ရာသီကုန်မှာ လီဗာပူးအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဗဟိုနောက်ခံလူ ဗန်ဒိုက် ကတော့ ၎င်းရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြား လာပါတယ်။
Photo : This Is Anfield
ပြီးခဲ့တဲ့အပတ်က လီဗာပူးနည်းပြကြီး ယာဂင်ကလော့ပ်ဟာ ၂၀၂၃ -၂၄ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ ဒီသတင်းထွက်ပြီး တဆက်တည်းမှာ လီဗာပူးအသင်းရဲ့အဓိက ကစားသမား ၃ ဦးပါ ဂျာမန်သား နည်းပြကြီးနဲ့အတူ အသင်းကနေ လိုက်ပါထွက်ခွာမယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာပါ။
ဗန်ဒိုက်ဟာ ယခုသီတင်းပတ် အစောပိုင်းတုန်းက နည်းပြ ကလော့ပ်သာ အသင်းမှာ မရှိတော့ရင် လီဗာပူးရဲ့ အနာဂတ်မှာ သူ့အနေနဲ့ ဆက်ရှိနိုင်ဖို့ မသေချာကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ လီဗာပူးအသင်းခေါင်းဆောင်ဟာ သူပြောခဲ့တဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး ပြန်လည် ရှင်းလင်းပြောကြား လာခဲ့ပါတယ်။
” ဒါနဲ့ ပတ်သတ်ပြီး ရှင်းပြချင်ပါတယ်။ ကျွန်တော်က လီဗာပူးအသင်းအတွက် ရာနှုန်းပြည့် သစ္စာရှိနေပါတယ်။ ကျွန်တော်အသင်းကို ချစ်တယ်။ ပရိသတ်တွေကိုလည်း ချစ်တယ်။ ဒါကလုံးက အသေအချာပါပဲ ”
” ကျွန်တော်ပြောခဲ့တာ ကျွန်တော့်အကြောင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်သင်းလုံးနဲ့ပတ်သက်ပြီး ဘာမှပြောင်းလဲမှုရှိလာမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၅ ရက်လောက်က ကျွန်တော့်ရဲ့စာချုပ်နဲ့အကြောင်း မပြောကြတာတော့ နည်းနည်းရယ်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီနှစ်က ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်တယ်ဆိုတာ သေချာစေဖို့ ကျွန်တော် အပြည့်အဝအာရုံစိုက်ထားပါတယ်”
Photo : Liverpool Echo
” ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက နည်းပြကလော့ပ်ရဲ့ ကြေညာချက်က တော်တော်လေးကြီးပါတယ်။ အသင်းနဲ့ ဆက်စပ်နေတဲ့ ကျွန်တော်တို့ တစ်ယောက်ချင်းစီအတွက်ပါ အံ့သြစရာပါပဲ။ အခုချိန်မှာ ပရိသတ်တွေ ဘယ်လိုခံစားနေရလဲဆိုတာလည်း အတိအကျသိပါတယ်”
” ကျွန်တော်တို့ ဖြတ်ကျော်ရမှာပါ။ ရာသီအစမှာ ကျွန်တော်တို့ မက်ခဲ့တဲ့ အိပ်မက်တွေကို အောင်မြင်ချင်အောင် လုပ်ဆောင်ချင်ပါတယ်။ သတင်းအတွေအပေါ် နားမယောင်ပါနဲ့။ ကျွန်တော်က အသင်းအတွက် အပြည့်အဝ ကတိပြုထားတာပါ။ ကျွန်တော် အသင်းကို မိနစ်တိုင်း စက္ကန့်တိုင်းကို ချစ်ပါတယ်။ ကျွန်တော်က ဒီအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်တော်တို့ အကောင်းဆုံး ရှေ့ဆက်သွားကြရအောင်ပါ ” လို့ ဗန်ဒိုက် က ပြောကြားခဲ့ပါတယ်။
Featured Photo : The Liverpool Offside