ငွေဆိုတာ ဒုတိယဘုရားသခင်လို့ လူအများက တင်စားခေါ်ဝေါ်ကြပါတယ်။​ ကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းကို ငွေနဲ့ ဝယ်လို့ မရပေမယ့် ငွေရှိတဲ့ သူတွေကတော့ ငွေများ တရားနိုင်ဆိုပြီး ကျင့်ကြံနေကြတာပါပဲ။ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ စိတ်နဲ့ ပိုက်ဆံ နောက်ကို သည်းကြီး မည်းကြီး လိုက် ရင်း ကုန်းရုန်းပြီး ပိုက်ဆံရှာကြရပါတော့တယ်။

ဒီလိုမျိုး သည်းကြီး မည်းကြီး ပိုက်ဆံ နောက် လိုက် လွန်းတဲ့အခါ ဘာတွေဖြစ်တတ်သလဲဆိုတာ ကွီးတို့ သိပါသလား။

(၁) ကျန်းမာရေး ထိခိုက်လာမယ်

man health

ပထမ ထိခိုက်မယ့် အရာကတော့ ကွီးတို့ရဲ့ ကျန်းမာရေးပဲဖြစ်ပါတယ်။ အလုပ်တွေချည်းပဲ ကုန်းရုန်းလုပ်လာတဲ့အခါ ထမင်းစားချိန်တွေလည်း မမှန်တော့ပါဘူး။ အိပ်ချိန်တွေလည်း နည်းလာပြီး ကွီးတို့ ကျန်းမာရေးလည်း ထိခိုက်လာမှာ ဖြစ်ပါတယ်။ ပထမ တစ်လ၊ နှစ်လကတော့ သိပ်သိသာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကွီးတို့က အစာအိမ်က ရောဂါ ထလာလိုက်၊ အစာအိမ် ကုပြီးသွားတဲ့အခါ ကျောက်ကပ်က ရောဂါ ထလာလိုက်နဲ့ ကွီးတို့ရဲ့ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများက တစ်ခုပြီးတစ်ခု ပျက်ယွင်းလာမှာပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ရောဂါ လက္ခဏာတွေက ပြင်းထန်လာမလဲဆိုရင် နှစ်နှစ်၊ သုံးနှစ်လောက်ကြာရင် ပိုဆိုးလာတတ်ပါတယ်။ တကယ်တမ်း ကျန်းမာရေး ထိခိုက်လာတဲ့အခါ ရှာသမျှ ပိုက်ဆံတွေကလည်း အဆုံးသတ်မှာ ကုန်သွားမှာပါပဲ။

(၂) ပေါင်းသင်းဆက်ဆံရေးနဲ့ အချစ်ရေးမှာလည်း အားနည်းလာမယ်

ပိုက်ဆံ လိုက်

“ငါက ငါ့မိသားစုထက် ပိုက်ဆံရှာနေတာပဲ” ဆိုပြီး ဂုဏ်ယူနေပေမယ့် ကွီးတို့ရဲ့ မိသားစုက ကွီးတို့ဆီက ပိုက်ဆံ ဆိုတာထက် ချစ်ခြင်းမေတ္တာတရားကို လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ပိုက်ဆံချည်းပဲ ရှာပေးပြီး မိသားစုအတွက် အချိန်မပေးနိုင်တဲ့အတွက် ထိုပိုက်ဆံတွေကလည်း အလကားပါပဲ။ အလုပ်ချည်းပဲ အသည်းအသန်လုပ်၊ ပိုက်ဆံနောက်ကို အသည်းအသန်လိုက်နေတဲ့အခါမှာ ကိုယ့်ရဲ့ အချစ်ရေးဘက်လည်း မလှည့်အားတော့ဘဲ ကွီးတို့ ချစ်သူကလည်း နောက်ဆုံးမှာတော့ ကွီးတို့ကို စိတ်ကုန်ကာ ပစ်သွားမှာပါပဲ။

(၃) ပျော်ရွှင်မှုတွေ ဆုံးရှုံးသွားမယ်

ပိုက်ဆံ လိုက်

ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့ မရပါဘူး။ ဒါပေမဲ့ ပိုက်ဆံရှိရင် ပျော်ရွှင်ရတယ်ဆိုတဲ့ လူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပျော်ရွှင်မှုကရော စစ်မှန်တဲ့ ပျော်ရွှင်မှု ဟုတ်ပါ့မလား။

ကိုယ် လုပ်ချင်တဲ့အရာတွေ၊ ကိုယ် ဝါသနာ ပါတဲ့အရာတွေကို ပြုလုပ်ဖို့အတွက် အားလပ်ချိန်ရယ်လို့ မရှိတော့တဲ့အခါ ပျော်ရွှင်မှုတွေကလည်း တဖြည်းဖြည်း ဆိတ်သုဥ်း ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကွီးတို့သည် အခွံသပ်သပ်ချည်းပဲ ကျန်ခဲ့ပြီး စိတ်ထဲက ပျော်ရွှင်မှု အစစ်အမှန်ကတော့ ပျောက်ဆုံးသွားပါပြီ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အပြီးတိုင် မဆုံးရှုံးချင်ဘူးဆိုရင်တော့ ပိုက်ဆံနောက် အလွန်အကျွံ မလိုက်မိဖို့ လိုပါတယ်။

(၄) မိတ်ဆွေတုများ ပေါများလာမယ်

ပိုက်ဆံ လိုက်

ပိုက်ဆံ နောက် တကောက်ကောက် လိုက်မယ်ဆိုရင် ကွီးတို့က ကျိကျိတက် ချမ်းသာလာမှ အမှန်ပါပဲ။ ပိုက်ဆံတွေ ပေါများကြွယ်ဝလာတာနဲ့အမျှ ကွီးတို့ဆီမှာ မိတ်ဆွေတုတွေကလည်း လက်ချိုးရေလို့တောင် နိုင်မှာမဟုတ်ပါဘူး။ မိတ်ဆွေတုတွေဆိုတာ ကွီးတို့ ကောင်းစားချိန်မှာပဲ ကွီးတို့အနားမှာ ကပ်ဖားနေမှာဖြစ်ပြီး ပိုက်ဆံမျက်နှာ တစ်ခုတည်းသာ ကြည့်နေမှာပါ။ ကွီးတို့ဆီမှာ ပိုက်ဆံ မရှိတော့တဲ့ အချိန်မှာတော့ ကွီးတို့ အနားကနေ ရုတ်ချည်း ပျောက်ကွယ်သွားမှာပါ။ ပိုက်ဆံပေါများနေချိန်မှာ မိတ်ဆွေစစ်ဆိုတာသည် ရှာရ အခက်ဆုံးပါပဲ။ ဒါ့ကြောင့် ကွီးတို့က မိတ်ဆွေက မိတ်ဆွေစစ်လား မိတ်ဆွေ အတုအယောင်လားဆိုတာ သေချာပြန် ဆန်းစစ်ကြည့်လိုက်ပါဦး။

ကွီးတို့ရော ပိုက်ဆံနောက် တကောက်ကောက် လိုက်နေမိပြီလား။

Source: Medium

Featured Image: Marcguberti.medium