ချစ်တင်းနှော ပြီးတိုင်းမှာ ညီလေး နာကျင် ရတဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။ တကယ်လို့ နာကျင်မှုက ရေရှည်မဟုတ်ဘဲနဲ့ ခဏတာပဲ နာကျင်တာမျိုးဖြစ်ပြီး အခြားသော လက္ခဏာများ မတွေ့ရပါက စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ နာကျင်မှုက မကြာခဏဆိုသလို ခံစားနေရပြီး အချိန်အကြာကြီးနဲ့ တော်တော်နဲ့ မပျောက်ဘူး၊ ဒါ့အပြင် အခြားသော လက္ခဏာများလည်း မြင်တွေ့ရတယ်ဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်များထံ အမြန်ဆုံး သွားရောက်ကာ ချက်ချင်း ကုသမှု ခံယူသင့်ပါတယ်။

ချစ်တင်းနှော ပြီးတိုင်းမှာ ဘာ့ကြောင့်မို့လို့ ကွီးတို့ ညီလေးက နာကျင် နေရသလဲဆိုတာ ကွီးတို့ သိပါသလား။

(၁) ချစ်တင်းနှောနေစဥ်အတွင်း ပွတ်တိုက်မှုကြောင့်

ပွတ်တိုက်မှုကြောင့်

ချစ်တင်းနှောနေစဥ်မှာ ကွီးတို့ရဲ့ မျိုးပွားအင်္ဂါနဲ့ ကွီးတို့ ပါတနာရဲ့ မျိုးပွားအင်္ဂါတို့အကြား ပွတ်တိုက်မျု ရှိတဲ့အတွက်ကြောင့် ချစ်တင်းနှောပြီးတဲ့နောက်မှာ ကွီးတို့ ညီလေးက နာကျင်ရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကြမ်းကြမ်းတမ်းတမ်း ချစ်တင်းနှောတဲ့အခါမျိုးမှာ ပိုပြီး နာကျင်ရတတ်ပါတယ်။ ထိုပွတ်တိုက်မှုကြောင့် ကွီးတို့ ညီလေးရဲ့ အရေပြား အရောင်က ခဏတဖြုတ် ပြောင်းလဲသွားတတ်ပါတယ်။​

ဒီလိုပွတ်တိုက်မှုကြောင့် နာကျင်ခြင်းကို လျော့ချဖို့ရန်အတွက် ချောဆီများကို အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ချစ်တင်းနှောဖို့အတွက် သဘာဝက ထုတ်လွှတ်ပေးတဲ့ အရည်များက မလုံလောက်တဲ့အခါမှာလည်း အရေပြားက ပွတ်တိုက်မှုကြောင့် ပိုမိုနာကျင်ရပါတယ်။ ဒါ့ကြောင့်မို့လို့ ပွတ်တိုက်မှုကို လျော့ချဖို့ရန်အတွက် ချောဆီကို အသုံးပြုသင့်ပါတယ်။ ဈေးကွက်ထဲမှာလည်း ချောဆီ အမျိုးအစား အမျိုးမျိုးရှိတဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်နှစ်သက်ရာ အနံ့ပေါ် မူတည်ပြီး ရွေးချယ် အသုံးပြုနိုင်ပါတယ်။

(၂) အချိန်အကြာကြီး ကြမ်းကြမ်းတမ်းတမ်း ချစ်တင်းနှောနေမိလို့

ချစ်တင်းနှော နာကျင်

တချို့စုံတွဲတွေကကျတော့ ကြမ်းကြမ်းတမ်းတမ်း ချစ်တင်းနှောရတာကို သဘောကျကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အချိန်အကြာကြီး ကြမ်းကြမ်းတမ်းတမ်း ချစ်တင်းနှောမယ်ဆိုရင် ကြွက်သားနှင့် တစ်သျှူးများ ပျက်စီးသွားတတ်ပြီး နာကျင်မှုကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် ချစ်တင်းနှောတဲ့ အနေအထား Position က မမှန်တဲ့ အခါမျိုးမှာလည်း နာကျင်မှုကို ခံစားရတတ်ပါတယ်။ တချို့အမျိုးသားတွေဆိုရင် ဒီလိုနာကျင်မှုက ရက်အနည်းငယ်ကြာမှ ပျောက်တတ်ပါတယ်။ ပုရိသတစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်ပေါ် မူတည်ပြီး ပျောက်ကင်းတတ်တဲ့ အချိန်ကလည်း ကြာတတ်ပါတယ်။

(၃) သုတ်ထုတ်လွှတ်ဖို့ အချိန်ကြာနေလို့

ချစ်တင်းနှော နာကျင်

ချစ်တင်းနှောနေစဥ်အတွင်းမှာ တော်တော်နဲ့ သုတ်မထွက်တဲ့အခါမျိုး၊ ဒါမှမဟုတ် မိနစ် ၃၀ ကျော်ကြာပြီးတာတောင် သုတ်မထွက်တာမျိုးဆိုရင် ကွီးတို့ရဲ့ ညီလေးသည် နာကျင်မှုကို ခံစားရတတ်ပါတယ်။ ဒီလိုမျိုး သုတ်ထုတ်လွှတ်ဖို့ အချိန်ကြာနေခြင်းက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ ကွီးတို့ဆီမှာ စိတ်ပူပန်စရာတစ်ခုခု ရှိနေတာကြောင့်သော်လည်းကောင်း၊ စိတ်ဖိစီးစရာများ ရှိနေခြင်းကြောင့်သော်လည်းကောင်း သုတ်ထုတ်လွှတ်ဖို့ ကြန့်ကြာနေတတ်ပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်သလို၊ ဆီးအိတ် ရောင်ရမ်းနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကွီးတို့ရဲ့ ညီလေး ထောင်မတ်ခြင်း မရှိတော့ဘဲ မူလ အနေအထား ရောက်သွားမှသာလျှင် နာကျင်မှုက သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ ချစ်တင်းနှောပြီး အချိန်အနည်းငယ် ကြာသည်အထိ နာကျင်မှုကို ခံစားရနိုင်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှောပြီးနောက်မှာ နာကျင်မှုကို ခံစားနေရပါသလဲ။

ခံစားရတယ်ဆိုရင်လည်း အချိန်ဘယ်လောက်ကြာအောင် ခံစားရလေ့ရှိပါသလဲ။

အချိန် အရမ်းကြာပြီး အခြားသော ရောဂါ လက္ခဏာများပါ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံး ပြေးဖို့သာ အကြံပြုလိုက်ရပါတယ်။

Source : Vinmec

Featured Photo : Premiermensmedical