အိန္ဒိယစမတ်ဖုန်း ကုမ္ပဏီ Lava Mobiles ကနေ နောက်ဆုံးထွက် ဘတ်ဂျတ်ဖုန်း Lava Yuva 3 ကို မိတ်ဆက်လိုက်ပါပြီ။ Lava Yuva 3 မှာ ၆.၅ လက်မ IPS မျက်နှာပြင်တပ်ဆင်ထားပြီး HD+ Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။

Lava Yuva 3

Photo : Mobile Clusters

Chipset အနေနဲ့ Unisoc T606 မောင်းနှင်ထားပြီး 18W Charging စနစ်ပါတဲ့ 5,000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ ကျောဘက်မှာ 13MP Main ကင်မရာ ၁ လုံး တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာတော့ 5MP ဆယ်လ်ဖီ ကင်မရာ ၁ လုံး ပါပါတယ်။

Lava Yuva 3 ဟာ Unisoc ရဲ့ T606 SoC ကိုမှ 4GB RAM နဲ့ 64/128GB Storage အတွဲအစပ်နဲ့ လာပါတယ်။ ဖုန်းရဲ့ဘေးဘက်ခြမ်းမှာ Side-Mounted Fingerprint Scanner ထည့်သွင်းပေးထားပြီး ဆော့ဖ်ဝဲပိုင်းမှာ Android 13 ကို အသုံးပြုပေးထားကာ Security Updates ၂ နှစ် ပေးမယ်လို့ ဆိုထားပါတယ်။

Lava Yuva 3

Photo : Gadgets 360

Lava Yuva 3 ကို Eclipse Black ၊ Cosmic Lavender နဲ့ Galaxy White ဆိုပြီး ရွေးချယ်စရာ အရောင် ၃ မျိုးထုတ်ထားပြီး 4/64GB မော်ဒယ်ကတော့ ရူပီး ၆,၇၉၉ ( ၈၂ ဒေါ်လာ) ခန့်ကျသင့်မှာ ဖြစ်ပါတယ်။ 4/128GB မော်ဒယ်ကတော့ ရူပီး ၇,၂၉၉ (၈၈ ဒေါ်လာ) ခန့်သတ်မှတ်ထားပြီး လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ Amazon India ကနေတဆင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Featured Photo : Mobile Clusters