လိင်မှုကိစ္စမှာ တသွေမတိမ်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ မရှိပါဘူး။ သင်နဲ့သင့်ပါတနာအတူတူ စိတ်ဝင်စားတဲ့အရာကို လွတ်လပ်စွာ စူးစမ်းလေ့လာ နိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခုတည်းသော စောင့်ထိန်းရမယ့်အချက်က ဘေးကင်းမှု ရှိဖို့ပါ။ မူစကူဒူး တိုင်းမှာ လုံခြုံစိတ်ချမှုရှိမှသာလျှင် သာယာပျော်ရွှင်တဲ့ ခံစားမှုအတွေ့အကြုံကို အပြည့်အဝ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူပါတနာနဲ့ အတူနေတဲ့အခါ အခုပြောပြမယ့် အချက်လေးတွေကိုတော့ သေချာပေါက် လိုက်နာကျင့်သုံး သင့်ပါတယ်။

(၁) ကွန်ဒုံးသုံးပါ

Condoms
Photo : Verywell Health

ကွန်ဒုံးအသုံးပြုတာဟာ နှစ်ဦးကြားက ခံစားမှု အထိအတွေ့အပေါ် ကြီးမားတဲ့ အနှောက်အယှက် အတားအဆီးတစ်ခု မဖြစ်စေပါဘူး။ ကွန်ဒုံးတွေက မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို အကောင်းဆုံး တားဆီးကာကွယ်ပေးနိုင်သလို လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုး ကူးစက်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ကွန်ဒုံးတွေကို နေရာမရွေးအလွယ်တကူ ဝယ်လို့ရပြီး ဈေးလည်းအရမ်း မကြီးပါဘူး။ ဆိုဒ်အရွယ်အစား အမျိုးမျိုး ၊ ပုံမှန်ဒီဇိုင်း အမျိုးမျိုး ၊ အထူအပါး ၊ မတူညီတဲ့ အရသာအမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် မူစကူဒူး တိုင်းမှာ လုံခြုံစိတ်ချပြီး သာယာတဲ့ ခံစားမှုအတွေ့အကြုံကို လိုချင်တယ်ဆိုရင် ကွန်ဒုံးတွေကိုတော့ သေချာပေါက် အသုံးပြုပေးဖို့ လိုပါတယ်။

(၂) ပုံမှန်စစ်ဆေးမှုခံယူပါ

STIs

Photo : UK Health Security Agency – GOV.UK blogs

လိင်မှုကျန်းမာရေးအတွက် စစ်ဆေးမှုခံယူတာဟာ ရှက်စရာ မဟုတ်ပါဘူး။ ဒါဟာ သင်ရောသင့်ပါတနာရဲ့ ကျန်းမာရေးအတွက်ပါ မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စတစ်ခုပါ။ မိမိနဲ့ မိမိပါတနာရဲ့ ကျန်းမာရေး အခြေအနေ ၊ လိင်မှုရေးရာ တက်ကြွလှုပ်ရှားမှု နောက်ကြောင်းရာဇဝင်တွေကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးပြီး လိုအပ်ရင် လိုအပ်သလို စစ်ဆေးမှုခံယူတာ ၊ ကာကွယ်ဆေးထိုးတာတွေဟာ ကျန်းမာပျော်ရွှင်ပြီး လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝရရှိဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

(၃) ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ အကာအကွယ် အသုံးပြုပါ

condom

Photo : Freepik

ပါးစပ်နဲ့ မူစကူဒူး တာဟာ ကိုယ်ဝန်ရနိုင်ခြေမရှိဘူးဆိုပေမယ့်လည်း လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကိုတော့ မေ့ထားလို့ မရပါဘူး။ အကာကွယ်မဲ့ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုရင် ရေယုန် ၊ ဆစ်ဖလစ် ၊ ဆီးပူညောင်းကျရောဂါ ၊ အသည်းရောင်အသားဝါပိုး ၊ HPV ၊ HIV နဲ့ ခံတွင်းကင်ဆာစတဲ့ ရောဂါအန္တရာယ်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းလုံခြုံတဲ့ ပါးစပ်နဲ့ ဆက်ဆံမှုဖြစ်စေဖို့ ကွန်ဒုံး သို့မဟုတ် Dental Dams လို အကာကွယ်တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။

(၄) ချောဆီသုံးပါ

lube

Photo : Durex India

မူစကူးဒူး ချိန်မှာ လိင်အင်္ဂါတွေရဲ့ ခြောက်သွေ့မှုကြောင့် ပွတ်တိုက်မှု ပိုဖြစ်စေပြီး လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါ STIs ကူးစက်နိုင်ခြေကို တိုးစေပါတယ်။ ချောဆီကို အသုံးပြုခြင်းဟာ လိင်အင်္ဂါ ခြောက်သွေ့မှုကို လျှော့ချပေးတာကြောင့် ပွတ်တိုက်မှုနည်းစေတဲ့အပြင် သာယာချောမွေ့တဲ့ အထိအတွေ့ ခံစားမှုကို ရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါ ရေအခြေခံ ချောဆီတွေကို အသုံးပြုပေးဖို့ အကြံပေးချင်ပါတယ်။

Source : Durex

Featured Photo : ThePrint