ကွီးတို့ အသက်အရွယ် အပိုင်းအခြားက ဘယ်အသက်အရွယ် အပိုင်းအခြားမှာပဲ ရောက်နေပါစေ တူနှစ်ကိုယ် ချစ်တင်းနှော တဲ့အခါမှာ လိုက်နာ အလေးထား သင့်တဲ့ အချက်များရှိပါတယ်။ တူနှစ်ကိုယ် ချစ်တင်းနှော နေစဥ်မှာ ဘေးအန္တရာယ် ကင်းကင်းနဲ့ ချစ်တင်းနှောဖို့ကတော့ အဓိကအရေးကြီးဆုံးပေါ့။
ထိုအချက်အပြင် အခြားသော သိထားသင့်တဲ့ အချက်များလည်း ရှိပါသေးတယ်။ တူနှစ်ကိုယ် ချစ်တင်းနှော တဲ့အခါ ဒီအချက်များကို အလေးထား မှသာလျှင် စိတ်ကြည်နူးချမ်းမြေ့စရာကောင်းတဲ့ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ခန္ဓာကိုယ်အကြောင်း သိနားလည်အောင် ပြုလုပ်ပါ
Photo : Advocate
ကွီးတို့က ချစ်တင်းနှောတဲ့အခါ အချိန်ဘယ်လောက်ကြာအောင် ချစ်တင်းနှောမှ ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝသွားသလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်လိုက်ပြီး ပြုလုပ်စရာရှိတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က အချိန်ကြာကြာ ချစ်တင်းနှောချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သက်လုံကောင်းအောင် လေ့ကျင့်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ကိုယ့်ရဲ့ ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ
Photo : Theasianparent
ရှက်ကြောက်နေရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ရှက်နေတဲ့အခါ ချစ်တင်းနှောတဲ့အခါ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်လာတဲ့အခါ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေမယ့်အစား ကိုယ့်ရဲ့ ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း တိုင်ပင် ပြောဆိုခြင်းအားဖြင့် ကွီးတို့ လိုချင်တဲ့ ပြီးမြောက်မှု အစစ်အမှန်ကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပါ
Photo : Healthline
လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ထဲရှိ Endorphins နှင့် အခြားသော ဟော်မုန်းများကို ထုတ်လွှတ်ပေးပြီး ခန္ဓကိုယ်ရဲ့ အသက်အရွယ် ကြီးရင့်လာမှု ဖြစ်စဥ်ကို နှောင့်နှေး ကြန့်ကြာစေပါတယ်။ ဒါ့အပြင် လိင်မှုကိစ္စ တပ်မက်မှုကိုလည်း ပိုမို လှုံ့ဆော်ပေးနိုင်ပါတယ်။ ချစ်တင်းနှော နေစဥ်မှာလည်း အမောခံနိုင်ပြီး အချိန်ကြာကြာ ချစ်တင်းနှောနိုင်ဖို့ ကူညီပေးပါတယ်။
အသစ်အဆန်းတွေကို လိုက်လုပ်ဖို့ ဝန်မလေးပါနဲ့
Photo : New York Post
လေ့လာစမ်းသပ်ချက်တစ်ခုအရ အသစ်သော အရာတွေကို စူးစမ်းလေ့လာလိုစိတ် ရှိခြင်းသည် အထွတ်အထိပ် ပြီးမြောက်မှုကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လိုအရာမျိုးကို စူးစမ်း လေ့လာရမလဲဆိုတော့ သိုင်းကွက်အသစ်တွေ၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်တင်းနှော နေစဥ်မှာ နည်းလမ်းဟောင်းတွေကိုပဲ အသုံးမပြုဘဲ နည်းလမ်းအသစ်များကို ပြုလုပ်ပေးလိုက်ပါ။ အသစ်အဆန်းတွေ ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ နှစ်ယောက်ရဲ့ ရင်ခုန်သံတွေကို ပိုမို မြန်ဆန်လာစေပြီး ချစ်တင်းနှောတဲ့အခါ ကြည်နူးဖို့ကောင်းတဲ့ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ကွီးတို့ရော တူနှစ်ကိုယ် ချစ်တင်းနှော တဲ့အခါ ဘယ်အချက်တွေကို အလေးထား သင့်တယ်လို့ ထင်ပါသလဲ။
Source : Healthywomen
Featured Photo : Mommymatters