လူသုံးအများဆုံး သားဆက်ခြားနည်းတွေထဲက တစ်ခုတော့ သန္ဓေတားဆေး ပုံမှန်သောက်သုံးတာပါ။ သန္ဓေတားဆေး သောက်သုံးနည်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုကြပေမယ့် အခုချိန်အထိ တားဆေး တွေနဲ့ ပတ်သတ်ပြီး လူတော်တော်များများ သိမှတ်မှား နားလည်လွဲထားကြတဲ့ အမှားတချို့ ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တားဆေးနဲ့ ပတ်သတ်ပြီး သိမှတ်မှားနေတဲ့ အမှားတွေ ကို မျှဝေပေးချင်ပါတယ်။

(၁) မျိုးပွားမှုကို ထိခိုက်စေတယ်

contraceptive pills

Photo : Verywell Health

တားဆေး သောက်တာက ကလေးမရနိုင်ဘူး ၊ ကိုယ်ဝန်ရဖို့ ကြန့်ကြာစေတယ်လို့ လူတော်တော်များများ သိထားကြပါတယ်။ တကယ်တော့ ဒါဟာ မမှန်ပါဘူး။ နေ့စဉ် တားဆေးသောက်ခြင်းကို ရပ်တန့်လိုက်ပြီဆိုရင် ခန္ဓာကိုယ်ဟာလည်း သဘာဝအတိုင်း ပုံမှန်မျိုးပွားမှုဆိုင်ရာ လုပ်ငန်း ဆောင်တာတွေကို ပြန်လည်လုပ်ဆောင်လာနိုင်မှာ ဖြစ်တဲ့အတွက် ဆေးဖြတ်ပြီးတာနဲ့ ကိုယ်ဝန်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

(၂) STIs ရောဂါတွေကို ကာကွယ်ပေးတယ်

contraceptive pills

Photo : Newsweek

ဒါကလည်း အမှားကြီးတစ်ခုပါပဲ။ တားဆေးတွေဟာ ကွန်ဒုံးနည်းတူ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ်ပေးတယ်ဆိုပေမယ့်လို့ လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) ကိုတော့ ကာကွယ်မပေးနိုင်ပါဘူး။ သန္ဓေတားဆေးပုံစံ အမျိုးမျိုးရှိပြီး ၎င်းတို့အားလုံးဟာ လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါအားလုံးကို ကာကွယ်ဖို့အတွက် လုံးဝ အသုံးမဝင်ပေ။

(၃) ကိုယ်အလေးချိန် တက်လာနိုင်တယ်

 contraceptive pills

Photo : Body+Soul

တားဆေး သောက်ရင် ဝိတ်တက်လာမယ် ၊ ဝလာမယ်လို့ အများစု ပြောကြပါတယ်။ တကယ်တော့ ဒါဟာလည်း အရပ်စကားတစ်ခုပါပဲ။ တားဆေးနဲ့ ကိုယ်အလေးချိန်တိုးခြင်းကြား ဆက်စပ်မှုကို မည်သည့် သုတေသနပြုချက်တွေကမှ သက်သေပြထားခြင်း မရှိသေးပါဘူး။

(၄) လိင်စိတ်ဆန္ဒကို ထိခိုက်စေတယ်

contraceptive pills

Photo : Health

တားဆေး သောက်နေတဲ့ အမျိုးသမီးတွေဟာ လိင်စိတ်ဆန္ဒတက်ကြွမှု ၊ လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု နည်းပါးတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းစွာ သိမှတ်မှားနေတဲ့ အမှားတစ်ခုပါပဲ။ တားဆေးတွေဟာ လူတစ်ယောက်ရဲ့ လိင်စိတ်ဆန္ဒကို အပြောင်းအလဲ မဖြစ်စေနိုင်ပါဘူး။

(၅) အသက်ကြီးတဲ့ အမျိုးသမီးတွေ တားဆေးဖြတ်နိုင်တယ်

contraceptive pills

Photo : Verywell Health

အမျိုးသမီးတွေဟာ အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ ဒါပေမယ့် ကိုယ်ဝန်လုံးဝမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ဒါကြောင့် အသက်ကြီးတဲ့ အမျိုးသမီးတွေအနေနဲ့လည်း သွေးမဆုံးခင်အထိ သင့်လျှော်တဲ့ တားဆေး မှီဝဲဖို့ရန်အတွက် နားလည်တက်ကျွမ်းတဲ့ မီးယပ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

Source : Healthshots

Featured Photo : Medical News Today