နည်းပညာများသည် ကျွန်တော်တို့ရဲ့ လူနေမှုဘဝကို တဆင့်ပြီး တဆင့် တိုးတက်မြင့်မားလာအောင် ပုံဖော်ပေးနေတာပဲဖြစ်ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် ခေတ်စားလာတဲ့ နည်းပညာများကလည်း တစ်နှစ်နဲ့ တစ်နှစ် မတူပါဘူး။ လာမယ့် ၅ နှစ်အတွင်းမှာလည်း ထိပ်တန်းဖြစ်လာမယ့် နည်းပညာ များက ပိုလို့တောင် အဆင့်မြင့်လာဦးမှာပါ။

ကွီးတို့က လာမယ့် ၅ နှစ်အတွင်းမှာ ထိပ်တန်းဖြစ်လာမယ့် နည်းပညာ များနဲ့ ရင်းနှီး ကျွမ်းဝင်မှု ရှိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ကြိုတင်လေ့လာထားပါ။

(၁) Cloud Computing နည်းပညာ

Cloud Computing

Cloud Computing နည်းပညာဆိုတာကတော့ တခြား မဟုတ်ပါဘူး။ အင်တာနက်ကနေတဆင့် ဝန်ဆောင်မှုပေါင်းများစွာကို သိုလှောင်သိမ်းဆည်းထားကာ ဝေမျှနိုင်မယ့် နည်းပညာကို ဆိုလိုတာပဲဖြစ်ပါတယ်။ ကုမ္ပဏီတွေ တော်တော်များများကလည်း ဒီနည်းပညာကို အသုံးချကာ သူတို့ရဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာကို မြင့်မားတိုးတက်လာအောင် ကြံရွယ်နေကြပါတယ်။

(၂) Cybersecurity

Cybersecurity

နည်းပညာတွေ တိုးတက်မြင့်မားလာသည်နှင့်အမျှ ထိုနည်းပညာကို အခွင့်ကောင်းယူကာ အမြတ်ထုတ်နေကြတဲ့ မသမာသူတွေလည်း ရှိပါတယ်။ ယခုအချိန်မှာ E-Commerce Platform တွေကလည်း များပြားလာသည်နှင့်အမျှ မသမာသူတွေက အွန်လိုင်း လုံခြုံရေးကို ချိုးဖောက်ကာ အမြတ်ထုတ်မှုများကို အမြဲဆိုသလို ကြုံတွေ့နေရတတ်ပါတယ်။ ထို့အတွက်ကြောင့် အွန်လိုင်း လုံခြုံရေးကို မြှင့်တင်ဖို့အတွက် Cybersecurity ကို တောင်းဆိုနေမှုသည်လည်း မြင့်မားလို့လာနေပါတယ်။ အွန်လိုင်း လုံခြုံရေးကို မြှင့်တင်နိုင်မယ်ဆိုရင်တော့ အွန်လိုင်းကို စိတ်ချလက်ချနဲ့ အသုံးပြုနိုင်ပြီး အွန်လိုင်းပေါ်မှာ ရင်းနှီးမြှုပ်နှံသူများကလည်း စိတ်ချ လက်ချနဲ့ ရင်းနှီးမြှုပ်နှံလာနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) စက်ရုပ်များ

၅ နည်းပညာ

ဖွံ့ဖြိုးပြီးသား နိုင်ငံများကတော့ စက်ရုပ်များကို အစားထိုး အသုံးပြုနေကြပြီး အေအိုင် စက်ရုပ်များကိုလည်း လူတန်းစေ့ အသုံးပြုနိုင်ဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။ အစိုးရ အဖွဲ့အစည်းများနဲ့ ကုမ္ပဏီ အများအပြားကလည်း အေအိုင် စက်ရုပ်အတွက် ရင်းနှီးမြှုပ်နှံမှုများကို အားသွန်ခွန်စိုက် ရင်းနှီးမြှုပ်နှံထားပါတယ်။ နောက်လာမယ့် ၅ နှစ်အတွင်းမှာလည်း အေအိုင် စက်ရုပ် နည်းပညာ သည်လည်း ထိပ်တန်းနေရာမှာ နေရာယူလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

(၄) နည်းပညာ အကူအညီနဲ့ သွားလာနိုင်တော့မယ်

၅ နည်းပညာ

ရိုးရိုးကြိုးဖုန်းကနေ တီထွင်လာလိုက်တာ အခုဆိုရင် စမတ်ဖုန်းကို အသုံးပြုနိုင်နေပြီပဲဖြစ်ပါတယ်။ အခုဆိုရင် ရိုးရိုးကားနဲ့ သွားလာနေရာကနေ စမတ်ကားတွေနဲ့ သွားလာနိုင်ဖို့အတွက် တီထွင်နေကြပါတယ်။ စမတ်နည်းပညာနဲ့ သွားလာနိုင်ဖို့ဆိုရင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို မချိုးဖောက်ဘဲနဲ့ ယာဥ်မတော်တဆမှုများကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ ကားလမ်းပိတ်လို့ စိတ်ရှုပ်နေရတဲ့ ပြဿနာကို ဒီလို စမတ်နည်းပညာနဲ့ ဖြေရှင်းဖို့ကိုလည်း လူသားများက မျှော်လင့်နေကြပါတယ်။

(၅) အာကာသ နည်းပညာ

၅ နည်းပညာ

သိပ္ပံပညာက တိုးတက်လာသည်နှင့်အမျှင် အာကာသ နည်းပညာသည်လည်း တစ်စထက် တစ်စ တိုးတက်လာပါတယ်။ SpaceX လို ကုမ္ပဏီများကလည်း အာကာသာသို့ အခြေချနိုင်ဖို့အတွက် တီထွင်မှုများ ပြုလုပ်နေပြီး သူ့အပြိုင် ကုမ္ပဏီများကလည်း အပြိုင်အဆိုင် ကြိုးစားနေပါတယ်။ သူတို့ရဲ့ အာကာသ နည်းပညာသာ အမြင့်ဆုံး လယ်ဗယ်သို့ ရောက်သွားမယ်ဆိုရင်တော့ ကွီးတို့အားလုံးလည်း အာကာသသို့ အလွယ်လေး ခရီးသွားနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီနည်းပညာများက လာမယ့် အနာဂတ်မှာ တကယ်ပဲ ထိပ်တန်းအဆင့်သို့ ရောက်လာနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်လိုက်ကြစို့ဗျာ။

Source : Cmcglobal.com.vn

Featured Photo : Medium