အလုပ် လုပ်တဲ့အခါမှာလည်း ကွာလတီကောင်းတဲ့ လက်ပ်တော့မျိုးကို အသုံးပြုချင်တယ်၊ အားလပ်ချိန်မှာလည်း ဂိမ်း လည်း ဆော့လို့ရမယ့် လက်ပ်တော့မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို ဝယ်ယူနိုင်ပါတယ်။

(၁) Surface Laptop Go 3

Surface Laptop Go 3

ဒီလက်ပ်တော့ကတော့ တစ်ခါ အားသွင်းပြီးလိုက်တာနဲ့ ၁၅ နာရီကြာ အသုံးခံပါတယ်။ ရုံးသမားတွေ အကြိုက်တွေ့ကြတဲ့ အမျိုးအစားတစ်ခုဖြစ်ပြီး အလုပ်လုပ်ပြီးလို့ ဂိမ်းဆော့မယ်ဆိုရင်လည်း အားရပါးရ ဆော့ကစားနိုင်တဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ စပီကာပိုင်းကလည်း ပြောစရာမလိုအောင် ရှယ်မိုက်တာမို့လို့ ကွီးတို့လည်း သဘောကျမယ့် မော်ဒယ်တစ်မျိုး ဖြစ်ပါတယ်။ Display ကတော့ ၁၂.၄ လက်မ ရှိပြီး 1536 x 1024 p ရှိပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၆၅၀ ပေးချေရမှာ ဖြစ်ပါတယ်။

(၂) Asus E210 Mini

Asus E210 Mini

နောက်ထပ် အမျိုးအစားကောင်းတစ်ခုကတော့ ပါးလွှာ ပေါ့ပါးတဲ့ Asus E210 Mini ပဲဖြစ်ပါတယ်။ USB Ports တွေကလည်း အများကြီး ပါတာမို့ ကွီးတို့ အကြိုက်တွေ့ကြမှာပါ။ ဘက္ထရီကတော့ တစ်ခါ အားသွင်းပြီးရင် ၁၂ နာရီကြာ အထားခံပါတယ်။ အလေးချိန်ကတော့ ၂.၃ ပေါင်သာ လေးပါတယ်။ ဈေးနှုန်းကလည်း ၂၇၉ ဒေါ်လာသာ ကုန်ကျမှာမို့လို့ ဘတ်ဂျက် ချွေတာချင်တဲ့ ကွီးတို့အတွက် သင့်တော်ပါတယ်။

(၃) Lenovo ThinkPad X1 Nano

အလုပ် ဂိမ်း

နောက်ထပ် အမျိုးအစားလေးကတော့ Lenovo ThinkPad X1 Nano မော်ဒယ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဘက္ထရီကလည်း ၁၄ နာရီကြာ အားခံပြီး အကြမ်းလည်း ခံတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Storage ပိုင်းဆိုရင် 1TB တောင်ရှိတာမို့လို့ ကွီးတို့ အကြိုက်နဲ့ ကွက်တိပါပဲ။ အလေးချိန်ကလည်း ၂.၂ ပေါင် သာ လေးတာကြောင့် ရုံးသွားတဲ့အခါမှာလည်း အလေးကြီး သယ်သွားစရာမလိုပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၁၉ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။

(၄) Lenovo IdeaPad Duet 3

အလုပ် ဂိမ်း

နောက်ထပ် အမျိုးအစားတစ်ခုကတော့ Lenovo IdeaPad Duet 3 ပဲဖြစ်ပါတယ်။ သူ့မှာ Resolution အင်မတန်ကောင်းတဲ့ စခရင်မ်မျိုး ရှိပြီး ဘက္ထရီကတော့ ၁၂ နာရီကြာ အသုံးခံပါတယ်။ အလေးချိန်ကလည်း ၁.၁၄ ပေါင်သာ လေးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၂၉ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။

(၅) HP Stream 11

အလုပ် ဂိမ်း

HP Stream 11 ကလည်း ရုံးသမားတွေအနေနဲ့ အလုပ် လုပ်တဲ့အခါမှာလည်း စိတ်အေး ချမ်းသာစွာနဲ့ အလုပ်လုပ်နိုင်အောင် ကူညီပေးမှာဖြစ်သလို ဂိမ်း ဆော့တဲ့အခါမှာလည်း ပျော်ပျော်ပါးပါး ဂိမ်းဆော့နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၂၀ ပေးချေရမှာဖြစ်ပါတယ်။​ ဘက္ထရီကတော့ ၁၃ နာရီကြာ အသုံးခံတာကြောင့် မီးပျက်တဲ့အချိန်တွေဆို စိတ်ပူနေစရာမလိုပါဘူး။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အမျိုးအစားများထဲက ဘယ်အမျိုးအစားကို သဘောကျနေပါသလဲ။

Source : Bestproducts

Featured Photo : Create.vista.