ကုတင် တစ်လုံး ဝယ်ချင်ပေမယ့် အခုအခြေအနေနဲ့ဆိုရင် ကုတင်တစ်လုံးကို သိန်းချီကာ ကုန်ကျမှာဖြစ်ပါတယ်။ သောင်းဂဏန်းလောက်နဲ့တင် ကုတင်ကောင်းကောင်းတစ်လုံး ရနိုင်မယ့် နည်းလမ်းတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကတော့ အားလပ်ရက်မှာ ကွီးတို့ကိုယ်တိုင် DIY ကုတင် တစ်လုံး ဖန်တီးခြင်းပဲဖြစ်ပါတယ်။
DIY ကုတင် တစ်လုံး ဖန်တီးဖို့က အခက်စားကြီး မဟုတ်ပါဘူး။ ကွီးတို့ လိုအပ်မယ့် ပစ္စည်း အမျိုးအစားများ စုံစုံလင်လင်ရှိရုံနဲ့ ကွီးတို့ရဲ့ လက်သမား စွမ်းရည်ကို ပြသနိုင်ပါတယ်။
လိုအပ်မယ့် ပစ္စည်းများ
ပုံမှာ ပြထားတာတွေကတော့ ကွီးတို့ လိုအပ်မယ့် ပစ္စည်းများပဲဖြစ်ပါတယ်။ ပြီးတဲ့အခါ ကွီးတို့ရဲ့ မွေ့ရာ အရွယ်အစားကို တိုင်းထွာကြည့်လိုက်ပါ။ ထိုမွေ့ရာထက် ဆိုဒ်ကြီးမယ့် သစ်သားကုတင်ကို ဖန်တီးရမှာပဲဖြစ်ပါတယ်။
ထို့နောက် သစ်သားပြားများကို ကွီးတို့ လိုအပ်သလို ပုံဖော်ကာ သစ်သား ဖရိန်တစ်ခု ရရှိလာပါလိမ့်မယ်။ ကွီးတို့ရဲ့ မွေ့ရာ အရွယ်အစားပေါ် မတူည်ပြီး ဖရိန် ၁ ချပ် ကနေ ၂ ချပ်လောက်အထိ အသုံးပြုရမှာပဲဖြစ်ပါတယ်။
သစ်သားဖရိန်များကို ကွီးတို့ လိုအပ်သလို အစီအရီ နေရာချထားပြီးနောက် ဆေးသုတ်ပြီး အပီအပြင် ရွှိုင်းရတော့မှာပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ အိပ်ခန်း နံရံနဲ့ လိုက်ဖက်မယ့် အရောင်ကိုသာ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဒီအိပ်ခန်းရဲ့ နံရံက အဖြူရောင်ဖြစ်တဲ့အတွက်ကြောင့် သူနဲ့ လိုက်ဖက်အောင်လို့ အဖြူရောင် DIY ကုတင် ဖရိန်လေးကိုပဲ ဖန်တီးထားလိုက်ပါတယ်။
ဆေးသုတ်ပြီးသွားတဲ့အခါမှာတော့ ဆေးခြောက်အောင် စောင့်ပေးလိုက်ပါ။
ဆေးခြောက်ပြီးသွားတဲ့အခါမှာတော့ မွေ့ရာကို ကုတင်ဖရိန်ပေါ် တင်ကာ အိပ်ရာခင်းများ ခင်းပြီး အလှဆင်လိုက်ပါ။ ထို့နောက်မှာတော့ ကွီးတို့ရဲ့ အိပ်ခန်းကို ကွီးတို့ စိတ်ကြိုက် ကိုယ်တိုင်ကိုယ်ကျ အလှဆင်ပေးလိုက်လို့ရပါပြီ။
တကယ်လို့ ကွီးတို့က နှစ်ယောက်အိပ် ကုတင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ အခုလိုမျိုး အိုင်ဒီယာယူကာ ဖန်တီးနိုင်ပါတယ်။
Photo: Housebeautiful
နှစ်ယောက်အိပ်ကုတင်ကိုမှ ကွီးတို့က ကုတင် ကျောမှီလေးပါ ထည့်ချင်တယ်ဆိုလည်း စောစောကလိုပဲ သစ်သားဖရိန်ကို အနေတော် ဆိုဒ်မျိုး ဖန်တီးကာ အခုလိုမျိုး လှလှပပလေး အလှဆင်ပေးနိုင်ပါပြီ။
ဒါဆိုရင်တော့ ကွီးတို့ရဲ့ အိပ်ခန်းက သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။
ကွီးတို့ရော အားလပ်ချိန်မှာ ကိုယ့်ရဲ့ အိပ်ခန်းကို ဘယ်လိုမျိုး အလှဆင်လေ့ရှိပါသလဲ။
Source: Honeynfizz.blogspot
Featured Image: Housebeautiful