ကိုယ့်ပစ္စည်း အရွယ်အစားနဲ့ ကိုယ် အားမရတဲ့ ဘီးကျဲ တစ်ချို့ရှိပါတယ်။ ကြီးကြီးလေးမှ ချစ်တင်းနှော ချင်တာဆိုပြီး ကိုယ့် ဆိုဒ်နဲ့ကိုယ် အားမရ ဖြစ်နေကြတာပါ။ တစ်ဖက်ကလည်း ကိုယ့်ပါတနာက ကိုယ့်အရွယ်အစားကြောင့် စိတ်ပျက်သွားမှာကို စိုးရိမ်နေတာလည်း ပါပါတယ်။ ကြီးကြီးလေးမှ ချစ်တင်းနှော ချင်တာဆိုသူတွေအတွက် သဘာဝ နည်းလမ်းများနဲ့ ကြီးလာအောင် ပြုလုပ်နိုင်သလို ခွဲစိတ် ပြုပြင်ပြီးလည်း ကြီးလာအောင် ဖန်တီးနိုင်ပါတယ်။

သဘာဝ နည်းလမ်းများကတော့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းအပြင် အခြားသော နှိပ်နယ်ပေးခြင်း နည်းလမ်းများဖြင့် ကြီးလာအောင် ဖန်တီးနိုင်ပါတယ်။ ထိုနည်းလမ်းများကတော့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ နောက်ထပ် ကြီးကြီးလေး ဖြစ်လာမှ ချစ်တင်းနှော မယ်ဆိုတဲ့ သူတွေအတွက် အမြန်ဆုံး နည်းလမ်းကတော့ ခွဲစိတ် ပြုပြင်လိုက်ခြင်းပါပဲ။

ခွဲစိတ်ပြုပြင်လိုက်ခြင်းဆိုတာ

penis enlargement

ကွီးတို့ ညီလေး ကြီးလာအောင် ခွဲစိတ် ပြုပြင်ခြင်းကလည်း အသေးအဖွဲလေးတော့မဟုတ်ပါဘူး။ အရဲစွန့်ပြီး ကြောက်တတ်တဲ့ စိတ်ကို ဖျောက်ဖျက်ပစ်ဖို့ လိုပါတယ်။

ခွဲစိတ်ပြုပြင်တဲ့အခါမှာ အဆင့် (၃) ဆင့်ရှိပါတယ်။

ပထမအဆင့်ကတော့ ကွီးတို့ ညီလေးရဲ့ အရွယ်အစားကို ရှည်လာအောင် ခွဲစိတ်လိုက်ခြင်းပါပဲ။

ထိုမှတဆင့် ဒုတိယအနေနဲ့ ညီလေးရဲ့ လုံးပတ်ကို တုတ်တုတ်ခိုင်ခိုင် ဖြစ်လာအောင် ဖန်တီးယူခြင်းပါ။

နောက်တစ်ခုကတော့ ညီလေး ကြီးသယောင် ပေါ်အောင် ဝမ်းဗိုက်က အဆီများကို စုပ်ထုတ်ခြင်းပဲဖြစ်ပါတယ်။

ဘယ်သူတွေက ဒီလိုမျိုး ခွဲစိတ် ပြုပြင်သင့်သလဲ

ချစ်တင်းနှော ခွဲစိတ်

တချို့တွေက မဖြစ်မနေ ခွဲစိတ်ပြုပြင်မှု လိုအပ်တဲ့ သူတွေ ရှိပါတယ်။ ဘယ်လိုမျိုး လူတွေလဲဆိုတော့ မတ်တပ်ရပ်ပြီး အပေါ့ မသွားနိုင်တဲ့ သူများနှင့် ချစ်တင်းနှော နေစဥ်အတွင်း ညီလေး မထောင်မတ်လာနိုင်သူများပဲ ဖြစ်ပါတယ်။ ထိုသူများကတော့ ညီလေးရဲ့ လုပ်ငန်းဆောင်တာများ ကောင်းစွာ မလုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် စိတ်ညစ်နေရသူများပဲ ဖြစ်ပါတယ်။ ထိုသူတွေအတွက် ဒီလိုမျိုး ခွဲစိတ် ပြုပြင်မှုက မဖြစ်မနေ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် တချို့တွေကတော့ မလိုအပ်ဘဲနဲ့ ကိုယ့် ဆိုဒ်နဲ့ကိုယ် စိတ်မဝင့်မရဲ ဖြစ်နေတဲ့သူတွေကလည်း ဒီလိုမျိုး ခွဲစိတ်မှုကို လုပ်ယူကြပါတယ်။

ကိုယ့် ပစ္စည်း ကြီးလာဖို့ ခွဲစိတ် ပြုပြင်လိုက်တဲ့အခါ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုးတွေရာ ရှိသလား

ချစ်တင်းနှော ခွဲစိတ်

ကောင်းကျိုးကို အရင်စပြောရမယ်ဆိုရင်တော့ ကွီးတို့ ညီလေးက အရွယ်အစား ကြီးလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုမိုရှိလာမှာပဲဖြစ်ပါတယ်။

ဆိုးကျိုးတွေကတော့ များပါတယ်။

  • ပိုးဝင်နိုင်ခြင်း
  • ရလဒ်ကို မကျေနပ်နိုင်ဖြစ်နေခြင်း
  • ထုံဆေးကြောင့် နောက်ဆက်တွဲ အာရုံခံစားမှု လျော့ကျနိုင်ခြင်း
  • ပန်းသေ သွားခြင်း
  • အမာရွတ်ကျန်ခဲ့ခြင်း
  • ရောင်ရမ်းခြင်း
  • ညီလေးက အာရုံခံစားနိုင်ခြင်း မရှိတော့ခြင်း (သို့) မခံမရပ်နိုင်အောင် နာကျင်ခြင်း

အစရှိတဲ့ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

ဒါဆိုရင် ကွီးတို့ရော ကိုယ့်ပစ္စည်း ကြီးလာဖို့ ခွဲစိတ်ပြုပြင်ချင်စိတ် ရှိသေးရဲ့လား။

Source: My.clevelandclinic.org

Featured Image: Candanmezili