ဂိမ်းချစ်သူတွေအတွက် ဘယ်တော့မှမရိုးနိုင်တဲ့ ဂိမ်းတွေလို့ပြောရင် ကားဂိမ်းတွေက ထိပ်ဆုံးကပါပါတယ်။ မတူညီတဲ့ ကားဂိမ်း Types တွေကလည်း များစွာရှိပြီး Racing ပုံစံတွေ ၊ Simulations နဲ့ တခြား Puzzle ပုံစံ ဂိမ်းတွေလည်း ရွေးချယ်ဆော့ကစားစရာ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကားခရေဇီ ဂိမ်းချစ်သူတွေအတွက် Graphics ကောင်းကောင်းနဲ့ အထာကျတဲ့ Android အတွက် အကောင်းဆုံး ကားဂိမ်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) CSR Racing 2
Source : CSR Racing
CSR Racing 2 ကတော့ လက်ရှိ ကားခရေဇီ တွေကြားမှာ ရေပန်းစားဆုံး Drag-Racing ကားဂိမ်းတစ်ခုပါ။ ဂိမ်းအဆင့်တက်လာလေ ပိုခက်လာတဲ့ Campaign Mode ပါဝင်ပြီး အမိုက်စား ကားတွေကို Unlock လုပ်နိုင်မယ့်အပြင် Online Multiplayer Mode လည်း ပါပါတယ်။ ကားတွေကို ကိုယ့်စိတ်ကြိုက် ရွှိုင်းလို့ရနိုင်ပြီး Graphics ပိုင်းလည်း တော်တော်ကြီး ဂျွတ်ပါတယ်။ ဒီဂိမ်းလေးက Free to play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
(၂) Horizon Chase
Source : Aquiris Game Studio
Horizon Chase ကတော့ တစ်ခေတ်တစ်ခါက Racing ဂိမ်းတွေအားလုံး ဆရာတင်ရမယ့် Arcade Racer ဂိမ်းတစ်ခုပါ။ 16-Bit Graphics နဲ့ ရုပ်ထွက်ပိုင်း သာလွန်ကောင်းမွန်ပြီး ရိုးရှင်းတဲ့ Controls တွေပါပါတယ်။ ဒီဂိမ်းမှာ မတူညီတဲ့ ပြိုင်ပွဲတွေ ၊ ကစားပွဲတွေလည်း အများကြီး ပါဝင်ပြီး အထာကျတဲ့ ကားဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကားခရေဇီ တွေအနေနဲ့ ဒီဂိမ်းလေးကို Free to play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
(၃) Need for Speed No Limits
Source : The Firemonkeys
Need for Speed No Limits က ကားခရေဇီ မှန်ရင် ဆော့ကိုဆော့ကြည့်သင့်တဲ့ ဂိမ်းအမိုက်စားတစ်ခုပါ။ Racing Franchise မှာတော့ နောက်ဆုံးပေါ် ဂိမ်းတစ်ခု ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဆော့ကစားချင်သူတွေအတွက် ကွက်တိပါပဲ။ ဒီဂိမ်းလေးမှာ Unlock လုပ်ဖို့ ကားအများကြီး ပါဝင်ပြီး ပြိုင်ပွဲနေရာတွေနဲ့ ကားပြိုင်ပွဲပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။ ဒီဂိမ်းလေးကလည်း Free to play ဆော့ကစားလို့ ရပါတယ်။
(၄) Real Racing 3
Source : Real Racing
Real Racing ၃ က လူသိအများဆုံးနဲ့ အထင်ရှားဆုံး ကားဂိမ်းတွေထဲက တစ်ခုပါပဲ။ ဒီဂိမ်းက တော်တော်လေး ကြာပေမယ့် ဒီနေ့ထိ လူကြိုက်များနေဆဲပါ။ ကားအမျိုးအစားပေါင်း ၁၄၀ ၊ Time Trials ၊ Online Multiplayer နဲ့ ပြိုင်ပွဲ ၁၇ ခု ပါဝင်ပါတယ်။ ဒီဂိမ်းမှာ Career Events ၄၀၀၀ ကျော်လည်း ပါဝင်ပါတယ်။ Real Racing ၃ ဟာ မိုဘိုင်းလ်မှာ အကြီးကျယ်ဆုံး ၊ အကျယ်ပြန့်ဆုံး ပြိုင်ကားဂိမ်းတစ်ခု ဖြစ်ပြီး Free to play ဆော့ကစားလို့ ရပါတယ်။
Featured Photo : IGN India