ကွီးတို့ရဲ့ လက်ပ်တော့ကို စားပွဲခုံပေါ် တင်မသုံးဘဲ ပေါင်ပေါ် တင်သုံးနေမိပြီလား။ Laptop ကို နေရာမှန်မှန် ထားမသုံးဘူးဆိုရင်တော့ ကွီးတို့ ချစ်တင်းနှော လို့ မရတော့ဘဲ နေပါလိမ့်မယ်။ အထူးသဖြင့် ကလေးယူဖို့ စိုင်းပြင်းနေတဲ့ ကွီးတို့အတွက်တော့ နောင်တအကြီးအကျယ် ရသွားစေနိုင်တဲ့ အကျင့်တစ်ခုပဲဖြစ်ပါတယ်။

ဘာ့ကြောင့် Laptop ကို ပေါင်ပေါ်မှာ တင်သုံးရင် ချစ်တင်းနှော လို့ မရတော့ဘူးလဲဆိုတာ ကွီးတို့ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

လက်ပ်တော့က ထွက်တဲ့ အပူက ကောင်းကောင်းကြီး ဒုက္ခပေးတယ်

လက်ပ်တော့

၂၀၀၅ ခုနှစ်က သိပ္ပံပညာရှင်များရဲ့ သုတေသန လေ့လာချက်အရ လက်ပ်တော့က ထွက်တဲ့ အပူသည် ကွီးတို့ကြက်ဥ နှစ်လုံးရဲ့ အပူချိန်ကို တိုးမြှင့်သွားစေပြီး အရေပြားကိုလည်း ပူလောင်လာစေပါတယ်။ ကြက်ဥထဲမှာ သိုလှောင်ထားတဲ့ သုတ်ပိုး အရေအတွက်သည်လည်း ကျဆင်းသွားပြီး သေဆုံးသွားတာမျိုးလည်း ဖြစ်ပွားတတ်ပါတယ်။

လျှပ်စစ် သံလိုက်လှိုင်းတွေကလည်း ကွီးတို့ညီလေးအတွက် ရန်သူတော်ကြီးပါပဲ

Laptop ချစ်တင်းနှော

လျှပ်စစ် သံလိုက်လှိုင်းတွေသည် မမြင်ရတဲ့ စွမ်းအင်အမျိုးအစားတစ်မျိုးဖြစ်ပြီး လျှပ်စစ်လှိုင်းနဲ့ သံလိုက်လှိုင်းတို့ ပေါင်းစပ်ရာကနေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ လက်ကိုင်ဖုန်းနှင့် မိုက်ခရိုဝေ့ဗ်တွေကနေလည်း လျှပ်စစ်သံလိုက်လှိုင်းများ ထွက်ပေါ်လေ့ရှိပါတယ်။ X-rays ရိုက်ခြင်းကနေလည်း စွမ်းအား အလွန်မြင့်မားတဲ့ လျှပ်စစ်သံလိုက်လှိုင်းများ ထွက်ပေါ်လာတတ်ပြီး ခန္ဓာကိုယ်ထဲရှိ DNA ဆဲလ်များကို ပြောင်းလဲဿွားစေပြီး ကင်ဆာရောဂါ ဖြစ်ပွားဖို့အတွက် တွန်းပို့နေတတ်ပါတယ်။ ဒါ့အပြင် အမျိုးသားထုကြီးရဲ့ ဖွားဖက်တော်ထဲက သုတ်ပိုးအရေအတွက်ကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။

ဒါ့အပြင် Wi-Fi ကနေ ထွက်ရှိတဲ့ လျှပ်စစ်သံလိုက်လှိုင်းသည်လည်းပဲ အမျိုးသားထုကြီးအတွက် အလားတူ အန္တရာယ် ဖြစ်စေနိုင်ပါသေးတယ်။

Laptop ကို ပေါင်ပေါ် တင်သုံးတဲ့အခါ ချစ်တင်းနှော ခြင်းကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ

Laptop ချစ်တင်းနှော

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်တော့ ဒီလိုမျိုး လက်ပ်တော့ကို ပေါင်ပေါ် တင်ထားတဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်သင့်ပါတယ်။

ကွီးတို့ရဲ့ သုတ်ပိုး ကွာလတီကို တိုးမြှင့်ချင်တယ်ဆိုရင်တော့ ချွေးထုတ်ခန်းသွားပြီး အပူနဲ့ များများ ထိတွေ့ခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။​​ ဒါ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးပြီး သက်သာချောင်ချိတဲ့ အောက်ခံ ဘောင်းဘီများကို ဝတ်ဆင်ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ကိုယ်တိုင်ရော လက်ပ်တော့ကို ပေါင်ပေါ်မှာ ထားကာ အလုပ်လုပ်နေတုန်းလား။

Source: Verywellhealth

Featured Image: Pigtou