နည်းပညာ တွေ တစ်ဟုန်ထိုး တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ နည်းပညာနဲ့ ပတ်သက်တဲ့ Skills တွေ တစ်ခုမှ မတတ်မြောက်ထားဘူးဆိုရင်တော့ ကွီးတို့က တော်တော်လေး နောက်ကောက်ကျသွားပါပြီ။ အခုလို ခေတ်ကြီးထဲမှာ အခြေခံ ကျတဲ့ နည်းပညာ Skills တွေသည် မဖြစ်မနေ တတ်ထားသင့်ပါတယ်။ ဒါမှသာ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုမို များပြားလာမှာဖြစ်ပြီး ကွီးတို့သည် မသမာသူတွေရဲ့ နည်းပညာကို အသုံးချပြီး ဒုက္ခပေးခံရတာတွေ မကြုံရမှာ ဖြစ်ပါတယ်။
ကွီးတို့ သိထားရင် အရှုံးမရှိမယ့် အခြေခံ နည်းပညာ Skills တွေကတော့ အခုဖော်ပြပေးမယ့် အရာများပဲဖြစ်ပါတယ်။
အီးမေးလ် ပေးပို့ခြင်း
လုပ်ငန်းခွင် ဝင်ပြီဆိုတာနဲ့ အီးမေးလ် ပေးပို့ခြင်း၊ အပြန်အလှန် လုပ်ငန်းပိုင်းဆိုင်ရာ စာဖိုင်များ ပေးပို့ခြင်းသည် အခြေခံ ပြုလုပ်ရမယ့် အချက်များပဲဖြစ်ပါတယ်။ ကွီးတို့ ကုမ္ပဏီရဲ့ ပေါ်လစီပေါ် မူတည်ပြီး အသုံးပြုရမယ့် ပလက်ဖောင်းများကလည်း ကွာခြားသွားပါလိမ့်မယ်။ အီးမေးလ် ပေးပို့တဲ့အခါမှာလည်း လိုအပ်တဲ့ အင်္ဂလိပ် စကေးများကိုလည်း ဖြည့်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကိုယ် ပေးချင်တဲ့ မက်ဆေ့ချ်ကို ထိရောက်စွာ ပေးနိုင်မှာပါ။
Software များကို Install ပြုလုပ်ခြင်းနှင့် Update တင်ခြင်း
ယနေ့ခေတ်မှာ Software များကို Install ပြုလုပ်တဲ့အခါမှာ သေသေချာချာ ဂရုစိုက်ဖို လိုအပ်ပါတယ်။ မသမာသူတွေက ကွီးတို့ Install လုပ်လိုက်တဲ့ Software ကနေ ကွီးတို့ရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို ရရှိနိုင်သွားလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ Software များကို Install ပြုလုပ်တော့မယ် Update တင်တော့မယ်ဆိုရင် သူ့ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်သို့ သွားကာ ဒေါင်းလုတ်ဒ် ရယူပြီး Install ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
စာစီစာရိုက်နှင့် ဓာတ်ပုံများ ပြုပြင်ခြင်း
ယနေ့ခတ်မှာ Microsoft Office သည် မတတ်မဖြစ် တတ်ကျွမ်းထားသင့်တဲ့ အခြေခံ နည်းပညာ Skills ပဲဖြစ်ပါတယ်။ ရုံးကိစ္စတွေ ပြုလုပ်ရတဲ့အခါ မိတ္တူဆိုင်ပဲ ပြေးနေရမယ်ဆိုရင်တော့ အချိန်ကုန်ပြီး ပိုက်ဆံလည်း ကုန်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီလိုမျိုး အခြေခံစာစီစာရိုက် ပြုလုပ်ခြင်းနဲ့ Microsoft PowerPoint Presentation ပြုလုပ်ခြင်း Microsoft Excel အသုံးပြုခြင်း အစရှိသည်တို့ကို မတတ်ထားသေးဘူးဆိုရင်တော့ လိုအပ်တဲ့ သင်တန်းများဆီသို့ အမြန်ဆုံးသွားကာ သင်ယူလေ့လာသင့်ပါတယ်။ ဒါ့အပြင် Photoshop ဆိုတာသည်လည်း ယနေ့ခေတ်မှာ လူတိုင်း တတ်ထားသင့်တဲ့အ ခြေခံ နည်းပညာ စကေးပဲဖြစ်ပါတယ်။ ကွီးတို့ ဒီအခြေခံစကေးကို တတ်ထားမှသာလျှင် လုပ်ငန်းခွင်မှာလည်း ပိုမိုအဆင်ပြေပြီး ဒီနေ့ခေတ်လို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ကောင်းစွာ ရှင်သန်နိုင်မှာပါ။
ကွီးတို့ရော ယနေ့ခေတ်အတွက် လိုအပ်တဲ့ အခြေခံ နည်းပညာ စကေးများကို တတ်မြောက်ထားကြရဲ့လား။
Source : Morningcoach
Featured Photo : Medium