ချိုးတယ် ချေးလည်း မတွန်းဘဲ ရေလောင်းရုံသာ လောင်းရင်းနဲ့ ရေချိုးတဲ့ လူထဲမှာ ကွီးတို့ ပါချင် ပါနေမှာပါ။ ဒါဆိုရင်တော့ ကွီးတို့ ညီလေးကတော့ တော်တော် စိတ်ညစ်နေမှာပါပဲ။

ကွီးတို့ ညီလေးသည် တစ်ကိုယ်ရည် သန့်ရှင်းရေး ပြုလုပ်ဖို့ အထူးလိုအပ်ပါတယ်။ သူတို့ကို သန့်ရှင်းရေး မပြုလုပ်တဲ့အခါ အနံ့ဆိုးတွေ လှိုင်လှိုင်ထွက်နေပြီး ခံစားရမယ့် ကျန်းမာရေး ဆိုးကျိုးတွေကလည်း တစ်ခု၊ နှစ်ခုတည်း မဟုတ်ပါဘူး။ စစချင်းမှာ အနံ့ဆိုး ထွက်မယ်၊ တဖြည်းဖြည်းနဲ့ ယားယံလာမယ်၊ ထိုမှတဆင့် ပိုးဝင်ပြီး လိင်အင်္ဂါ ရောဂါများကို ခံစားရနိုင်ခြေ များပါတယ်။ ကျန်းမာရေး ဆိုးကျိုးများက မီးခိုးကြွက်လျှောက် လိုက်နေတော့မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေချိုးတဲ့အချိန်မှာ ကွီးတို့ရဲ့ ညီလေးကို သေချာ ဆေးကြော သန့်စင်ပေးဖို့ လိုအပ်ပါတယ်။

(၂) ညဘက်မှာ တော်တော်နဲ့ မအိပ်ဘဲ အိပ်ရေး ပျက်ခံခြင်း

ညီလေး ရန်သူ

ညဘက်မှာ ဖုန်းသုံးတာတို့၊ ဂိမ်းဆော့တာတို့ကြောင့် တော်တော်နဲ့ မအိပ်ဘဲ မနက် ဝေလီဝေလင်းမှ မှေးခနဲ အိပ်မောကျသွားပါသလား။ တစ်ခါတစ်လေမှ ပြုလုပ်မိတယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် နေ့စဥ်ညဆက်ဆိုသလို ပြုလုပ်နေမိရင်တော့ ရှော့ရှိသွားပါပြီ။  အဲ့ဒီ အကျင့်ဆိုး ကိုသာ ကြပ်ကြပ်လုပ်နေလို့ကတော့ ကွီးတို့ရဲ့ ညီလေး က တစ်သက်လုံး ပြန်နိုး မထနိုင်ဘဲ ညှိုးနွမ်းသွားပါလိမ့်မယ်။ ရွှေပန်းညှိုး သွားတဲ့ ဖြစ်စဥ်ကတော့ မျိုးပွားအင်္ဂါကျန်းမာရေး အားနည်းသွားခြင်းတစ်မျိုးပါပဲ။ ကွီးတို့ရဲ့ ညီလေးက ထောင်မတ်နိုင်ခြင်း မရှိတော့တဲ့ ကျန်းမာရေး ဖြစ်စဥ်မျိုးပါ။ အိပ်ရေးပျက်ညတွေ များလာပါက ရွှေပန်းညှိုးသွားတတ်ပါတယ်။ လေ့လာချက်များအရ အိပ်ရေးပျက်ခံလေ့ရှိတဲ့ အမျိုးသားများသည် ပန်းသေ ပန်းညှိုးတဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေး ဖြစ်စဥ်မျိုးကို ခံစားကြရတယ်လို့ သိရှိရပါတယ်။

(၃) ညီလေးကို ဂရုမစိုက်ဘဲ​ ကွီးတို့ လုပ်ချင်တာသာ လုပ်နေခြင်း

ညီလေး ရန်သူ

ကိုယ့် ညီလေးကို ဂရုမစိုက်ဘဲ အထူးအဆန်းတွေ လက်တည့်စမ်းခြင်းကလည်း ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ပါတနာ တစ်ယောက်ထက်ပိုတဲ့ ချစ်တင်းနှောခြင်းတွေမှာ ကိုယ့်ရဲ့ ညီလေးအတွက် ဦးထုပ် မဆောင်းပေးဘဲ အလွတ် တီးနေခြင်းကလည်း ကွီးတို့ ညီလေးကို လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခံစားရအောင် တွန်းပို့နေတာပဲ ဖြစ်ပါတယ်။

(၄) ရောဂါတစ်ခုခု ဖြစ်တဲ့အချိန်မှာ ဆရာဝန်နဲ့ သွားပြဖို့ ရှက်ကြောက်နေခြင်း

ညီလေး ရန်သူ

ဒီအချက်ကတော့ (လုံးဝ)ကို မပြုလုပ်သင့်တဲ့ အချက်ပဲဖြစ်ပါတယ်။ ကွီးတို့ ညီလေးက ပုံမှန်နဲ့ မတူတဲ့ မူမမှန်မှု တစ်ခုခုကို ကြုံတွေ့နေရပြီဆိုတာနဲ့ ချက်ချင်းပဲ ဆရာဝန်ထံ သွားရောက်ကုသမှု ခံယူသင့်ပါတယ်။ မူမမှန်မှုတွေဆိုတာကလည်း အမျိုးအစား အများအပြားရှိနိုင်ပါတယ်။ ဥပမာ ကွီးတို့ ညီလေးက မခံမရပ်နိုင်အောင် ယားယံခြင်း၊ လိင်အင်္ဂါပေါ်က အရေပြားများ ကွာခြင်း၊ လိင်ဆက်ဆံနေစဥ် (သို့) ဆီးသွားနေစဥ် မခံမရပ်နိုင်အောင် နာကျင်ခြင်း အစရှိတဲ့ ရောဂါလက္ခဏာများ ကြုံတွေ့လာရတဲ့အခါ အွန်လိုင်းပေါ်က ဟိုစာတွေ လျှောက်ဖတ် လိုက်ကု၊ ဒီစာတွေ လျှောက်ဖတ် လိုက်ကုနဲ့ ကွီးတို့ညီလေး ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ကောင်းလှပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ သွားပြသင့်တဲ့အချိန်မှာ စောစော စီးစီး သွားပြရမှာပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကွီးတို့ ညီလေး ရဲ့ ကမ္ဘာ့ ရန်သူ တွေက ဘယ်သူလဲဆိုတာကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Medicalnewstoday

Featured Image: Getmaple.ca