ညစ်နေတာတွေအကုန်လုံးကို ပြေလျော့သွားအောင် ဖိုက် တင်ပလေးရတဲ့ ဂိမ်း မျိုး ဆော့ကစားချင်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ကို စိတ်အပန်းပြေအောင် ကူညီပေးမယ့် ဂိမ်းအချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းများက ကွီးတို့ ညစ်နေတာတွေ အဝေးလွှင့်သွားအောင် ကူညီပေးမယ့် ဂိမ်းတွေပဲဖြစ်ပါတယ်။

(၁) Garou: Mark of the Wolves

Garou: Mark of the Wolves

ဒီဂိမ်းကတော့ ၂၀၁၅ ခုနှစ်ကတည်း က ထွက်ရှိခဲ့တဲ့ ဂိမ်းပဲဖြစ်ပါတယ်။ Android နဲ့ iOS တွေမှာသာမက Play Station 4 နဲ့ Microsoft Windows တွေမှာလည်း ဆော့ကစားနိုင်ပါတယ်။ ဒါပေမဲ့ သူကတော့ ဖရီး ဆော့လို့မရပါဘူး။ ၄ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

(၂) Brawlhalla

Brawlhalla

ဒီဂိမ်းကတော့ ဖရီး ဆော့လို့ရတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ Android ၊ iOS အပြင် MacOS ၊ PlayStation 4 ၊ Microsoft Windows ၊ Nintendo Switch နှင့် Xbox One အစရှိတဲ့ ပလက်ဖောင်း အစုံမှာ ဆော့ကစားနိုင်ပါတယ်။ ပွဲတစ်ပွဲကို တစ်ခါဆော့ကစားလျှင် ကစားသမား ၈ ယောက်အထိ ဆော့ကစားနိုင်ပြီး ရွေးချယ်စရာ ကာရိုက်တာပေါင်း အခု ၅၀ ခန့် ပါရှိပါတယ်။

(၃) Street Fighter 4 CE

Street Fighter 4 CE

Street Fighter 4 CE ဆိုတာကလည်း အမိုက်စား ဖိုက် တင် ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။ Android မှာရော iOS မှာပါ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့က စိတ်ဝင်စားလို့ ဆော့မယ်ဆိုရင်တော့ ၃ ဒေါ်လာနဲ့ ဝယ်ယူရမှာပဲ ဖြစ်ပါတယ်။

(၄) The Kind of Fighters ALLSTAR

ဖိုက် ဂိမ်း

ဒီဂိမ်းကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဖရီးလည်း ဆော့ကစားနိုင်သလို ဝယ်ယူပြီးလည်း ဆော့ကစားနိုင်ပါတယ်။ Android ၊ iOS နဲ့ Microsoft Windows တွေမှာ ဆော့ကစားနိုင်ပါတယ်။

(၅) Mortal Kombat Mobile

ဖိုက် ဂိမ်း

ဒီဂိမ်းကတော့ Android မှာရော iOS မှာပါ ဆော့ကစားနိုင်တဲ ဂိမ်းတစ်မျိုးဖြစ်ပြီး ဖရီးလည်း ဆော့နိုင်သလို၊ ဖန်ရှင်အစုံနဲ့ ဆော့ချင်ရင်တော့ ဝယ်ယူပြီး ဆော့ကစားနိုင်ပါတယ်။

(၆) Vita Fighters

ဖိုက် ဂိမ်း

Vita Fighters ကတော့ တစ်ယောက်တည်းလည်း ဆော့ကစားနိုင်သလို ကစားဖော် အများကြီးနဲ့လည်း ဆော့ကစားနိုင်ပါတယ်။ ရွေးချယ်စရာ ကာရိုက်တာပေါင်း အခု ၂၀ ကျော် ပါဝင်ပြီး ဖရီးလည်း ဆော့ကစားနိုင်တာကြောင့် လူကြိုက်များပါတယ်။

(၇) BlazeBlue RR

ဖိုက် ဂိမ်း

အမိုက်စား ဖိုက် တင် ပလေးရတဲ့ ဂိမ်းမျိုးကို လက်မလွတ်ချင်တဲ့ ကွီးတို့အတွက် နောက်ထပ် အမိုက်စား ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုဂိမ်းကတော့ 91Act Inc. က ထုတ်လုပ်ထားတဲ့ BlazeBlue RR ဂိမ်းပဲဖြစ်ပါတယ်။ Android မှာရော iOS မှာပါ ဆော့ကစားနိုင်ပါတယ်။

(၈) Skullgirls: Fighting RPG

ဖိုက် ဂိမ်း

ဒီဂိမ်းကတော့ ၂၀၁၈ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Autumn Games, LLC က ဒီဇိုင်းရေးဆွဲကာ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဖရီး ဆော့ကစားနိုင်ပြီး ကွီးတို့က ဖန်ရှင် စုံစုံလင်လင်နဲ့ ဆော့ကစားချင်တယ်ဆိုရင်တော့ ပိုက်ဆံပေးပြီး ဆော့ကစားနိုင်ပါသေးတယ်။

ကွီးတို့ရော လက်ရှိမှာ ဘယ်လိုမျိုး ဖိုက် တင် ဂိမ်း တွေကို ဆော့ကစားနေပါသလဲ။

Source: Gamerant

Featured Image: Gamerant